Xiaomi Redmi 8A

Price : 159,000 Ks

အားသာချက်

ကောင်းမွန်တဲ့ ကင်မရာ၊ ကြာကြာအသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်နဲ့ ဒီဇိုင်းပိုင်း ဆွဲဆောင်မှုရှိတာတွေက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ ပေးရတဲ့ဈေးနဲ့ဆိုရင် စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်သလို USB Type-C အသုံးပြုထားက နှစ်သက်စရာပါ။

အားနည်းချက်

လက်ဗွေစနစ်တော့ ထောက်ပံ့ပါဝင်မှု မရှိပါဘူး။ ကင်မရာစနစ်က နေ့ဘက်ရိုက်ကူးမှုအတွက် ကောင်းမွန်လှပေမယ့် အလင်းအားနည်းတဲ့ low-light ရိုက်ကူးမှုပိုင်းကတော့ အနည်းငယ် အားနည်းတယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက MIUI ads တွေ အများကြီးဝင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

စွမ်းဆောင်ရည်

ဒီဖုန်းမှာ သူ့အရင်ဗားရှင်း Redmi 7A မှာပဲသုံးခဲ့တဲ့ မြန်ဆန်တဲ့ CPU စနစ်ကိုပဲ အသုံးပြုထားတာ တွေ့ရပါတယ်။ အမြန်နှုန်း 2.1 GHz ရှိတဲ့ 12nm အမျိုးအစား Qualcomm SDM439 Snapdragon 439 CPU ကို အသုံးပြုထားပြီး RAM အနေနဲ့ 2GB နဲ့ သိုလှောင်နိုင်မှုပမာဏ 32GB ပါဝင်ပါတယ်။ Android 9 အခြေခံထားတဲ့ MIUI 10 ကို အသုံးပြုထားပြီး လက်ဗွေလုံခြုံရေးစနစ် မပါဝင်ပေမယ့် မြန်ဆန်တဲ့ မျက်နှာပြင်နဲ့ ဖုန်းကို unlocl လုပ်နိုင်တဲ့ Face Unlock စနစ် ထောက်ပံ့ပါဝင်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ကိုယ်ထည်တည်ဆောက်ထားမှုက လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်ရှိပြီး လက်တစ်ဖက်တည်း ကိုင်တွယ်အသုံးပြုမှုကလည်း ကျေနပ်စရာပါ။ ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်ကို အသံ အတိုးအကျယ် ခလုတ်ရဲ့ အောက်ဘက်နားမှာ တပ်ဆင်ထားပြီး USB အားသွင်းပေါက်ရဲ့ ဘေးတစ်ဘက်တစ်ချက်စီမှာ စပီကာနဲ့ နားကြပ်ပေါက်ကို ထည့်သွင်းထားပါတယ်။ ရှေ့ဘက်ကင်မရာကို notch ထဲမှာထည့်သွင်းထားပြီး ကျောဘက်ကင်မရာရဲ့ အောက်ဘက်မှာ LED flash မီးကို ထည့်သွင်းထားပါတယ်။ အလေးချိန်ကတော့ မပေါ့မလေးနဲ့ ကိုင်ရတာ ကောင်းမွန်မှုရှိပါတယ်။၆.၂ လက်မရှိတဲ့ မျက်နှာပြင်က IPS LCD Display က 720×1520 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုရာခိုင်နှုန်းကတော့ ၈၁.၃ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19:9 ရှိပါတယ်။

ကင်မရာ

ကျောဘက်မှာ aperture f/1.8 ရှိတဲ့ 12MP ကင်မရာ တပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာကတော့ aperture f/2.0 ရှိတဲ့ 8MP ကင်မရာအမျိုးအစားဖြစ်ပါတယ်။ ကင်မရာအတွက် Dual PDAF စနစ်နဲ့ AI စနစ်တွေထောက်ပံ့ပါဝင်ပြီး AF စနစ်က မြန်ဆန်ကောင်းမွန်သလို ပရော်ဖက်ရှင်နယ်ဆန်ဆန် Pro mode အနေနဲ့လည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Indoor နဲ့ Outdoor ပုံတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်သလို 30fps ဗီဒီယိုကို 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

