
Price : 132,000 Ks (RAM 3GB/32GB ROM)
အားသာချက်
ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းသစ်၊ ဗီဒီယိုကြည့်ရှုဖို့အတွက် ကောင်းမွန်တဲ့ Display နဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်တွေက ဘတ်ဂျက်စမတ်ဖုန်းအမျိုးအစား ဖြစ်တဲ့ ဒီဖုန်းရဲ့ အားသာချက်တွေလို့ ဆိုရမှာပါ။
အားနည်းချက်
ကင်မရာက နေ့ခင်းပိုင်းရိုက်ကူးမှုမှာ ကောင်းမွန်လှပေမယ့် အလင်းအားနည်းတဲ့ Low-light ရိုက်ကူးမှုတွေ အတွက်ကတော့ ဒီထက် ပိုကောင်းသင့်တယ်လို့မြင်ပါတယ်။ နောက်ပြီး သူ့ရဲ့ MIUI စနစ်မှာ ကြော်ငြာတွေ ပါဝင်လာတာတွေက ဒီဖုန်းရဲ့ အားနည်းချက်လို့ဆိုရမှာ ဖြစ်ပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
လက်ထဲမှာ ကိုင်ရတာ အံဝင်ခွင်ကျရှိသလို ဒီဇိုင်းကလည်း ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းလို့ ပြောလို့ရပါတယ်။ ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်ထဲမှာပဲ ပါဝါနဲ့ အသံအတိုးအကျယ် ခလုတ်တွေကို တပ်ဆင်ထားပြီး ကျောဘက်ကင်မရာကိုတော့ ဘယ်ဘက် အပေါ်ထောင့်နားမှာ တပ်ဆင်ထားတာဖြစ်ပါတယ်။ ကင်မရာရဲ့အောက်ဘက်မှာ LED flash မီးကို ဒေါင်လိုက်ပုံစံ ထည့်သွင်းထားပါတယ်။
၅.၄၅ လက်မရှိတဲ့ IPS LCD အမျိုးအစား IPS LCD display မျက်နှာပြင်က 720×1440 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ၇၄.၄ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 18:9 ရှိတဲ့ မျက်နှာပြင်ဖြစ်ပါတယ်။ အလေးချိန် ၁၆၅ ဂရမ်ရှိပါတယ်။ ဘတ်ဂျက် ဖုန်းတစ်လုံးအတွက် အဆင်ပြေတဲ့ မျက်နှာပြင်လို့ ဆိုရမှာပါ။
စွမ်းဆောင်ရည်
အမြန်နှုန်း 2.0 GHz ရှိတဲ့ Qualcomm SDM439 Snapdragon 439 Octa-core processor ကို ဒီဖုန်းမှာအသုံးပြုထားပြီး RAM အနေနဲ့ 3GB နဲ့ သိုလှောင်နိုင်မှုပမာဏ 32 GB ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 505 GPU ထောက်ပံ့ပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သလို စပီကာပိုင်းလည်း အသံထွက် ကျယ်လောင်မှုရှိပါတယ်။ Android 9.0 (Pie) အခြေပြု MIUI 10.2.7 အသုံးပြုထားပြီး စုံလင်တဲ့ လုပ်ဆောင်ချက်တွေအပြင် မျက်နှာနဲ့ ဖုန်းကို unlock လုပ်နိုင်တဲ့ Face unlock လည်းထောက်ပံ့ပါဝင်ပါတယ်။
ကင်မရာ
ကျောဘက်မှာ Apeature f/2.2 ရှိတဲ့ အမျိုးအစား 13MP ကင်မရာကို တပ်ဆင်ထားပြီး ရှေ့ဘက်ကတော့ Apeature f/2.2 ရှိတဲ့ 5MP ကင်မရာကို အသုံးပြုထားတာဖြစ်ပါတယ်။ ကင်မရာစနစ်မှာ AI နည်းပညာ ထောက်ပံ့ပါဝင်ပြီး နေ့ဘက်ရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးရှိပေမယ့် ညပိုင်းရိုက်ကူးမှုမျိုးမှာတော့ ဓာတ်ပုံရဲ့ ကာလာပိုင်း မှန်ကန်ကောင်းမွန်ပေမယ့် Focus ပိုင်း ကြည်လင်ပြတ်သားမှု အားနည်းတယ်လို့မြင်ပါတယ်။
30fps ဗီဒီယိုကို 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစနစ်မှာ PDAF၊ LED flash နဲ့ HDR စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။
ဘက်ထရီ
Li-Po 4000mAh ပမာဏဘက်ထရီက HD ဗီဒီယို ဆက်တိုက် ကြည့်ရှုမှုကို ၁၇ နာရီနဲ့ ၉ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီပမာဏက ဘတ်ဂျက်ဖုန်းထဲမှာ ဆိုရင်တော့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီလို ဆိုရမှာဖြစ်တဲ့အပြင် တစ်နေ့တာအတွက် လုံလောက်မှုရှိတဲ့ ပမာဏလို့ဆိုရမှာ ဖြစ်ပါတယ်။ ဘက်ထရီစနစ်အတွက် 10W Fast Charging အားသွင်းမြန်ဆန်တဲ့စနစ် ထောက်ပံ့ပါဝင်ပါတယ်။
သုံးသပ်ချက်
ဒီဖုန်းက Redmi စီးရီးထဲမှာ တော်တော်လေး ကောင်းတဲ့ဖုန်းလို့ ဆိုလိုရမှာပါ။ ဘာလို့လဲဆိုတော့ သူ့အရင်ထွက်ခဲ့သမျှဖုန်းတွေထက် စွမ်းဆောင်ရည် ပိုကောင်းအောင် ဖန်တီးထားလို့ဖြစ်ပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်း၊ ဒီဇိုင်းပိုင်းနဲ့ ဘက်ထရီနဲ့ ကြာကြာအသုံးပြုနိုင်တာတွေက သူ့ရဲ့ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တော်တော်လေး တန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ 4G စနစ်သုံး ဖုန်းကို ဈေးသက်သက်သာသာ ကိုင်ချင်သူတွေ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။
GSM | LTE |
SIM | Dual Nano-SIM |
Display | IPS LCD capacitive touchscreen, 5.45 inches (18:9 ratio) |
OS | MIUI 10.2.7_Android 9.0 (Pie) |
CPU | Qualcomm SDM439 Snapdragon 439 (12 nm) |
GPU | Adreno 506 |
Camera | 13 MP, f/2.2 + 2MP, PDAF, LED flash, HDR; Front 5 MP, f/2.2 |
Battery | Non-removable Li-Po 4000 mAh |
Internal | 32 GB; RAM 3 GB, microSD, up to 512 GB |
Others | Fast battery charging (10W), Wi-Fi 802.11 b/g/n, Bluetooth 4.2, microUSB 2.0, built-in Antenna |
Display | ![]() |
Performance | ![]() |
Camera | ![]() |
Battery | ![]() |
Hand On | ![]() |
Over All | ![]() |
-ရဲထွဋ်ဝင်း