Xiaomi Redmi 7A

Price : 139,000 Ks (RAM 2GB/16GB ROM)

အားသာချက်

ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းသစ် ဘတ်ဂျက်စမတ်ဖုန်းအမျိုးအစား ဖြစ်ပေမယ့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်တွေက ဒီဖုန်းရဲ့ အားသာချက်တွေပါ။ entry-level ဖုန်း တွေထဲမှာ ကင်မရာအထူးကောင်းမွန်တဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

အားနည်းချက်

Display ရဲ့ တောက်ပမှုပိုင်းက ဒီထက် ပိုမိုကောင်းမွန်သင့်သလို နေ့ဘက်ရိုက်ကူးမှုပိုင်းမှာ အထူးကောင်းမွန်လှတဲ့ ကင်မရာစနစ်က Low-light ရိုက်ကူးမှုပိုင်းမှာ ဒီထက်ပိုကောင်းမယ် ဆိုရင်တော့ အတိုင်းအထက်အလွန် ကျေနပ်စရာကောင်းမှာဖြစ်ပါတယ်။ မြန်ဆန်တဲ့ ဘက်ထရီအားသွင်းစနစ် ပါ၀င်ပေမယ့် အရမ်းမြန်တယ်လို့ မခံစားရပါဘူး။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ကိုယ်ထည်ဒီဇိုင်းက ဆွဲဆောင်မှုရှိသလို လက်ထဲမှာ ကိုင်ရတာ ကျစ်လျစ်မှုရှိပြီး အလေးချိန်လည်း အနည်းငယ်ရှိတယ်လို့ ခံစားရပါတယ်။ ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်ထဲမှာပဲ ပါ၀ါနဲ့ အသံအတိုးအကျယ် ခလုတ်တွေကို တပ်ဆင်ထားပါတယ်။ ဒီဖုန်းက တော်ရုံတန်ရုံ ရေစင်တာမျိုးလောက်ကိုလည်း ခံနိုင်ရည်ရှိတယ်လို့ Xiaomi က ဆိုထားပါတယ်။

၅.၄၅ လက်မရှိတဲ့ IPS LCD အမျိုးအစား မျက်နှာပြင်က 720×1440 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ရ၄.၄ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 18:9 ရှိတဲ့ မျက်နှာပြင်ဖြစ်ပါတယ်။ အလေးချိန် ၁၆၅ ဂရမ် ရှိပါတယ်။

စွမ်းဆောင်ရည်

အမြန်နှုန်း 2.0 GHz ရှိတဲ့ Qualcomm Snapdragon 439 Octa-core processor ကို ဒီဖုန်းမှာအသုံးပြုထားပြီး RAM အနေနဲ့ 2GB နဲ့ သိုလှောင်နိုင်မှုပမာဏ 16 GB ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 505 GPU ထောက်ပံ့ပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သလို စပီကာပိုင်းက အသံထွက် ကျယ်လောင်မှုရှိပါတယ်။ Android 9.0 (Pie) အခြေပြု MIUI 10.2.7 အသုံးပြုထားပြီး စုံလင်လှတဲ့ လုပ်ဆောင်ချက်တွေအပြင် မျက်နှာဖြင့် ဖုန်းကို unlock လုပ်နိုင်တဲ့ Face unlock လည်း ထောက်ပံ့ပါ၀င်ပါတယ်။ Entry-level ဖုန်းဖြစ်ပေမယ့် ဂိမ်းကစားမှုပိုင်းလည်း အဆင်ပြေချောမွေ့မှုရှိတာ ကျေနပ်စရာပါ။

ကင်မရာ

ကျောဘက်မှာ Apeature f/2.2 ရှိတဲ့ အမျိုးအစား 12MP ကင်မရာကို တပ်ဆင်ထားပြီး ရှေ့ဘက်ကတော့ Apeature f/2.2 ရှိတဲ့ 5MP ကင်မရာကို အသုံးပြုထားတာဖြစ်ပါတယ်။ ကင်မရာစနစ်မှာ AI နည်းပညာထောက် ပ့ံပါ၀င်ပြီး နေ့ဘက်ရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးရှိပေမယ့် ညပိုင်းရိုက်ကူးမှုမျိုးမှာတော့ ဓာတ်ပုံရဲ့ကာလာပိုင်းမှန်ကန်ကောင်းမွန်ပေမယ့် Focus ပိုင်း ကြည်လင် ပြတ်သားမှု အားနည်းတယ်လို့မြင်ပါတယ်။

