Xiaomi Mi A3

Price : 365,000 Ks (4GB/128GB)

အားသာချက်

ပရီမီယံဒီဇိုင်း၊ ကောင်းမွန်တဲ့ ကင်မရာစနစ်၊ စွမ်းရည်ပြည့် ဘက်ထရီနဲ့ Android One ရဲ့ လုပ်ဆောင်ချက်တွေ ပံ့ပိုးထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒီဖုန်းမှာ 3.5 mm နားကြပ်ပေါက်လည်း ပါရှိပါတယ်။

အားနည်းချက်

ဒီဖုန်းမှာ အသုံးပြုထားတဲ့ In-display fingerprint sensor ကတော့ သုံးရတာ အနည်းငယ်နှေးတယ်လို့ ခံစားရတယ်။ Super AMOLED panel က တောက်ပမှုရှိတယ် ဆိုပေမယ့် 720p Low-res display က ဒီဖုန်းရဲ့ အားနည်းချက်ပါ။

စွမ်းဆောင်ရည်

ဒီဖုန်းမှာ အမြန်နှုန်း 2.0 ရှိတဲ့ 11nm အမျိုးအစား Qualcomm SDM665 Snapdragon 665 CPU ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB နဲ့ သိုလှောင်နိုင်မှုပမာဏ 128GB ပါဝင်တဲ့အပြင် microSD ကနေ 256GB ထိ ထပ်မံတိုးမြှင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းက မြန်ဆန်ကောင်းမွန်သလို Android One သီးသန့် ထည့်သွင်းထားတဲ့ဖုန်းဖြစ်တဲ့အတွက် သူ့ရဲ့ ရှင်းလင်းတဲ့ user interface နဲ့ လုပ်ဆောင်ချက်တွေကလည်း ဖုန်း အသုံးပြုမှုအတွက် ပိုမိုကောင်းမွန်တဲ့ ခံစားမှုကို ရရှိစေပါတယ်။ .0, Type-C 1.0 ကို အသုံးပြုထားပြီး လက်ရှိခေတ်စားနေတဲ့ In-display လက်ဗွေ စနစ်ကတော့ သုံးရတာ အနည်းငယ်နှေးတယ်လို့ ခံစားရပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ကိုယ်ထည်တည်ဆောက်ထားမှုက လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ် ရှိပြီး လက်တစ်ဖက်တည်း ကိုင်တွယ်အသုံးပြုမှုကလည်း ကျေနပ်စရာပါ။ ရှေ့ဘက်မျက်နှာပြင်မှာ ကင်မရာကို ရေစက်ပုံစံ notch ထဲမှာ ထည့်သွင်းထားပြီး ကျောဘက်ကင်မရာကိုတော့ ဖုန်းရဲ့ ဘယ်ဘက်ထောင့်နားမှာ တပ်ဆင်ထားကာ LED flash စနစ်ကိုတော့ ကင်မရာရဲ့အောက်ဘက်မှာ ကပ်လျက်ထည့်သွင်းထားပါတယ်။ ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ အသံ အတိုးအကျယ် ခလုတ်တွေကို ထည့်သွင်းထားပါတယ်။ အလေးချိန်ကတော့ ၁၇၃.၈ ဂရမ် ရှိပါတယ်။

၆.ဝ၁ လက်မ ရှိတဲ့ မျက်နှာပြင်က Super AMOLED Display က 720×1560 pixel အထိ အထောက်အပံ့ ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ၈ဝ.၃ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19.5:9 ရှိပါတယ်။

ကင်မရာ

ကျောဘက်မှာ aperture f/1.8 ရှိတဲ့ 48MP Wide ကင်မရာ၊ aperture f/2.2 ရှိတဲ့ 8MP Ultrawide ကင်မရာနဲ့ aperture f/1.8 ရှိတဲ့ 2MP depth ကင်မရာ စုစုပေါင်း ကင်မရာသုံးလုံး တပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာကတော့ aperture f/2.0 ရှိတဲ့ 32MP အမျိုးအစား ဖြစ်ပါတယ်။ ကင်မရာအတွက် PDAF စနစ် ထောက်ပံ့ပါဝင်ပြီး Indoor နဲ့ Outdoor ပုံတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူး နိုင်မှာဖြစ်သလို အရည်အသွေးကောင်းတဲ့ မြင်ကွင်းကျယ်ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရှေ့ဘက်ကင်မရာကလည်း ရုပ်ထွက်ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပြီး ညပိုင်း ရိုက်ကူးရာမှာ စိတ်ကျေနပ်မှု ရှိစေမှာပါ။ ဗီဒီယိုပိုင်းမှာတော့ 30fps ဗီဒီယိုလည်း 2160p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီ

ကျစ်လျစ်တဲ့ ဖုန်းကိုယ်ထည်ထဲမှာ Li-Po 4030mAh ပမာဏ ဘက်ထရီကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Low-res Display နဲ့ Super AMOLED ဖြစ်တာကြောင့် ပါဝါသုံးစွဲမှု လျော့နည်းတဲ့အပြင် Android One နဲ့ CPU ရဲ့ ပါဝါပိုင်းလုပ်ဆောင်ချက်တွေက မြင်ကွင်းအရွယ်အစား ကြီးမားတဲ့ ဒီဖုန်းကို ဘက်ထရီနဲ့ တစ်နေ့တာ လုံလုံလောက်လောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုက Quick Charge 3.0 မြန်ဆန်တဲ့ ဘက်ထရီအားသွင်းစနစ်နဲ့ USB Type-C စနစ်တွေ အသုံးပြုထားတာကလည်း ဖုန်းအားကို အချိန်တိုအတွင်း ပြန်လည် ဖြည့်သွင်းနိုင်စေမှာဖြစ်ပါတယ်။

သုံးသပ်ချက်

မြင့်မားလှတဲ့ စွမ်းရည်မြင့် ကျောဘက်ကင်မရာသုံးလုံးနဲ့ Android One စနစ်တွေအပြင် ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ လက်ထဲမှာ ကိုင်တွယ်ရတာ ကောင်းမွန်မှုတွေက ပရီမီယံဖုန်းတစ်လုံးကို သုံးရသလို ဆိုပေမယ့် Low-res Display နဲ့ In-display လက်ဗွေစနစ်က အနည်းငယ် နှေးတာကလွဲရင် ပေးလိုက်ရတဲ့ ဈေးနဲ့ သုံးရတာတန်တယ်လို့ ခံစားရမယ့်ဖုန်း ဖြစ်ပါတယ်။ နောက်ဆုံးပေါ် လုပ်ဆောင်ချက်တွေ ပါဝင်သလို ကင်မရာကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ အပြင် ဈေးနှုန်းသင့်တင့် မျှတမှုရှိတဲ့ အလယ်အလတ်တန်းစား ဖုန်းတစ်လုံးကို ကိုင်ချင်သူတွေ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

GSM
LTE
SIM Hybrid Dual SIM (Nano-SIM, dual stand-by)
Display Super AMOLED capacitive touchscreen, 6.01 inches (19.5:9 ratio)
OS Android 9.0 (Pie); Android One
CPU Qualcomm SDM665 Snapdragon 665 (11 nm)
GPU Adreno 610
Camera 48 MP(f/1.8) wide + 8MP (f/2.2) ultrawide, 2MP (f/2.4) depth, PDAF, LED flash, HDR, panorama; Front 32 MP (f/2.0))
Internal 128 GB; RAM 4 GB, microSD, up to 256 GB
Battery Li-Po 4030 mAh
Others Wi-Fi 802.11 b/g/n/ac, Bluetooth 5.0, Infrared Port, 18W Quick Charge 3, Under-display fingerprint
Display
Performance
Camera
Battery
Hand on
Over all