Xiaomi Mi Max 3 တွင် ၇ လက်မ display နှင့် 5,500mAh ဘက်ထရီ ပါဝင်မည်ဟုဆို

စမတ်ဖုန်း screen အရွယ်ခပ်ကြီးကြီးကို ကြိုက်နှစ်သက်သူတွေအတွက် စိတ်လှုပ်ရှားစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။

အဲ့ဒါကတော့ အသစ်ထွက်မယ့် Xiaomi Mi Max မှာ အရွယ်ကြီးမားတဲ့ ၇ လက်မ display ပါဝင်လာမယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဒါဟာ Mi Max 3 မှာ 18:9 panel နဲ့ ဖုန်းရဲ့ထိပ်ဘက်နဲ့ အောက်ခြေမှာ ပါးလျတဲ့ bezel တွေ ပါဝင်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒါ့အပြင် Mi Max 3 မှာ 5,500mAh ဘက်ထရီတစ်ခု ပါဝင်လာမယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ကျောဘက်မှာ dual camera setup တစ်ခုပါဝင်ပြီး Quick Charge 3.0 ကိုလည်း ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

SoC အနေနဲ့ ဗားရှင်းတစ်မျိုးမှာ Snapdragon 630 ပါဝင်ပြီး ကျန်တစ်မျိုးမှာတော့ Snapdragon 660 ပါဝင်မယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena