Xiaomi Redmi 9

Price – 179,000 Ks (4/64GB)

အားသာချက်

1080p Display အသုံးပြုထားတာ၊ ကျောဘက်ကင်မရာလေးလုံးပါဝင်တာ၊ 18W မြန်ဆန်တဲ့အားသွင်းစနစ်၊ OTG စနစ်၊ IR စနစ်တွေ ထောက်ပံ့ပါဝင်တဲ့အပြင် ဈေးနှုန်းကလည်း သင့်တင့်မျှတမှု ရှိတာက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

3D ဂရပ်ဖစ်ဂိမ်းတွေ ဆော့ကစားနိုင်မှာ မဟုတ်သလို ကင်မရာစနစ်မှာ night mode စနစ်တွေ မပါဝင်တာက ဒီဖုန်းရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

စွမ်းဆောင်ရည်

  • MediaTek Helio G80 (12 nm) CPU
  • Mali-G52 MC2 GPU
  • 4GB RAM
  • 64GB; microSDXC
  • Android 10, MIUI 11

Redmi 9 မှာ အမြန်နှုန်း 2.0GHz ရှိတဲ့ MediaTek Helio G80 chipset, Mali-G52 MC2 GPU စနစ်၊ RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 64GB ပါဝင်ပြီး Android 10 အခြေခံ MIUI 11 OS စနစ်ကို ထည့်သွင်းအသုံးပြုထားပါတယ်။ Helio G80 Cortex-A75 processor က Snapdragon 665 processor ထက် မြန်ဆန်သလို နေ့စဉ်ဂိမ်းကစားဖို့အတွက် ကောင်းမွန်ပြီး Multi-core စွမ်းဆောင်ရည်ပိုင်းက GeekBench 5.1 (multi-core) ရမှတ် ၁၃၅၀ နဲ့ AnTuTu 8 ရမှတ် ၂၀၀၈၄၈ ရှိပါတယ်။ နေ့စဉ်သုံး လုပ်ငန်းဆောင်တာမျိုးစုံအတွက် ချောမွေ့ကောင်းမွန်မှုရှိသလို Milti task အသုံးပြုတာမျိုး app သုံးတာမျိုးအတွက်လည်း အဆင်ပြေပါတယ်။

လက်ရှိခေတ်စားနေတဲ့ အွန်လိုင်းဂိမ်းတွေကို ချောမွေ့ကောင်းမွန်စွာ ကစားနိုင်မှ ဖြစ်ပေမယ့် 3D ဂရပ်ဖစ်ဂိမ်းတွေလိုမျိုး ဆော့ကစားနိုင်မှာ မဟုတ်ပါဘူး။ အသံထွက်ပိုင်းက ကျယ်လောင်မှုရှိသလို USB On-The-Go စနစ်နဲ့ IR စနစ်တွေ ထောက်ပံ့ပါဝင်တာ ဘတ်ဂျက်ဖုန်းအတွက် ကျေနပ်စရာပါ။ MIUI 11 မှာ Mi Browser, Theme manager, Mi Calculator, FM radio, Mi Mover, Mi Remote စတဲ့ pre-install app တွေနဲ့ Crazy Juicer, Dust Settle နဲ့ Bubble Shooter စတဲ့ ဂိမ်းတွေကို တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Water-drop notch selfie camera
  • 6.53 inches, IPS LCD display
  • 19.5:9 aspect ratio
  • Fingerprint (rear-mounted)
  • 198g

Xiaomi Redmi 9 ရဲ့ ကျောဘက်ကာဗာက ပလတ်စတစ်ဖြစ်ပြီး ရှေ့ဘက် မျက်နှာပြင်ကိုတော့ Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထားပါတယ်။ ကျောဘက်ကာဗာကို နှစ်ရောင်စပ်ပုံစံ ဖန်တီးထားပြီး ဒေါင်လိုက်ကင်မရာသုံးလုံး အောက်ဘက်နားမှာ လက်ဗွေစနစ်ကို ထည့်သွင်းထားပြီး နောက်ထပ် depth ကင်မရာကို LED flash မီးနဲ့ တွဲဖက်ထားတာ သပ်ရပ်မှုရှိပါတယ်။ ရှေ့ဘက်ကင်မရာကိုတော့ ရေစက်ပုံစံ notch ထဲမှာ ထည့်သွင်းဖန်တီးထားပြီး ဖုန်းရဲ့ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် ခလုတ်တွေ ထည့်သွင်းထားပါတယ်။ ​အောက်ဘက်ဘောင်ထဲမှာတော့ နားကြပ်ပေါက်၊ microUSB အားသွင်းပေါက်နဲ့ စပီကာတစ်လုံး တပ်ဆင်ထားပြီး ဘယ်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက်ရှိမှာ ဖြစ်ပါတယ်။ IR remote စနစ်ကတော့ အပေါ်ဘက်ဘောင်ထဲမှာပါ။

ဒီဖုန်းရဲ့ ၆.၅၃ လက်မရှိတဲ့ IPS LCD Display က ရုပ်ထွက်အရည်အသွေး 1080×2340 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၃.၂ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 395 ppi ရှိပါတယ်။ 1080p Fullscreen မျက်နှာပြင်က ရုပ်ထွက်ကာလာ contrast ပိုင်း ကြည်လင်ပြတ်သားမှုရှိပြီး နေရောင်အောက်မှ ာအသုံးပြုတဲ့အခါမှာ Screen ရဲ့ Brightness က ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ကျေနပ်စရာပါ။

ကင်မရာ

  • Standard: 13MP (wide), f/2.2, PDAF
  • 8MP, f/2.2 (ultrawide)
  • 5MP, f/2.4 (macro)
  • 2MP, f/2.4 (depth)
  • Selfie : 8M, f/2.0 (wide)
  • Video : 1080p@30fps
  • LED flash, HDR, Panorama

Redmi 9 မှာ 13MP အဓိကကင်မရာ၊ 8MP ultra-wide ကင်မရာ၊ 5MP macro ကင်မရာနဲ့ 2MP depth ကင်မရာ စုစုပေါင်း ကင်မရာလေးလုံးကို ကျောဘက်မှာ LED flash နဲ့ တွဲပြီး ဒေါင်လိုက်ဒီဇိုင်းနဲ့ ထည့်သွင်းထားပါတယ်။

ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ကင်မရာစနစ်က ကျေနပ်စရာစရာပါ။ ultra-wide ကင်မရာက ၁၁၈ ဒီဂရီ မြင်ကွင်းကျယ် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစွမ်းဆောင်ရည်ပိုင်းက နေ့ပိုင်းအလင်းရောင်ထဲ ရိုက်ကူးမှုအတွက် အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်သလို Pro mode ထောက်ပံ့ပါဝင်တဲ့အတွက် manual အနေနဲ့ ချိန်ညှိရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ညပိုင်း အလင်းအားနည်းတဲ့ အခြေအနေမျိုး ရိုက်ကူးမှုကတော့ ပုံမှန်ရိုက်ကူးမှုအတွက် အနည်းငယ် မှုန်ဝါးမှုရှိမှာဖြစ်သလို night mode သီးသန့်ထောက်ပံ့ပါဝင်မှုလည်း မရှိပါဘူး။ ရှေ့ဘက်မျက်နှာပြင်ထဲက 8MP selfie ကင်မရာကို notch ထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး ကာလာရုပ်ထွက်ပိုင်း ကောင်းမွန်တဲ့ selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တာ သဘောကျစရာပါ။ ကင်မရာစနစ်မှာ PDAF နည်းပညာ ထောက်ပံ့ပါဝင်ပြီး ရှေ့နောက်ကင်မရာ နှစ်ခုစလုံးက 30fps ဗီဒီယိုကို 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပါတယ်။

ဘက်ထရီ

  • Li-Po 5020mAh
  • 18W Fast Charging
  • 2.0, Type-C, USB On-The-Go

ဒီဖုန်းမှာ 5020mAh ပမာဏ ဘက်ထရီကို အသုံးပြုထားပြီး အားသွင်းစနစ်ကတော့ USB Type-C အမျိုးအစား ဖြစ်ပါတယ်။ YouTube ကြည့်တာကိုတော့ ဘက်ထရီနဲ့ ၁၄ နာရီလောက် ကောင်းကောင်းသုံးနိုင်ပြီး ဂိမ်းကစားတာကို ၈ နာရီဝန်းကျင်သုံးနိုင်တာတာ ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် နှစ်သက်စရာပါ။ ဘက်ထရီစနစ်မှာ 18W Quick Charge 3.0 အားသွင်းမြန်ဆန်တဲ့ နည်းပညာထောက်ပံ့ပါဝင်ပြီး ၀-၂၅ ရာခိုင်နှုန်းကို ၃၈ မိနစ်၊ ၀-၅၀ ရာခိုင်နှုန်းကို ၇၂ မိနစ်နဲ့ ၀-၈၀ ရာခိုင်နှုန်းကို ၂ နာရီလောက်ကြာမှာဖြစ်ပါတယ်။ အားပြည့်သွင်းဖို့ဆိုရင်တော့ ၃ နာရီလောက်ကြာမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဈေးအရဆိုရင်တော့ Redmi 9 က သုံးရတာ တော်တော်လေးတန်တယ်လို့ ဆိုရမှာပါ။ ဒီဇိုင်းပိုင်း ဆွဲဆောင်မှုရှိသလို ဈေးနှုန်းတူ ပြိုင်ဘက်မော်ဒယ်တွေမှာ မပါဝင်တဲ့ ကျောဘက်ကင်မရာလေးလုံး ပါဝင်တာ၊ 1080p Display , 18W Quick Charging , USB OTG နဲ့ IR စနစ်တွေထောက်ပံ့ပါဝင်တာက သဘောကျစရာပါ။ ကင်မရာစနစ်က ဘတ်ဂျက်ဖုန်းတစ်လုံးထက် ပိုမိုတယ်လို့ ခံစားရမှာဖြစ်ပေမယ့် night mode သီးသန့်ထောက်ပံ့ ပါဝင်မှု မရှိတာကတော့ အားနည်းချက်လို ဖြစ်နေတာက လွဲရင် မိမိအနေနဲ့ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ကင်မရာ၊ ဘက်ထရီနဲ့ Display ပိုင်းကောင်းသလို စွမ်စုံသုံး ဈေးနှုန်းသင့်တဲ့ ဘတ်ဂျက်ဖုန်းကို ဝယ်ယူချင်ရင်တော့ ဒီဖုန်းက ထိပ်တန်းရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးလို့ ဆိုချင်ပါတယ်။

Display
Performance
Camera
Battery
Hand On
Over All