ကြီးမားတဲ့ 5000mAh ပမာဏ ဘက်ထရီက HD ဗီဒီယိုစမ်းသပ် မှုကို ၁၆ နာရီနဲ့ ၃၁ မိနစ်ခန့် အသုံးပြုနိုင်ပြီး ကင်မရာအသုံးပြုမှု၊ အွန်လိုင်းမြေပုံစနစ်နဲ့ အခြား benchmark စမ်းသပ်ချက်တွေကို ၂ နာရီကြာစမ်းသပ်မှုမှာ ၅ဝ ရာခိုင်နှုန်းကျော်ကျော် ကျန်ပါသေးတယ်။ 10W မြန်ဆန်တဲ့ အားသွင်းစနစ်ကလည်း မိနစ် ၃ဝ အတွင်းမှာ ၂၅ ရာခိုင်နှုန်းလောက်ကို အားသွင်းပေးနိုင်သလို ၄၆ ရာခိုင်နှုန်းကို တစ်နာရီတွင်း သွင်းပေးနိုင်မှာဖြစ်ပါတယ်။ ပုံမှန်အသုံးပြုမှုအတွက် ဘက်ထရီနဲ့ကို တစ်ရက်ခွဲခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

သုံးသပ်ချက်

Xiaomi Redmi 8A က entry-level အတွက် ပေးရတဲ့ဈေးနဲ့ တန်အောင်သုံးရမယ့် စမတ်ဖုန်းတစ်လုံးဖြစ်ပြီး သူ့ရဲ့ မော်ဒန်ဒီဇိုင်းကလည်း ဆွဲဆောင်မှုအပြည့်ရှိတယ်လို့ ဆိုရမှာပါ။ ပုံမှန်ရှိသင့်တဲ့ စွမ်းဆောင်ရည်ထက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှုတွေက စိတ်ကျေနပ်စရာ ကောင်းလှပါတယ်။ မြန်ဆန်တဲ့ အားသွင်းစနစ်နဲ့ USB OTG စနစ်တွေ ထောက်ပံ့ပါဝင်ပြီး Type-C သုံးထားတာက entry-level ဖုန်းတစ်လုံးအတွက် တော်တော်လေး ကျေနပ်စရာကောင်းတဲ့အချက်တွေဖြစ်ပါတယ်။ ဈေးကွက်ထဲက ဈေးနှုန်းသိပ်မကွာတဲ့ အခြား entry-level ဖုန်းတွေထက် အားသာချက်တွေ များစွာရှိပေမယ့် fingerprint လက်ဗွေစနစ် မပါဝင်တာနဲ့ MIUI ads တွေ များစွာ ဝင်တာကလွဲရင် ဒီဖုန်းက ဈေးနှုန်းသက်သာသလို ဒီဇိုင်းက လည်းဆွဲဆောင်မှုရှိလှတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်သလို မော်ဒန်ဒီဇိုင်းရှိတဲ့ entry-level စမတ် ဖုန်းကို ကိုင်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

GSM
LTE
SIM Dual SIM
Display  IPS LCD capacitive touchscreen, 6.2 inch HD+ Dot Drop
OS Android 9.0 (Pie); MIUI 10
CPU Qualcomm SDM439 Snapdragon 439 (12 nm)
GPU  Adreno 505
Camera 12 MP (f/1.8), Dual PDAF, LED flash, HDR; Front 8MP (f/2.0)
Internal 32 GB; RAM 2 GB, microSD, up to 512 GB
Battery Li-Po 5000 mAh
Others Wi-Fi 802.11 b/g/n, Bluetooth 4.2, Face Unlock, OTG, Fast battery charging 18W
Display
Performance
Camera
Battery
Hand on
Over all

-ရဲထွဋ်ဝင်း