Xiaomi Mi CC9 ဓာတ္ပုံထြက္ရွိလာ

[ Zawgyi ]

Xioami ဟာ လာမယ့္အပတ္အတြင္း Mi CC9 ထုတ္ကုန္ကုိ ထုတ္ေဖာ္မိတ္ဆက္မွာ ျဖစ္ပါတယ္။ Mi CC9 ထုတ္ကုန္မွာ ေက်ာဘက္ကင္မရာ 48MP နဲ႔ ေရွ႕ကင္မရာ 32MP တို႔ပါဝင္လာပါတယ္။ အခုဆိုရင္ Mi CC9 ဓာတ္ပုံကုိ အြန္လိုင္းကေန ျဖန္႔ခ်ိလိုက္ၿပီ ျဖစ္ၿပီး ဒီလအေစာပုိင္း TENAA စာရင္းထဲမွာလည္း ပါဝင္လာပါတယ္။ Xiaomi Mi CC9 အျဖဴေရာင္ေမာ္ဒယ္မွာ ေဒါင္လုိက္ပုံစံ ကင္မရာ ၃ လုံး ပါဝင္လာတာကို ဓာတ္ပုံမွာ ျမင္ေတြ႕ရပါတယ္။

ဖုန္းဒီဇိုင္းက vivo iQOO, အျဖဴေရာင္ Huawei P30 Pro နဲ႔ Samsung Galaxy S10 အျဖဴေရာင္တုိ႔နဲ႔ ဆင္ပါတယ္။ ဖုန္းမွာ USB-C နဲ႔ေအာက္ေျခမွာ စပီကာပါဝင္လာသလုိ 3.5mm နားၾကပ္ေပါက္၊ ဆူညံမႈကို ေလွ်ာ႔ခ်ေပးတဲ့မိုက္နဲ႔ ဖုန္းထိပ္ဘက္မွာ IR port တို႔ပါဝင္ကာ ေဘးဘက္မွာေတာ့ အသံအတိုး၊ အက်ယ္နဲ႔ ပါဝါခလုတ္တို႔ ပါဝင္လာပါတယ္။

Xiaomi အေနနဲ႔ ဇူလိုင္ ၂ ရက္မွာ Mi CC9 ကုိမိတ္ဆက္မယ့္ ပြဲဖိတ္စာကုိ ေဝငွထားၿပီ ျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Xioami ဟာ လာမယ့်အပတ်အတွင်း Mi CC9 ထုတ်ကုန်ကို ထုတ်ဖော်မိတ်ဆက်မှာ ဖြစ်ပါတယ်။ Mi CC9 ထုတ်ကုန်မှာ ကျောဘက်ကင်မရာ 48MP နဲ့ ရှေ့ကင်မရာ 32MP တို့ပါဝင်လာပါတယ်။ အခုဆိုရင် Mi CC9 ဓာတ်ပုံကို အွန်လိုင်းကနေ ဖြန့်ချိလိုက်ပြီ ဖြစ်ပြီး ဒီလအစောပိုင်း TENAA စာရင်းထဲမှာလည်း ပါဝင်လာပါတယ်။ Xiaomi Mi CC9 အဖြူရောင်မော်ဒယ်မှာ ဒေါင်လိုက်ပုံစံ ကင်မရာ ၃ လုံး ပါဝင်လာတာကို ဓာတ်ပုံမှာ မြင်တွေ့ရပါတယ်။

ဖုန်းဒီဇိုင်းက vivo iQOO, အဖြူရောင် Huawei P30 Pro နဲ့ Samsung Galaxy S10 အဖြူရောင်တို့နဲ့ ဆင်ပါတယ်။ ဖုန်းမှာ USB-C နဲ့အောက်ခြေမှာ စပီကာပါဝင်လာသလို 3.5mm နားကြပ်ပေါက်၊ ဆူညံမှုကို လျှော့ချပေးတဲ့မိုက်နဲ့ ဖုန်းထိပ်ဘက်မှာ IR port တို့ပါဝင်ကာ ဘေးဘက်မှာတော့ အသံအတိုး၊ အကျယ်နဲ့ ပါဝါခလုတ်တို့ ပါဝင်လာပါတယ်။

Xiaomi အနေနဲ့ ဇူလိုင် ၂ ရက်မှာ Mi CC9 ကိုမိတ်ဆက်မယ့် ပွဲဖိတ်စာကို ဝေငှထားပြီ ဖြစ်ပါတယ်။

Ref: GSMArena