Xiaomi Mi CC ရဲ႕ပထမဆုံး ေၾကာ္ျငာဗီဒီယို ထြက္ေပၚလာ

[ Zawgyi ]

Xiaomi ဟာ လူငယ္ေတြအတြက္ CC စီးရီးစမတ္ဖုန္းေတြကုိ ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ အခုဆိုရင္ အင္တာနက္မွာ ေက်ာ္ၾကားေနတဲ့ အသက္ ၈ ႏွစ္အရြယ္ ဂါဗင္ေသာမတ္စ္က CC9e ဖုန္းနဲ႔ selfie ႐ိုက္ကူးေနတဲ့ ေၾကာ္ျငာဗီဒီယိုကုိ Xiaomi ကတင္ခဲ့ပါတယ္။

Mi CC9e ရဲ႕တရားဝင္ဓာတ္ပုံလည္း အြန္လိုင္းမွာ ထြက္ရွိလာပါတယ္။ Mi CC9e ဟာ Mi 9 နဲ႔အလြန္ဆင္တူၿပီး Mi 9 SE ရဲ႕ကင္မရာ notch လည္းပါဝင္လာပါတယ္။

သတင္းေတြရဲ႕ အေစာပုိင္းေဖာ္ျပခ်က္အရ Mi CC9e မွာ ၆.၃၉ လက္မ မ်က္ႏွာျပင္ ပါဝင္လာႏိုင္ပါတယ္။ ေရွ႕ကင္မရာက 32MP ျဖစ္ၿပီး ေက်ာဘက္မွာ 48MP ကင္မရာတစ္လုံးပဲ ပါဝင္လာပါတယ္။ အျခားအခ်က္အလက္ေတြကေတာ့ Snapdragon 712 SoC နဲ႔ 4,000mAh ဘက္ထရီတို႔ ပါဝင္လာပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Xiaomi ဟာ လူငယ်တွေအတွက် CC စီးရီးစမတ်ဖုန်းတွေကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် အင်တာနက်မှာ ကျော်ကြားနေတဲ့ အသက် ၈ နှစ်အရွယ် ဂါဗင်သောမတ်စ်က CC9e ဖုန်းနဲ့ selfie ရိုက်ကူးနေတဲ့ ကြော်ငြာဗီဒီယိုကို Xiaomi ကတင်ခဲ့ပါတယ်။

Mi CC9e ရဲ့တရားဝင်ဓာတ်ပုံလည်း အွန်လိုင်းမှာ ထွက်ရှိလာပါတယ်။ Mi CC9e ဟာ Mi 9 နဲ့အလွန်ဆင်တူပြီး Mi 9 SE ရဲ့ကင်မရာ notch လည်းပါဝင်လာပါတယ်။

သတင်းတွေရဲ့ အစောပိုင်းဖော်ပြချက်အရ Mi CC9e မှာ ၆.၃၉ လက်မ မျက်နှာပြင် ပါဝင်လာနိုင်ပါတယ်။ ရှေ့ကင်မရာက 32MP ဖြစ်ပြီး ကျောဘက်မှာ 48MP ကင်မရာတစ်လုံးပဲ ပါဝင်လာပါတယ်။ အခြားအချက်အလက်တွေကတော့ Snapdragon 712 SoC နဲ့ 4,000mAh ဘက်ထရီတို့ ပါဝင်လာပါတယ်။

Ref: GSMArena