30/60fps ဗီဒီယိုကို 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစနစ်မှာ PDAF၊ LED flash နဲ့ HDR စနစ်တွေ ထောက်ပံ့ပါ၀င်ပါတယ်။

ဘက်ထရီ

Li-Po 4000mAh ပမာဏဘက်ထရီက ဂိမ်းကြီးတွေမကစားဘဲ ပုံမှန်အသုံးပြုမှုကို ၂ ရက်နီးပါး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီပမာဏက ဘတ်ဂျက်ဖုန်းထဲမှာ ဆိုရင်တော့ အချိန်ကြာကြာအသုံးပြုနိုင်တဲ့ ဘက်ထရီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘက်ထရီစနစ်အတွက် 10W Fast Charging အားသွင်းမြန်ဆန်တဲ့စနစ် ထောက်ပံ့ပါ၀င်ပေမယ့် ဘက်ထရီ ၁၀၀ ရာခိုင်နှုန်း ပြည့်ဖို့ကတော့ ၃ နာရီဝန်းကျင်လောက်ကြာမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ငွေကျပ်တစ်သိန်းခွဲအောက် Entry-level ဖုန်းကောင်းကောင်း ပြပါဆိုရင်တော့ Redmi 7A ဖုန်းကို ညွှန်းဆိုရမှာပါ။ 4G ကွန်ရက်သုံးနိုင်သလို စွမ်းဆောင်ရည်ပိုင်း၊ ကင်မရာပိုင်းနဲ့ ဘက်ထရီပိုင်းတွေက ပေးရတဲ့ တန်ဖိုးနဲ့ဆိုရင် သုံးရတာတန်တယ်လို့ ခံစားရမှာဖြစ်ပြီး ဒီဇိုင်းပိုင်းက ဆွဲဆောင်မှုရှိသလို ကျစ်လျစ်တဲ့ ကိုယ်ထည်က လက်ထဲမှာကိုင်ရတာ အံဝင်ခွင်ကျရှိတယ်လို့ ခံစားပါတယ်။ ဒီဖုန်းက သူ့အရင်ဗားရှင်းဖြစ်တဲ့ Redmi 6A မှာ အသုံးပြုထားတဲ့ Display ကိုပဲ ပြန်သုံးထားတာဖြစ်တဲ့အတွက် Dispaly ရဲ့ တောက်ပမှုပိုင်းက ဒီနှစ်မော်ဒယ်တွေနဲ့ ယှဉ်ရင် အနည်းငယ် အားနည်းတယ်လို့ဆိုရမှာ ဖြစ်ပေမယ့် စျေးနှုန်းသိပ်မကွာတဲ့ Entry-level ဖုန်းတွေနဲ့ယှဉ်မယ်ဆိုရင်တော့ ကောင်းကောင်းယှဉ်နိုင်တယ် ဆိုရမှာဖြစ်ပါတယ်။ Low-light ရိုက်ကူးမှုပိုင်း အနည်းငယ် အားနည်းတာကလွဲရင် သူ့စျေးနဲ့ဆိုရင်တော့ ကင်မရာစနစ်က ကျေနပ်စရာ ကောင်းနေပါသေးတယ်။ မိမိအနေနဲ့ စျေးသက်သာပြီး စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်တဲ့ Entry-level ဖုန်းတစ်လုံးကို ကိုင်ချင်တယ်ဆို ရင်တော့ Redmi 7A ဖုန်းက ထိပ်တန်းရွေးချယ်စရာတွေထဲက တစ်လုံးဖြစ် ပါတယ်။

GSM 4G LTE
SIM Dual SIM (Nano-SIM, dual stand-by)
Display IPS LCD capacitive touchscreen, 5.45 inches (18:9 ratio)
OS Android 9.0 (Pie); MIUI 10.2.7
CPU Octa-core (2×2.0 GHz Cortex-A53 & 6×1.45 GHz Cortex A53)
GPU Adreno 505
Camera 12MP (f/2.2), PDAF, LED flash, HDR; Front 5MP (f/2.2) Front Motorized pop-up 20MP
Internal 16 GB; RAM 2 GB
Battery Non-removable Li-Po 4000 mAh
Others Wi-Fi 802.11 a/b/g/n, Bluetooth 4.2, Splash resistant, 10W Fast battery charging,
Display
Performance
Camera
Battery
Hand on
Over all