Xiaomi POCOPHONE F1 ကို ၾသဂုတ္ ၂၂ တြင္ မိတ္ဆက္မည္

[Zawgyi]

Xiaomi ဟာ စမတ္ဖုန္းသစ္တစ္မ်ိဳးကို မၾကာခင္မိတ္ဆက္ဖို႔ စီစဥ္ေနပါတယ္။ အဆိုပါ စမတ္ဖုန္းကို POCOPHONE F1 လို႔ေခၚဆိုၿပီး ကုမၸဏီရဲ႕ အမွတ္တံဆိပ္ခြဲသစ္ျဖစ္တဲ့ POCO နာမည္နဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။

သိပ္မၾကာေသးခင္က POCO ရဲ႕ ပထမဆံုး စမတ္ဖုန္းျဖစ္တဲ့ POCOPHONE F1 ျဖန္႔ခ်ိမယ့္ရက္ကို အဆိုပါ အမွတ္တံဆိပ္ရဲ႕ တရားဝင္ Twitter account ကေန ေၾကညာခဲ့ပါတယ္။

Twitter ေပၚမွာ ေဝမွ်ခဲ့တဲ့ ပိုစတာအရ POCOPHONE F1 ကို ၾသဂုတ္လ ၂၂ ရက္ အိႏၵိယမွာ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။ အဆိုပါ အခမ္းအနားကို နယူးေဒလီၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

POCOPHONE F1 ဟာ flagship ဖုန္းတစ္ခုျဖစ္ၿပီး ေစ်းႏႈန္းက Xiaomi ရဲ႕ လက္ရိွ flagship ေတြျဖစ္တဲ့ (Mi MIX 2s, Mi 8 နဲ႔ Mi 8 Explorer Edition) ထက္ သက္သာမွာျဖစ္ပါတယ္။ Xiaomi flagship ေတြအတိုင္း Snapdragon 845 processor ကိုအသံုးျပဳထားၿပီး အရြယ္ႀကီးမားတဲ့ 4000mAh ဘက္ထရီနဲ႔ liquid cooling စနစ္တို႔ ပါဝင္လာမွာျဖစ္ပါတယ္။

Display က ၅.၉၉ လက္မ FHD+ display ျဖစ္ၿပီး ထိပ္ဘက္မွာ notch တစ္ခုပါပါတယ္။ RAM က 6GB ျဖစ္ၿပီး storage က 64GB ျဖစ္ပါတယ္။ အျခား memory configuration ေတြနဲ႔လည္း ရရိွႏိုင္မယ္လို႔ ယူဆရပါတယ္။

အေရွ႕ဘက္ကင္မရာက 20MP ျဖစ္ၿပီး IR face unlock ပါဝင္ပါတယ္။ ေက်ာဘက္ကင္မရာက 12MP + 5MP ျဖစ္ၿပီး ေဒါင္လိုက္အေနအထား တပ္ဆင္ထားပါတယ္။ ဒါ့အျပင္ dual-SIM, Bluetooth 5.0 နဲ႔ USB-C port တစ္ခုတို႔လည္း ပါဝင္ပါတယ္။ Quick Charge 3.0 ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။

POCOPHONE ကို အိႏၵိယမွာ မိတ္ဆက္ၿပီးတဲ့အခါ ဥေရာပမွာပါ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဥေရာပမွာ ေရာင္းခ်မယ့္ အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။

ေအာက္ေဖာ္ျပပါ ဗီဒီယိုကေတာ့ ေပါက္ၾကားထြက္ေပၚလာတဲ့ POCOPHONE F1 unboxing video ျဖစ္ပါတယ္။

Ref: GizmoChina

-ေနာင္ေနာင္

[Unicode]

Xiaomi ဟာ စမတ်ဖုန်းသစ်တစ်မျိုးကို မကြာခင်မိတ်ဆက်ဖို့ စီစဉ်နေပါတယ်။ အဆိုပါ စမတ်ဖုန်းကို POCOPHONE F1 လို့ခေါ်ဆိုပြီး ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ခွဲသစ်ဖြစ်တဲ့ POCO နာမည်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

သိပ်မကြာသေးခင်က POCO ရဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်တဲ့ POCOPHONE F1 ဖြန့်ချိမယ့်ရက်ကို အဆိုပါ အမှတ်တံဆိပ်ရဲ့ တရားဝင် Twitter account ကနေ ကြေညာခဲ့ပါတယ်။

Twitter ပေါ်မှာ ဝေမျှခဲ့တဲ့ ပိုစတာအရ POCOPHONE F1 ကို သြဂုတ်လ ၂၂ ရက် အိန္ဒိယမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားကို နယူးဒေလီမြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

POCOPHONE F1 ဟာ flagship ဖုန်းတစ်ခုဖြစ်ပြီး စျေးနှုန်းက Xiaomi ရဲ့ လက်ရှိ flagship တွေဖြစ်တဲ့ (Mi MIX 2s, Mi 8 နဲ့ Mi 8 Explorer Edition) ထက် သက်သာမှာဖြစ်ပါတယ်။ Xiaomi flagship တွေအတိုင်း Snapdragon 845 processor ကိုအသုံးပြုထားပြီး အရွယ်ကြီးမားတဲ့ 4000mAh ဘက်ထရီနဲ့ liquid cooling စနစ်တို့ ပါဝင်လာမှာဖြစ်ပါတယ်။

Display က ၅.၉၉ လက်မ FHD+ display ဖြစ်ပြီး ထိပ်ဘက်မှာ notch တစ်ခုပါပါတယ်။ RAM က 6GB ဖြစ်ပြီး storage က 64GB ဖြစ်ပါတယ်။ အခြား memory configuration တွေနဲ့လည်း ရရှိနိုင်မယ်လို့ ယူဆရပါတယ်။

အရှေ့ဘက်ကင်မရာက 20MP ဖြစ်ပြီး IR face unlock ပါဝင်ပါတယ်။ ကျောဘက်ကင်မရာက 12MP + 5MP ဖြစ်ပြီး ဒေါင်လိုက်အနေအထား တပ်ဆင်ထားပါတယ်။ ဒါ့အပြင် dual-SIM, Bluetooth 5.0 နဲ့ USB-C port တစ်ခုတို့လည်း ပါဝင်ပါတယ်။ Quick Charge 3.0 ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

POCOPHONE ကို အိန္ဒိယမှာ မိတ်ဆက်ပြီးတဲ့အခါ ဥရောပမှာပါ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဥရောပမှာ ရောင်းချမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။

အောက်ဖော်ပြပါ ဗီဒီယိုကတော့ ပေါက်ကြားထွက်ပေါ်လာတဲ့ POCOPHONE F1 unboxing video ဖြစ်ပါတယ်။

Ref: GizmoChina

-နောင်နောင်