Xiaomi Mi Mix 3

[ Zawgyi ]

(715,000 Ks [8GB/128GB])

အားသာခ်က္

ျမန္ဆန္တဲ့ စြမ္းေဆာင္ရည္ရွိသလို မ်က္ႏွာျပင္အျပည့္ Display နဲ႔ ျမင့္မားေကာင္းမြန္တဲ့ ကင္မရာ႐ုပ္ထြက္ အရည္အေသြးေတြက ဒီဖုန္းရဲ႕အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။ Notch မပါ၀င္တဲ့ ႀကီးမားတဲ့ျမင္ကြင္း၊ ေရွ႕ကင္မရာစနစ္က ဆလုိက္ပုံစံအေနနဲ႔ ဆန္းသစ္ထားတာေတြ႕ရပါတယ္။ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္မႈကလည္း စိတ္ေက်နပ္စရာပါ။

အားနည္းခ်က္

ကင္မရာအဖြင့္အပိတ္ ဆလိုက္စနစ္က ဖုန္းမွာ ဖုန္ေတြကပ္ႏုိင္ၿပီး ထူထဲတဲ့ကိုယ္ထည္ကလည္း ကိုင္ရတာအနည္းငယ္ ႀကီးမားေလးလံသလို ျဖစ္တဲ့အတြက္ လက္ထဲကေန ေခ်ာမထြက္ေအာင္ သတိျပဳကိုင္တြယ္ရမွာ ျဖစ္ပါတယ္။ က်ယ္ေလာင္မႈရွိတဲ့ စပီကာတစ္လုံးတည္းပါ၀င္ၿပီး ေနာက္တစ္ခုက ေရစိုခံစနစ္ ေထာက္ပံ့ပါ၀င္မႈ မရွိသလို Face Unlock စနစ္လည္း မပါ၀င္ပါဘူး။ microSD ကေန ထပ္ၿပီး တုိးျမႇင့္အသုံးျပဳႏုိင္ဖို႔ အတြက္ Slot သီးသန္႔မပါပါဘူး။

စြမ္းေဆာင္ရည္

Mi Mix 3 မွာ 10nm Snapdragon 845 chip ကို အသုံးျပဳထားၿပီး ဒီ chipset က စြမ္းေဆာင္ရည္ပိုင္း ျမင့္မားေကာင္းမြန္တဲ့ chipset ဆိုတာကေတာ့ ျငင္းမရတဲ့အခ်က္ပါ။ RAM အေနနဲ႔ 8GB နဲ႔ သိုေလွာင္ႏုိင္မႈပမာဏ 128GB ရွိပါတယ္။ ဒီဖုန္းက ျမန္ဆန္ ေကာင္းမြန္မႈရွိတဲ့ Chipset ကိုအသုံးျပဳထားသလို လုပ္ေဆာင္ခ်က္ေတြကို ပိုမိုေကာင္းမြန္ေစတဲ့ UI စနစ္က ဖုန္းအသုံးျပဳတုိင္း ေခ်ာေမြ႕ျမန္ဆန္တာေၾကာင့္ အခ်ိန္ၾကာၾကာ အသုံးျပဳမႈအတြက္ ဖုန္းကိုယ္ထည္ပူေႏြးလာမႈ မရွိတာက ႏွစ္သက္စရာပါ။

ဒီဇိုင္းႏွင့္ မ်က္ႏွာျပင္

Xiaomi Mi Mix 3 ရဲ႕ အဓိက သိသာထင္ရွားေစမႈ တစ္ခုက ေရွ႕ကင္မရာစနစ္က ဆလုိက္ပုံစံ ဖန္တီးထားတာ ျဖစ္ၿပီး ေျပာင္ေခ်ာေနတဲ့ ကိုယ္ထည္ကို အစင္းရာျဖစ္ေပၚမႈမရွိႏုိင္တဲ့ Gorilla Glass 5 ေဂၚရီလာဖန္သားနဲ႔ ထပ္အုပ္ထားတဲ့ပုံစံ ျဖစ္ပါတယ္။ ကိုယ္ထည္အျပည့္ မ်က္ႏွာျပင္ျဖစ္ၿပီး မ်က္ႏွာျပင္ေအာက္ေဘာင္ထဲမွာ စပီကာကို ထည့္သြင္းထားတဲ့ ပုံစံျဖစ္ပါတယ္။ တကယ့္ ဇိမ္ခံပစၥည္းတစ္ခုရဲ႕ အသြင္အျပင္ အျပည့္ရွိတဲ့ ဖုန္းျဖစ္ၿပီး အထူးဆြဲေဆာင္မႈရွိပါတယ္။

Super AMOLED Display မ်က္ႏွာျပင္က ၆.၃၉ လက္မ ရွိကာ ႐ုပ္ထြက္အရည္အေသြး 1080×2340 pixels အထိ ေထာက္ပံ့ေပးႏုိင္ၿပီး 19.5:9 အမ်ဳိးအစားမ်က္ႏွာျပင္ ျဖစ္ပါတယ္။ ဖုန္းကုိယ္ထည္မွာ မ်က္ႏွာျပင္ပါ၀င္မႈ ရာခုိင္ႏႈန္းကေတာ့ ၉၉.၃ ရာခုိင္ႏႈန္းအထိ ရွိပါတယ္။

ကင္မရာ

ဖုန္းရဲ႕ေရွ႕ဘက္နဲ႔ ေက်ာဘက္ေတြမွာ ကင္မရာႏွစ္လုံးစီ တပ္ဆင္ထားၿပီး စုစုေပါင္း ကင္မရာေလးလုံး ပါ၀င္ပါတယ္။ ေရွ႕ကင္မရာကေတာ့ ဖုန္းရဲ႕မ်က္ႏွာျပင္ေပၚမွာ မဟုတ္ဘဲ ေနာက္ဘက္ကေန ဆလိုက္ပုံစံနဲ႔ ေပၚလာမွာျဖစ္ပါတယ္။ ေက်ာဘက္ ကင္မရာေတြကေတာ့ Telephoto ကင္မရာနဲ႔ Wide ကင္မရာေတြက ႐ုပ္ထြက္ပိုင္း ၾကည္လင္ျပတ္သားမႈ ရွိသလို 4-axi OIS နည္းပညာ၊ DualPixel PDAF နည္းပညာေတြနဲ႔ AI နည္းပညာေတြ ေထာက္ပံ့ပါ၀င္တာက ပုံထြက္အရည္အေသြးကို အျမင့္ဆုံးနဲ႔ အေကာင္းဆုံးရရွိႏုိင္မွာ ျဖစ္ပါတယ္။ ေရွ႕ကင္မရာကေတာ့ Mi Mix စီးရီးဖုန္းေတြထဲမွာဆိုရင္ သူ႔အရင္ထြက္ခဲ့တဲ့ ဖုန္းေတြထက္ ပိုၿပီးေကာင္းလာပါတယ္။ HDR စနစ္နဲ႔႐ိုက္ကူးႏုိင္မႈကလည္း ေရွ႕ေနာက္ႏွစ္မ်ဳိးစလုံးမွာ ေတာ္ေတာ္ေလး ေကာင္းလာသလို Portarit ကိုလည္း ပတ္၀န္းက်င္အလင္းမ်ဳိးစုံမွာ ေကာင္းစြာ႐ိုက္ကူးႏုိင္မွာ ျဖစ္ပါတယ္။

ဒီဖုန္းမွာ ညပိုင္း႐ိုက္ကူးမႈအတြက္ ပိုမိုေကာင္းမြန္ေအာင္ ဖန္တီးထားၿပီး မတူညီတဲ့ exposure ရွိတဲ့ ဓာတ္ပုံ ၈ မ်ဳိးကို တစ္ခါတည္း ဖမ္းယူ႐ိုက္ကူးမယ့္ Night Mode လုပ္ေဆာင္ခ်က္အသစ္ ပါ၀င္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္က သူ႔အရင္ထြက္ထားတဲ့ Mi 8 ၊ Mi 8 Pro နဲ႔ Mi Mix 2S ေတြ ထြက္ထြက္ခ်င္းမွာ မပါ၀င္ပါဘူး။ ဒါေပမဲ့ ခုေနာက္ထပ္ update ေတြမွာေတာ့ ဒီလုပ္ေဆာင္ခ်က္ကို အသုံးျပဳႏုိင္ပါၿပီ။ ဗီဒီယုိကိုေတာ့ 60fps နဲ႔ 30fps ႏွစ္မ်ဳိးစလုံးကို 4K အရည္အေသြးထိ အျမင့္ဆုံးထားၿပီး ႐ိုက္ကူးႏုိင္တာေတြ႔ရပါတယ္။

ဘက္ထရီ

ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈက ေတာ္ေတာ္ေလးေကာင္းတယ္ ေျပာရမွာပါ။ 3200mAh ပမာဏ ဘက္ထရီက ဗီဒီယုိေတာက္ေလွ်ာက္ဖြင့္ၿပီး စမ္းသပ္မႈမွာ နာရီ ၂ဝ အထိ အသုံးျပဳႏုိင္ပါတယ္။ ဒါက တျခားဘက္ထရီပမာဏ သိပ္မကြာတဲ့ဖုန္းေတြနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ ျမင္ကြင္းအရြယ္အစားႀကီးမားတဲ့ ဒီဖုန္းအတြက္ ေတာ္ေတာ္ေကာင္းတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ဘက္ထရီ စနစ္အတြက္ အားသြင္းျမန္ဆန္တဲ့ Quick Charge 4.0+ (18W) နည္းပညာနဲ႔ 10Watt (၁၀ ၀ပ္) ႀကိဳးမဲ့ အားသြင္းနည္းပညာေတြ ေထာက္ပံ့ပါ၀င္ပါတယ္။

သံုးသပ္ခ်က္

တျခားၿပိဳင္ဘက္ Flagship စမတ္ဖုန္းေတြနဲ႔ ေကာင္းေကာင္းယွဥ္ႏုိင္တဲ့ စြမ္းေဆာင္ရည္ေတြ ပိုင္ဆုိင္ထားတဲ့ ဒီဖုန္းက notch မႀကိဳက္တဲ့ သူေတြအတြက္ ေရြးခ်ယ္စရာတစ္ခုပါ။ ေဘးေဘာင္မရွိတဲ့ မ်က္ႏွာျပင္အျပည့္နဲ႔ ထိပ္တန္းအရည္အေသြးေတြ ပိုင္ဆုိင္ထားတဲ့ဖုန္းကုိ တျခား Flagship ဖုန္းေတြထက္ သက္သာတဲ့ ေစ်းႏႈန္းနဲ႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။

GSM 4G LTE
SIM Dual SIM (Nano-SIM, dual stand-by)
Display Super AMOLED capacitive touchscreen, 6.39 inches (19.5:9 ratio)
OS Android 9.0 (Pie); MIUI 10
CPU Octa-core (2×2.8 GHz Kryo + 4×1.7 GHz Kryo 385)
GPU Adreno 630
Camera Dual 12 MP, f/1.8, 4-axis OIS, Dual Pixel PDAF, LED flash, HDR; Front Mechanical pop-up 24 MP + 2MP
Internal 128 GB; RAM 8 GB
Battery Non-removable Li-Ion 3200 mAh
Others Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, NFC, Corning Gorilla Glass 5, Wireless charging, Fast battery charging, Fingerprint (rear-mounted)
Display
Performance
Camera
Battery
Hand on
Over all

-ရဲထြဋ္ဝင္း

[ Unicode ]

(715,000 Ks [8GB/128GB])

အားသာချက်

မြန်ဆန်တဲ့ စွမ်းဆောင်ရည်ရှိသလို မျက်နှာပြင်အပြည့် Display နဲ့ မြင့်မားကောင်းမွန်တဲ့ ကင်မရာရုပ်ထွက် အရည်အသွေးတွေက ဒီဖုန်းရဲ့အားသာချက်တွေပဲ ဖြစ်ပါတယ်။ Notch မပါ၀င်တဲ့ ကြီးမားတဲ့မြင်ကွင်း၊ ရှေ့ကင်မရာစနစ်က ဆလိုက်ပုံစံအနေနဲ့ ဆန်းသစ်ထားတာတွေ့ရပါတယ်။ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှုကလည်း စိတ်ကျေနပ်စရာပါ။

အားနည်းချက်

ကင်မရာအဖွင့်အပိတ် ဆလိုက်စနစ်က ဖုန်းမှာ ဖုန်တွေကပ်နိုင်ပြီး ထူထဲတဲ့ကိုယ်ထည်ကလည်း ကိုင်ရတာအနည်းငယ် ကြီးမားလေးလံသလို ဖြစ်တဲ့အတွက် လက်ထဲကနေ ချောမထွက်အောင် သတိပြုကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ကျယ်လောင်မှုရှိတဲ့ စပီကာတစ်လုံးတည်းပါ၀င်ပြီး နောက်တစ်ခုက ရေစိုခံစနစ် ထောက်ပံ့ပါ၀င်မှု မရှိသလို Face Unlock စနစ်လည်း မပါ၀င်ပါဘူး။ microSD ကနေ ထပ်ပြီး တိုးမြှင့်အသုံးပြုနိုင်ဖို့ အတွက် Slot သီးသန့်မပါပါဘူး။

စွမ်းဆောင်ရည်

Mi Mix 3 မှာ 10nm Snapdragon 845 chip ကို အသုံးပြုထားပြီး ဒီ chipset က စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်တဲ့ chipset ဆိုတာကတော့ ငြင်းမရတဲ့အချက်ပါ။ RAM အနေနဲ့ 8GB နဲ့ သိုလှောင်နိုင်မှုပမာဏ 128GB ရှိပါတယ်။ ဒီဖုန်းက မြန်ဆန် ကောင်းမွန်မှုရှိတဲ့ Chipset ကိုအသုံးပြုထားသလို လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေတဲ့ UI စနစ်က ဖုန်းအသုံးပြုတိုင်း ချောမွေ့မြန်ဆန်တာကြောင့် အချိန်ကြာကြာ အသုံးပြုမှုအတွက် ဖုန်းကိုယ်ထည်ပူနွေးလာမှု မရှိတာက နှစ်သက်စရာပါ။

ဒီဇိုင်းနှင့် မျက်နှာပြင်

Xiaomi Mi Mix 3 ရဲ့ အဓိက သိသာထင်ရှားစေမှု တစ်ခုက ရှေ့ကင်မရာစနစ်က ဆလိုက်ပုံစံ ဖန်တီးထားတာ ဖြစ်ပြီး ပြောင်ချောနေတဲ့ ကိုယ်ထည်ကို အစင်းရာဖြစ်ပေါ်မှုမရှိနိုင်တဲ့ Gorilla Glass 5 ဂေါ်ရီလာဖန်သားနဲ့ ထပ်အုပ်ထားတဲ့ပုံစံ ဖြစ်ပါတယ်။ ကိုယ်ထည်အပြည့် မျက်နှာပြင်ဖြစ်ပြီး မျက်နှာပြင်အောက်ဘောင်ထဲမှာ စပီကာကို ထည့်သွင်းထားတဲ့ ပုံစံဖြစ်ပါတယ်။ တကယ့် ဇိမ်ခံပစ္စည်းတစ်ခုရဲ့ အသွင်အပြင် အပြည့်ရှိတဲ့ ဖုန်းဖြစ်ပြီး အထူးဆွဲဆောင်မှုရှိပါတယ်။

Super AMOLED Display မျက်နှာပြင်က ၆.၃၉ လက်မ ရှိကာ ရုပ်ထွက်အရည်အသွေး 1080×2340 pixels အထိ ထောက်ပံ့ပေးနိုင်ပြီး 19.5:9 အမျိုးအစားမျက်နှာပြင် ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မျက်နှာပြင်ပါ၀င်မှု ရာခိုင်နှုန်းကတော့ ၉၉.၃ ရာခိုင်နှုန်းအထိ ရှိပါတယ်။

ကင်မရာ

ဖုန်းရဲ့ရှေ့ဘက်နဲ့ ကျောဘက်တွေမှာ ကင်မရာနှစ်လုံးစီ တပ်ဆင်ထားပြီး စုစုပေါင်း ကင်မရာလေးလုံး ပါ၀င်ပါတယ်။ ရှေ့ကင်မရာကတော့ ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ မဟုတ်ဘဲ နောက်ဘက်ကနေ ဆလိုက်ပုံစံနဲ့ ပေါ်လာမှာဖြစ်ပါတယ်။ ကျောဘက် ကင်မရာတွေကတော့ Telephoto ကင်မရာနဲ့ Wide ကင်မရာတွေက ရုပ်ထွက်ပိုင်း ကြည်လင်ပြတ်သားမှု ရှိသလို 4-axi OIS နည်းပညာ၊ DualPixel PDAF နည်းပညာတွေနဲ့ AI နည်းပညာတွေ ထောက်ပံ့ပါ၀င်တာက ပုံထွက်အရည်အသွေးကို အမြင့်ဆုံးနဲ့ အကောင်းဆုံးရရှိနိုင်မှာ ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ Mi Mix စီးရီးဖုန်းတွေထဲမှာဆိုရင် သူ့အရင်ထွက်ခဲ့တဲ့ ဖုန်းတွေထက် ပိုပြီးကောင်းလာပါတယ်။ HDR စနစ်နဲ့ရိုက်ကူးနိုင်မှုကလည်း ရှေ့နောက်နှစ်မျိုးစလုံးမှာ တော်တော်လေး ကောင်းလာသလို Portarit ကိုလည်း ပတ်ဝန်းကျင်အလင်းမျိုးစုံမှာ ကောင်းစွာရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဒီဖုန်းမှာ ညပိုင်းရိုက်ကူးမှုအတွက် ပိုမိုကောင်းမွန်အောင် ဖန်တီးထားပြီး မတူညီတဲ့ exposure ရှိတဲ့ ဓာတ်ပုံ ၈ မျိုးကို တစ်ခါတည်း ဖမ်းယူရိုက်ကူးမယ့် Night Mode လုပ်ဆောင်ချက်အသစ် ပါ၀င်ပါတယ်။ ဒီလုပ်ဆောင်ချက်က သူ့အရင်ထွက်ထားတဲ့ Mi 8 ၊ Mi 8 Pro နဲ့ Mi Mix 2S တွေ ထွက်ထွက်ချင်းမှာ မပါ၀င်ပါဘူး။ ဒါပေမဲ့ ခုနောက်ထပ် update တွေမှာတော့ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါပြီ။ ဗီဒီယိုကိုတော့ 60fps နဲ့ 30fps နှစ်မျိုးစလုံးကို 4K အရည်အသွေးထိ အမြင့်ဆုံးထားပြီး ရိုက်ကူးနိုင်တာတွေ့ရပါတယ်။

ဘက်ထရီ

ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက တော်တော်လေးကောင်းတယ် ပြောရမှာပါ။ 3200mAh ပမာဏ ဘက်ထရီက ဗီဒီယိုတောက်လျှောက်ဖွင့်ပြီး စမ်းသပ်မှုမှာ နာရီ ၂ဝ အထိ အသုံးပြုနိုင်ပါတယ်။ ဒါက တခြားဘက်ထရီပမာဏ သိပ်မကွာတဲ့ဖုန်းတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မြင်ကွင်းအရွယ်အစားကြီးမားတဲ့ ဒီဖုန်းအတွက် တော်တော်ကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘက်ထရီ စနစ်အတွက် အားသွင်းမြန်ဆန်တဲ့ Quick Charge 4.0+ (18W) နည်းပညာနဲ့ 10Watt (၁၀ ၀ပ်) ကြိုးမဲ့ အားသွင်းနည်းပညာတွေ ထောက်ပံ့ပါ၀င်ပါတယ်။

သုံးသပ်ချက်

တခြားပြိုင်ဘက် Flagship စမတ်ဖုန်းတွေနဲ့ ကောင်းကောင်းယှဉ်နိုင်တဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတဲ့ ဒီဖုန်းက notch မကြိုက်တဲ့ သူတွေအတွက် ရွေးချယ်စရာတစ်ခုပါ။ ဘေးဘောင်မရှိတဲ့ မျက်နှာပြင်အပြည့်နဲ့ ထိပ်တန်းအရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ဖုန်းကို တခြား Flagship ဖုန်းတွေထက် သက်သာတဲ့ စျေးနှုန်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။