Xiaomi Redmi 6 Pro ကို ဇြန္ ၂၅ ရက္တြင္ မိတ္ဆက္မည္

ၿပီးခဲ့တဲ့တစ္ပတ္က Redmi 6 နဲ႔ Redmi 6A တို႔ကို မိတ္ဆက္ေၾကညာခဲ့တဲ့ Xiaomi ဟာ တတိယေျမာက္ဖုန္းျဖစ္တဲ့ Redmi 6 Pro ကို ဇြန္လ ၂၅ ရက္မွာ မိတ္ဆက္ေၾကညာသြားမယ္လို႔ သိရပါတယ္။ ဒီအေၾကာင္းကို Xiaomi က Weibo ေပၚမွာ ေဝမွ်ခဲ့တာျဖစ္ပါတယ္။

Weibo ေပၚမွာတင္ခဲ့တဲ့ ပိုစတာက ကမၻာ့ဖလား theme ျဖစ္ပါတယ္။ အဲ့ဒီပိုစတာမွာ 19:9 screen ratio ပါဝင္မယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ဒါဟာ Redmi 6 Pro က notch တစ္ခုပါဝင္တဲ့ ပထမဆံုး Redmi စမတ္ဖုန္း ျဖစ္တယ္ဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္။

ဒါ့အျပင္ ပိုစတာမွာ Redmi 6 Pro ရဲ႕ အဓိက အခ်က္အလက္ေတြကို ေဘာလံုးကစားကြက္တစ္ခုပံုစံနဲ႔ ေဖာ္ျပခဲ့ပါတယ္။ Redmi 6 Pro မွာ AI လုပ္ေဆာင္ခ်က္ေတြ အထူးသျဖင့္ ကင္မရာ menu အတြက္ ပါဝင္လာမွာျဖစ္ပါတယ္။ Chipset က Snapdragon 625 ျဖစ္ပါတယ္။ 4000 ဆိုတာက 4,000mAh ဘက္ထရီ ပါဝင္လာမယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

Xiaomi ဟာ ဇြန္လ ၂၅ ရက္မွာ Redmi 6 Pro နဲ႔အတူ Mi Pad 4 ကိုလည္း မိတ္ဆက္ေၾကညာသြားမယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

ပြီးခဲ့တဲ့တစ်ပတ်က Redmi 6 နဲ့ Redmi 6A တို့ကို မိတ်ဆက်ကြေညာခဲ့တဲ့ Xiaomi ဟာ တတိယမြောက်ဖုန်းဖြစ်တဲ့ Redmi 6 Pro ကို ဇွန်လ ၂၅ ရက်မှာ မိတ်ဆက်ကြေညာသွားမယ်လို့ သိရပါတယ်။ ဒီအကြောင်းကို Xiaomi က Weibo ပေါ်မှာ ဝေမျှခဲ့တာဖြစ်ပါတယ်။

Weibo ပေါ်မှာတင်ခဲ့တဲ့ ပိုစတာက ကမ္ဘာ့ဖလား theme ဖြစ်ပါတယ်။ အဲ့ဒီပိုစတာမှာ 19:9 screen ratio ပါဝင်မယ်လို့ ဖော်ပြထားတာကြောင့် ဒါဟာ Redmi 6 Pro က notch တစ်ခုပါဝင်တဲ့ ပထမဆုံး Redmi စမတ်ဖုန်း ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

ဒါ့အပြင် ပိုစတာမှာ Redmi 6 Pro ရဲ့ အဓိက အချက်အလက်တွေကို ဘောလုံးကစားကွက်တစ်ခုပုံစံနဲ့ ဖော်ပြခဲ့ပါတယ်။ Redmi 6 Pro မှာ AI လုပ်ဆောင်ချက်တွေ အထူးသဖြင့် ကင်မရာ menu အတွက် ပါဝင်လာမှာဖြစ်ပါတယ်။ Chipset က Snapdragon 625 ဖြစ်ပါတယ်။ 4000 ဆိုတာက 4,000mAh ဘက်ထရီ ပါဝင်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

Xiaomi ဟာ ဇွန်လ ၂၅ ရက်မှာ Redmi 6 Pro နဲ့အတူ Mi Pad 4 ကိုလည်း မိတ်ဆက်ကြေညာသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena