Xiaomi Mi Watch ဗီဒီယိုထွက်ပေါ်လာ

အသစ်ထွက်ရှိမယ့် Xiaomi Mi Watch ကို နိုဝင်ဘာ ၅ ရက်မှာ Mi CC9 Pro/ Mi Note 10 တို့နဲ့မိတ်ဆက်မယ်လို့ Xiaomi ကအတည်ပြုခဲ့ပါတယ်။ အဲဒီသတင်း ထွက်ပေါ်လာအပြီးမှာ Mi Watch ဗီဒီယို ထွက်ပေါ်လာပါတယ်။

ဗီဒီယိုထဲမှာ ထုတ်ကုန်ကို unlock လုပ်လိုက်ရင် စတုရန်းပုံ icon နဲ့ 3×3 app grid တစ်ခုနဲ့ အနက်ရောင်နောက်ခံကို တွေ့ရပါမယ်။ Watch အတွက် MIUI မှာ dark mode ပါဝင်လာဖွယ်ရှိပါတယ်။ ဒါ့အပြင် နာရီက ခလုတ်ကိုအသုံးပြုပြီး ထိန်းကျောင်းအသုံးပြုနိုင်သလို ပါဝါခလုတ်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

Mi Watch အတွက် ဖြန့်ချိလိုက်တဲ့ MIUI အတွက် ကြော်ငြာဗီဒီယို အတိုလေး ထွက်ရှိလာပါတယ်။ Watch အတွက် MIUI မှာ စမတ်ဖုန်းနဲ့ နာရီအကြားက ဒီဇိုင်းအသုံးပြုပုံကို ပြသထားပါတယ်။

Xiaomi Mi Watch မှာ Snapdragon Wear 3100 SoC နဲ့ GPS, NFC, Wi-Fi နဲ့ Bluetooth ချိတ်ဆက်မှုအပြင် eSIM လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။ Mi Watch ကို အဖြူနဲ့ အနက် အရောင်နှစ်မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ မသိသေးသလို ရောင်းချမယ့်ရက်လည်း မသိသေးပါဘူး။

စိုးထက်
Ref: GSMArena