Xiaomi Redmi 5 နဲ့ Redmi 5 Plus ကို အရောင်လေးမျိုးဖြင့် ရရှိမည်

ဒီဇင်ဘာ ၇ ရက်မှာ မိတ်ဆက်ကြေညာမယ့် Redmi 5 နဲ့ Redmi 5 Plus ရဲ့ အရောင်တွေကို ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ Donovan Sung က Twitter ကနေ ဓာတ်ပုံတွေနဲ့အတူ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲ့ဒီ tweet အရ Redmi 5 ကို အနက်ရောင်၊ ပန်းရောင်၊ အပြာရောင်တို့နဲ့ ရရှိနိုင်ပြီး အရွယ်ကြီးမားတဲ့ဗားရှင်းကိုတော့ အနက်ရောင်၊ ရွှေရောင်တို့နဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

Xiaomi Redmi 5 ဖုန်းတွေကို “A phone for a thousand” ဆိုပြီး ကြော်ငြာထားတာကြောင့် ဈေးနှုန်းက ယွမ် ၁,၀၀၀ (ဒေါ်လာ ၁၅၀ ဝန်းကျင်) ကျသင့်ဖွယ်ရှိပါတယ်။ ဒီဈေးနှုန်းဟာ Redmi 5 ရဲ့ 3GB RAM/32GB storage မော်ဒယ်အတွက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သတင်းတွေမှာတော့ Redmi 5 မှာ ၅.၇ လက်မ FullView display နဲ့ HD+ resolution ပါဝင်ပြီး Plus မော်ဒယ်မှာတော့ ၆ လက်မ screen နဲ့ FullHD+ resolution ပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။ OS ကိုတော့ Xiaomi ကအတည်ပြုထားပြီး Android Nougat 7.1.2 နဲ့ stable MIUI 9 ဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena