Xiaomi Mi Note 10 Lite

Price – 499,000 Ks (8/128GB)

အားသာချက်

HDR 10 ထောက်ပံ့ပါဝင်တဲ့ ကြီးမားတဲ့ AMOLED display က တောက်ပသလို ကာလာရုပ်ထွက်ပိုင်း ကြည်လင်ကောင်းမွန်တာ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တာ၊ မြန်ဆန်တဲ့ အားသွင်းနည်းပညာ ထောက်ပံ့ပါဝင်တာ၊ ကောင်းမွန်တဲ့ ဗီဒီယို stabilization စနစ်နဲ့ MIUI စနစ်တွေအပြင် IR blaster စနစ် ထောက်ပံ့ပါဝင်တာ ဒီဖုန်းရဲ့ အားသာချက်ပါ။

အားနည်းချက်

Telephoto ကင်မရာ ထောက်ပံ့ပါဝင်ခြင်း မရှိလို အလင်းအားနည်းတဲ့ Low light ရိုက်ကူးမှုပိုင်း အားနည်းတာနဲ့ microSD ကတ်စနစ် ထောက်ပံ့ပါဝင်မှု မရှိတာက ဒီဖုန်းရဲ့ အားနည်းချက်ပါ။

စွမ်းဆောင်ရည်

  • Qualcomm Sanpdragon 730G (8nm) CPU
  • Adreno 618 GPU
  • 8GB RAM
  • 128GB; no microSD slot
  • Android 10, MIUI 11

Mi Note 10 Lite မှာ အမြန်နှုန်း 2.2GHz ရှိတဲ့ Snapdragon 730G chipset ၊ Adreno 615 GPU စနစ်၊ RAM 8GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပြီး Android 10 အခြေခံ MIUI 11 OS စနစ်ကို ထည့်သွင်းအသုံးပြုထားပါတယ်။ multi-core စွမ်းဆောင်ရည်ပိုင်းက GeekBench 5 (multi-core) ရမှတ် ၁၆၉၄ နဲ့ AnTuTu 8 ရမှတ် ၂၅၃၂၇၁ ရှိတာက အလယ်အလတ်တန်းစား ဖုန်းတစ်လုံးအနေနဲ့ နေ့စဉ်သုံး လုပ်ငန်းဆောင်တာ မျိုးစုံအတွက် ချောမွေ့ကောင်းမွန်မှုရှိတဲ့ စွမ်းဆောင်ရည်ရှိမှာ ဖြစ်ပေမယ့် Huawei P40 Lite နဲ့ Samsung Galaxy A71 မော်ဒယ်တွေထက် ရမှတ်နည်းတယ်လို့ မြင်ပါတယ်။ Mi Note 10 Lite ရဲ့ စွမ်းဆောင်ရည်ပိုင်းက Snapdragon 765 ပါဝင်တဲ့ မော်ဒယ်တွေလောက် မြင့်မားမှုရှိမှာ မဟုတ်ပေမယ့် 8GB RAM ပါဝင်တာက နေ့စဉ် အသုံးပြုမှု မျိုးစုံအတွက် ချောမွေ့မြန်ဆန်မှုရှိမှာ ဖြစ်ပါတယ်။ အသံထွက်ပိုင်းက ကောင်းမွန်သလို IR စနစ်နဲ့FM ရေဒီယိုစနစ်တွေလည်း ထောက်ပံ့ပါဝင်တာ သဘောကျစရာပါ။ MIUI 10 က Dark mode စနစ် ထောက်ပံ့ပါဝင်ပြီး ရှင်းလင်း ပြေပြစ်တဲ့ UI ကလည်း သစ်လွင်မှုရှိတယ်လို့ ခံစားရပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Water-drop notch selfie camera
  • 6.47 inches, AMOLED display
  • 19.5:9 aspect ratio
  • Fingerprint (under display, optical)
  • 204g
  • Gorilla Glass 5 (front & back)

Upper midrange အသွင်အပြည့်ရှိတဲ့ Mi Note 10 Lite ရဲ့ ဒီဇိုင်းက ပရီမီယံဆန်တယ်လို့ ခံစားရစေမှာပါ။ အလူမီနီယံသတ္တုကိုယ်ထည် ရှေ့နောက်နှစ်ဖက်စလုံးကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး flagship-grade ဘေးဘောင်ကွေး AMOLED display မျက်နှာပြင်က Mi Note 10 နဲ့ အတူတူပဲဖြစ်ပါတယ်။ ခလုတ်တွေပါဝင်မှုကလည်း Mi Note 10 လိုပဲ ညာဘက် ဘေးဘောင်ထဲမှာ ပါဝါခလုတ်၊ အသံအတိုးအကျယ် ခလုတ်နဲ့ NanoSIM slot တွေထည့်သွင်းထားပါတယ်။ အောက်ဘက်ဘောင်ထဲမှာ နားကြပ်ပေါက်နဲ့ စပီကာကို USB အားသွင်းပေါက်ရဲ့ တစ်ဖက်တစ်ချက်စီမှာ ထည့်သွင်းထားပါတယ်။ လက်ဗွေစနစ်ကတော့ ဖုန်းရဲ့ Screen ထဲမှာ ထည့်သွင်းထားတဲ့ under display လက်ဗွေစနစ်ဖြစ်ပါတယ်။ လက်ထဲမှာ ကိုင်ရတာ ပါးလွှာပြီး ကျစ်လျစ်မှုရှိသလို ၂၀၄ ဂရမ် အလေးချိန်က မပေါ့မလေးနဲ့ ကိုင်ရတာ ကောင်းမွန်မှုရှိတယ် ဆိုရမှာပါ။

ဒီဖုန်းရဲ့ ၆.၄၇ လက်မရှိတဲ့ Full HD+ AMOLED Display က ရုပ်ထွက်အရည်အသွေး 1080×2340 pixel ထိထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၇.၈ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 398 ppi ရှိပါတယ်။ ဘေးဘောင်နှစ်ဖက်က Samsung ဖုန်းတွေလို ကွေးထားတဲ့ Fullscreen မျက်နှာပြင်က တောက်ပမှုရှိသလို ရုပ်ထွက်ကာလာ contrast ပိုင်းကြည်လင်ပြတ်သားမှုရှိပြီး နေရောင်အောက်မှာ အသုံးပြုတဲ့အခါမှာ Screen ရဲ့ Brightness တောက်ပမှုပိုင်းက ကျေနပ်စရာပါ။ Adptive mode က အမြင့်ဆုံးတောက်ပမှုကို 424nits အထိ ထောက်ပံ့ပေးနိုင်တယ် ဆိုပေမယ့် ဒါက flagsip-grade တော့မဟုတ်ပါဘူး။ Display မှာ HDR စနစ်တော့ ထောက်ပံ့ပါဝင်တာ သေဘာကျစရာပါ။ ကျစ်လျစ်မှုရှိတဲ့ ကိုယ်ထည်မှာ ဘေးဘောင်ကျဉ်းတဲ့ မျက်နှာပြင်ပြည့် မြင်ကွင်းရဲ့အပေါ်ထိပ်နားမှာ selfie ကင်မရာကို Waterdrop notch ပုံစံနဲ့ ထည့်သွင်းထားပါတယ်။

ကင်မရာ

  • Standard: 64MP (wide), f/1.9, PDAF
  • 8MP, f/2.2 (ultrawide)
  • 2MP, f/2.4 (macro),
  • 5MP, f/2.4 (depth)
  • Selfie : 16M, f/2.5 (wide)
  • Video : 1080p@30fps
  • Quad-LED flash, HDR, Panorama

Mi Note 10 Lite မှာ Mi Note 10 မှာထည့်သွင်းထားတဲ့ 108p အဓိကကင်မရာအစား 64MP ကင်မရာကို ပြောင်းလဲအသုံးပြုထားသလို telephoto လည်းမပါဝင်ပါဘူး။ ultra-wide ကင်မရာတွေရဲ့ resolution ကလည်း Note 10 ထက် လျော့ကျသွားပေမယ့် Mi Note ရဲ့ ကင်မရာ AF စနစ်ကို ထည့်သွင်းပေးထားပါတယ်။ ကျောဘက်မှာ 64MP Quad Bayer ကင်မရာက 16MP အရည်အသွေးဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပြီး 8MP ultrawide-angle ကင်မရာက ရိုက်ရတာ ကျေနပ်စရာပါ။ telephoto ကင်မရာ မပါ၀◌င်ပေမယ့် 5MP depth ကင်မရာက Portraits ဓာတ်ပုံတွေ ရိုက်ကူးနိုင်အောင် လုပ်ဆောင်ပေးပြီး 2MP macro ကင်မရာက အနီးကပ်ရိုက်ကူးမှုတွေကို လုပ်ဆောင်နိုင်မှာပါ။ ကင်မရာလေးလုံးကို ဒေါင်လိုက်ပုံစံ သေသပ်လှပဆွဲဆောင်မှုရှိရှိ ထည့်သွင်းထားပြီး ရှေ့ဘက်မျက်နှာပြင်ထဲမှာ 16MP selfie ကင်မရာကို notch ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ကင်မရာစနစ်က နေ့ဘက် indoor နဲ့ outdoor ရိုက်ကူးမှုအတွက် နှစ်လိုဖွယ်ရာကောင်းပြီး သဘာဝကျတဲ့ရုပ်ထွက်အရည်အသွေးဓာတ်ပုံတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ကင်မရာစနစ်မှာ PDAF နည်းပညာ၊ AutoFocus နည်းပညာနဲ့ Off/Auto/On စိတ်ကြိုက်ပြောင်းလဲသုံးနိုင်တဲ့ HDR စနစ်တွေ ထောက်ပံ့ပါဝင်ပေမယ့် ရှေ့ဘက် selfie ကင်မရာမှာတော့ AF စနစ် ထောက်ပံ့ပါဝင်မှု မရှိပါဘူး။ အနေနဲ့ ထောက်ပံ့ပါဝင်ပေမယ့် မိမိစိတ်ကြိုက် manual အနေနဲ့ အသုံးပြုနိုင်မှာတော့ မဟုတ်ပါဘူး။ ညပိုင်းရိုက်ကူးမှုကတော့ အခြားအလယ်အလတ်တန်းစား ကင်မရာတွေလိုပဲ ိပည‌ောငခ မညေါန ပိုင်းကောင်းမွန်ပေမယ့် exposure ပိုင်းကတော့ အနည်းငယ်ကျသွားသလို Nigh mode လုပ်ဆောင်ချက်အနေနဲ့လည်း သီးသန့်ထည့်သွင်းပေးထားတာ မတွေ့ရပါဘူး။

ရှေ့ဘက် 16MP AI selfie ကင်မရာက သဘာဝကျတဲ့ ရုပ်ထွက်အရည်အသွေး selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်သလို 30fps ဗီဒီယိုကို 1080p နဲ့ ရိုက်ကူးနိုင်တာ ကျေနပ်စရာပါ။ ကျောဘက်ကင်မရာနဲ့ 4K အရည်အသွေးဗီဒီယိုကို 30fps နဲ့ အမြင့်ဆုံးထားရှိရိုက်ကူးနိုင်ပြီး ဗီဒီယိုရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ stabilization စနစ်ထောက်ပံ့ပါဝင်ပေမယ့် ကင်မရာစနစ်မှာ OIS စနစ်တော့ ထောက်ပံ့ပါဝင်ခြင်း မရှိပါဘူး။

ဘက်ထရီ

  • Li-Po 5260mAh
  • 30W Fast Charging
  • 2.0, Type-C 1.0

Mi Note 10 Lite မှာ Mi Note 10 နဲ့ ပမာဏတူတဲ့ ဘက်ထရီ 5260mAh ကို အသုံးပြုထားပြီး 4500mAh ထည့်သွင်းထားတဲ့ Galaxy A71 နဲ့ 4300mAh ပါတဲ့ Realme 6 Pro တို့ထက် ပိုကြီးတဲ့ ဘက်ထရီလို့ဆိုရမှာပါ။ Offline အနေနဲ့ ဗီဒီယိုအဆက်မပြတ် ဖွင့်ထားမှုကို ၂၁ နာရီဝန်းကျင် အသုံးပြုနိုင်တာက Mi Note 10 ထက် ၁ နာရီပိုနည်းတဲ့ ကြာချိန်လို့ဆိုရမှာပါ။ သဘောကျစရာပါ။ အားအပြည့်သွင်းထားမယ်ဆိုရင် နာရီပေါင်း ၁၁၇ နာရီထိ ပုံမှန် Standard အနေနဲ့ ထားရှိ အသုံးပြုနိုင်ပါတယ်။ 3G ဖုန်းပြောတာကို နာရီပေါင်း ၃၆ နာရီ ၃၁ မိနစ်၊ အွန်လိုင်းအသုံးပြုတာကို ၁၂ နာရီ ၄၄ မိနစ်ထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 30W fast charging အားသွင်းမြန်ဆန်တဲ့ နည်းပညာ ထောက်ပံ့ပါဝင်ပြီး အားအပြည့်သွင်းဖို့ကိုတော့ ၁ နာရီနဲ့ ၁၄ မိနစ်လောက် ကြာမြင့်တာက သေဘာကျစရာပါ။

သုံးသပ်ချက်

Mi Note 10 Lite မှာ Mi Note 10 ထက် ကင်မရာစနစ်ကို လျှော့ချထားပေမယ့် upper mid-range ဖုန်းအတွက်ကတော့ ကောင်းမွန်မှုရှိတယ်လို့ ဆိုရမှာပါ။ လုပ်ဆောင်ချက်စုံလင်တဲ့ UI စနစ်၊ ကောင်းမွန်လှတဲ့ Display နဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီသက်တမ်းတွေက မြင်ကွင်းကျယ်ဖုန်းတစ်လုံးအတွက် အထင်ကြီးစရာ ကောင်းလှပါတယ်။ မိမိအနေနဲ့ micorSD ထောက်ပံ့ပါဝင်တာမျိုး လိုချင်ရင်တော့ Flagship စတိုင် upper mid-range ဖုန်း Galaxy A51 ကို ပိုရွေးချယ်နိုင်ပါတယ်။ Mi Note 10 Lite က telephoto မပါဘဲ ကင်မရာကောင်းပြီး hardware ပိုင် မြန်ဆန်ကောင်းမွန်တဲ့ ပရီမီယံဒီဇိုင်း upper mide-range အလယ်အလတ်တန်းစား စမတ်ဖုန်းကို ကိုင်ချင်သူတွေအတွက် ပေးရတဲ့ ဈေးနဲ့ သုံးရတာ တန်တယ်လို့ ခံစားရမယ့် ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Display 
Performance
Camera
Battery
Hhand On
Over All

-ရဲထွဋ်ဝင်း