
Price : (449,000 Ks) (6GB/64GB)
အားသာချက်
ပေးရတဲ့ဈေးနဲ့ဆိုရင် တန်တယ်လို့ခံစားရမှာဖြစ်ပါတယ်။ မြင့်မားတဲ့စွမ်းဆောင်ရည်ပိုင်း အချိန်ကြာကြာအသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်နဲ့ ကောင်းမွန်တဲ့ ကင်မရာစနစ်တွေက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ ကာလာပိုင်းစိုပြည်ကောင်းမွန်တဲ့ မြင်ကွင်းကလည်း သဘောကျစရာပါ။
အားနည်းချက်
ဒီဖုန်းရဲ့ MIUI စနစ်နဲ့ ဒီဇိုင်းကတော့ သုံးနေကျပုံမှန်နဲ့ သိပ်မကွာခြားသလို ခံစားရပြီး Display ရဲ့ ဘေးဘောင်တွေက အနည်းငယ်ထူသလို ပလတ်စတစ်ကိုယ်ထည်က ကိုင်ရတာ နည်းနည်းအပေါစား ဆန်တယ်လို့ ခံစားရပါတယ်။
စွမ်းဆောင်ရည်
ဒီဖုန်းမှာ 10nm Qualcomm Snapdragon 845 chip ကိုအသုံးပြုထားပြီး RAM အနေနဲ့ 6GB နဲ့ သိုလှောင်နိုင်မှုပမာဏ 64GB ပါဝင်ပါတယ်။ မြန်ဆန်ကောင်းမွန်တဲ့ ဖုန်းစွမ်းဆောင်ရည်နဲ့ ဂရပ်ဖစ် စွမ်းဆောင်ရည်တွေက ဖုန်းကို ဂိမ်းကစားခြင်း၊ အခြားတစ်ကိုယ်ရေဖျော်ဖြေမှု မျိုးစုံအတွက် အသုံးပြုနိုင်မှာဖြစ်သလို အချိန်ကြာကြာ အသုံးပြုမှု အတွက်လည်း ဖုန်းကိုယ်ထည် ပူနွေးမှုမရှိပါဘူး။ ရှေ့ဘက်မျက်နှာနဲ့ ဖုန်းကို Unlock လုပ်နိုင်တဲ့ နည်းပညာနဲ့ လက်ဗွေစနစ်တွေကလည်း မြန်ဆန်မှုရှိပါတယ်။ OS အနေနဲ့ Android 8.1 အခြေခံ MIUI 9.6 ကို အသုံးပြုထားပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
ရှေ့မျက်နှာပြင်မှာ notch ပါဝင်တဲ့ screen ဒီဇိုင်းဖြစ်ပြီး ရှေ့ဘက်ကင်မရာနဲ့ Infrared ကင်မရာတွေကိုတော့ notch ထဲမှာ ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာကိုတော့ ဖုန်းရဲ့အနောက်ဘက် ကာဗာအလယ်နားမှာ ဒေါင်လိုက်ပုံစံထည့်သွင်းထားပြီး လက်ဗွေ Fingerprint စနစ်ကိုတော့ ကင်မရာရဲ့အောက်ဘက်မှာ ကပ်လျက်ထည့်သွင်းထားပါတယ်။ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် ခလုတ်တွေကိုတော့ ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်ထဲမှာ ထည့်သွင်းထားပြီး ဒီဖုန်းမှာတော့ နားကြပ်ပေါက် မပါဝါပါဘူး။ အလေးချိန်ကတော့ ၁၈၂ ဂရမ် ရှိပါတယ်။
၆.၁၈ လက်မရှိတဲ့ မျက်နှာပြင်က IPS LCD Display က 224×1080 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုရာခိုင်နှုန်းကတော့ ၈၂.၂ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 18.7:9 ရှိတဲ့ Full View မျက်နှာပြင်ဖြစ်ပါတယ်။
ကင်မရာ
ကင်မရာစနစ်မှာ PDAF နည်းပညာ၊ EIS နည်းပညာအပြင် AI နည်းပညာတွေ ထောက်ပံ့ပါဝင်ပါတယ်။ ကင်မရာကို AI စနစ်ထောက်ပံ့ပါဝင်တဲ့ Auto mode, Manual control, automated HDR, Portrait mode, Time-lapse နဲ့ Slow-motion ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး Indoor နဲ့ Outdoor ပုံတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်သလို 30fps ဗီဒီယိုကိုလည်း 4K အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ရှေ့ဘက်ကင်မရာကလည်း တိကျပြီး ကြည်လင်ပြတ်သားမှုရှိတဲ့ Selfie ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်သလို သူ့မှာပါဝင်တဲ့ Beauty mode ကလည်း Level ၅ မျိုးအထိ ချိန်ညှိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Portraitmode ကိုလည်း ကောင်းကောင်းရိုက်ကူးနိုင်ပါတယ်။
ဘက်ထရီ
Li-Ion 4000mAh ပမာဏ ဘက်ထရီက ဂရပ်ဖစ်ဂိမ်းအမြင်တွေဆော့တာ၊ အွန်လိုင်းဂိမ်းကစားတာ၊ ဗီဒီယိုကြည့်တာ၊ အွန်လိုင်းအသုံးပြုမှုတွေကို ၅ နာရီလောက် အသုံးပြုပြီးတာတောင်မှ နောက်ထပ် ၂ ရက်ဝန်းကျင်လောက် ပုံမှန်အတိုင်း အားသွင်းစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီစနစ်အတွက် ၁၈ ဝပ် အားသွင်းခေါင်းနဲ့ အားသွင်းမြန်ဆန်တဲ့ Quick Charge 3.0 စနစ်တွေက ၁၅ မိနစ်အတွင်းမှာ ဖုန်းအားကို ၂၅ ရာခိုင်နှုန်း သွင်းပေးနိုင်ပြီး ၁ နာရီလောက်ဆိုရင်တော့ ၇၃ ရာခိုင်နှုန်းလောက်ကို သွင်းပေးနိုင်ပါတယ်။
သုံးသပ်ချက်
Flagship ဖုန်းတစ်လုံးကို ဈေးသက်သက်သာသာနဲ့ အသုံးပြုချင်သူတွေအတွက်ကတော့ Poco F1 က ရွေးချယ်စရာတစ်ခု အနေနဲ့ ရှိနေမှာဖြစ်ပါတယ်။ မြန်ဆန်ချောမွေ့တဲ့ ဖုန်းစွမ်းဆောင်ရည်၊ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုမှု၊ Display နဲ့ ကင်မရာပိုင်းကောင်းမွန်မှုတွေက နှစ်သက်စရာဖြစ်ပေမယ့် အနည်းငယ် ထူထဲတဲ့ကိုယ်ထည် ဒီဇိုင်းနဲ့ ပလတ်စတစ်ကိုယ်ထည်က ကိုင်ရတာ အဆင်မပြေသလိုပါပဲ။ ဒါပေမဲ့ ဖုန်းကို အချိန်ကြာကြာ အသုံးပြုမှုအတွက် ဖုန်းကိုယ်ထည် ပူနွေးမှုမရှိတာတွေက သူ့မှာပါတဲ့ Liquid Cooling နည်းပညာနဲ့ ပလတ်စတစ်ကာဗာတွေအရလို့ သုံးသပ်ရမှာပါ။ Flagship killing ဖုန်းတွေကိုမှ ကြိုက်တဲ့သူတွေအနေနဲ့ mid-range ဖုန်းဈေးနှုန်းသက်သက်သာသာနဲ့ စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်မှုရှိတဲ့ Poco F1 ဖုန်းက ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးလို့ဆိုရမှာ ဖြစ်ပါတယ်။
GSM | Dual 4G LTE |
SIM | Hybrid Dual SIM (Nano-SIM, dual stand-by) |
Display | IPS LCD capacitive touchscreen, 6.18 inches (18.7:9 ratio) |
OS | Android 8.1 (Oreo); MIUI 10.2 POCO |
CPU | Qualcomm SDM845 Snapdragon 845 |
GPU | Adreno 630 |
Camera | 12 MP(f/1.9) + 5MP (f/2.0), EIS, dual pixel PDAF, Dual-LED flash, HDR, panorama; Front 20 MP (f/2.0) |
Internal | 64 GB; RAM 6 GB, microSD, up to 256 GB |
Battery | Non-removable Li-Po 4000 mAh |
Others | Wi-Fi 802.11 b/g/n, Bluetooth 5.0, Infrared face recognition, Fingerprint, 18W (Quick Charge 3.), USB on-The-Go |
Display | ![]() |
Performance | ![]() |
Camera | ![]() |
Battery | ![]() |
Hand on | ![]() |
Over all | ![]() |
-ရဲထွဋ်ဝင်း