Xiaomi Mi Max 3 တြင္ Snapdragon 636 SoC ပါဝင္မည္

[Zawgyi]

ၿပီးခဲ့တဲ့လက ထြက္ေပၚလာခဲ့တဲ့ အသစ္ထြက္မယ့္ Xiaomi Mi Max 3 ရဲ႕ TENAA စာရင္းမွာ 1.8GHz octa-core processor ကို ျပသခဲ့တဲ့ေနာက္ Mi Max 3 မွာ Snapdragon 636 SoC ပါဝင္လာႏိုင္တယ္ဆိုတဲ့ ထင္ေၾကးေတြ ထြက္ေပၚလာခဲ့ပါတယ္။

အခုအခါမွာေတာ့ Mi Max 3 ဟန္းဆက္အစစ္ရဲ႕ ဓာတ္ပံုသစ္တစ္ပံု ထြက္ေပၚလာခဲ့ပါတယ္။ အဲ့ဒီဓာတ္ပံုမွာျပသထားတဲ့ ဖုန္းရဲ႕ display ေပၚက “About Phone” screen page မွာ Snapdragon 636 SoC ဆိုတာကို ေဖာ္ျပထားပါတယ္။

အေစာပိုင္းကထြက္ရိွခဲ့တဲ့ ေကာလာဟလသတင္းေတြမွာေတာ့ Mi Max 3 မွာ Snapdragon 660 chipset ပါဝင္လာမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့လည္း Redmi Note 5 Pro စမတ္ဖုန္းမွာ မိတ္ဆက္ေပးခဲ့တဲ့ Snapdragon 636 နဲ႔အတူ 4GB RAM, 64GB storage နဲ႔အတူ ေတြ႕ျမင္ရဖို႔ရိွပါတယ္။

ဒါ့အျပင္ Mi Max 3 ကို 6GB RAM, 128GB storage နဲ႔လည္း ရရိွႏိုင္မယ္လို႔ဆိုပါတယ္။ ေကာလာဟလသတင္းေတြအရ ဒီေမာ္ဒယ္ကို Mi Max 3 Pro လို႔ေခၚဆိုဖြယ္ရိွၿပီး Snapdragon 710 ပါဝင္လာဖြယ္ရိွပါတယ္။

Xiaomi Mi Max 3 မွာ အရြယ္ႀကီးမားၿပီး notch မပါတဲ့ ၆.၉ လက္မ display ပါဝင္လာမွာျဖစ္ပါတယ္။ အဲ့ဒီ display ဟာ 18:9 aspect ratio နဲ႔ FHD+ resolution ကို ေထာက္ပံ့ေပးႏိုင္ပါတယ္။ ေက်ာဘက္မွာ 12-megapixel + 5-megapixel dual camera setup ပါဝင္ပါတယ္။ ေကာလာဟလသတင္းေတြအရ ပင္မကင္မရာက Sony IMX363 နဲ႔ pixel အရြယ္အစားက 1.4-micron ျဖစ္တယ္လို႔ ဆိုပါတယ္။

Selfie ကင္မရာက 8-megapixel ျဖစ္ၿပီး ဘက္ထရီက 5,000mAh ျဖစ္တယ္လို႔သိရပါတယ္။

Mi Max 3 ကို ဇူလိုင္ ၁၉ ရက္မွာ တရားဝင္မိတ္ဆက္မွာျဖစ္ပါတယ္။

Ref: GizmoChina

-ေနာင္ေနာင္

[Unicode]

ပြီးခဲ့တဲ့လက ထွက်ပေါ်လာခဲ့တဲ့ အသစ်ထွက်မယ့် Xiaomi Mi Max 3 ရဲ့ TENAA စာရင်းမှာ 1.8GHz octa-core processor ကို ပြသခဲ့တဲ့နောက် Mi Max 3 မှာ Snapdragon 636 SoC ပါဝင်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အခုအခါမှာတော့ Mi Max 3 ဟန်းဆက်အစစ်ရဲ့ ဓာတ်ပုံသစ်တစ်ပုံ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံမှာပြသထားတဲ့ ဖုန်းရဲ့ display ပေါ်က “About Phone” screen page မှာ Snapdragon 636 SoC ဆိုတာကို ဖော်ပြထားပါတယ်။

အစောပိုင်းကထွက်ရှိခဲ့တဲ့ ကောလာဟလသတင်းတွေမှာတော့ Mi Max 3 မှာ Snapdragon 660 chipset ပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း Redmi Note 5 Pro စမတ်ဖုန်းမှာ မိတ်ဆက်ပေးခဲ့တဲ့ Snapdragon 636 နဲ့အတူ 4GB RAM, 64GB storage နဲ့အတူ တွေ့မြင်ရဖို့ရှိပါတယ်။

ဒါ့အပြင် Mi Max 3 ကို 6GB RAM, 128GB storage နဲ့လည်း ရရှိနိုင်မယ်လို့ဆိုပါတယ်။ ကောလာဟလသတင်းတွေအရ ဒီမော်ဒယ်ကို Mi Max 3 Pro လို့ခေါ်ဆိုဖွယ်ရှိပြီး Snapdragon 710 ပါဝင်လာဖွယ်ရှိပါတယ်။

Xiaomi Mi Max 3 မှာ အရွယ်ကြီးမားပြီး notch မပါတဲ့ ၆.၉ လက်မ display ပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒီ display ဟာ 18:9 aspect ratio နဲ့ FHD+ resolution ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ကျောဘက်မှာ 12-megapixel + 5-megapixel dual camera setup ပါဝင်ပါတယ်။ ကောလာဟလသတင်းတွေအရ ပင်မကင်မရာက Sony IMX363 နဲ့ pixel အရွယ်အစားက 1.4-micron ဖြစ်တယ်လို့ ဆိုပါတယ်။

Selfie ကင်မရာက 8-megapixel ဖြစ်ပြီး ဘက်ထရီက 5,000mAh ဖြစ်တယ်လို့သိရပါတယ်။

Mi Max 3 ကို ဇူလိုင် ၁၉ ရက်မှာ တရားဝင်မိတ်ဆက်မှာဖြစ်ပါတယ်။

Ref: GizmoChina

-နောင်နောင်