Xiaomi Mi Box 4 နဲ့ 4c ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ရောင်းချမည်

ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက်မှာ Mi Box 4 နဲ့ ဈေးသက်သာတဲ့ Mi Box 4c တို့ကို Xiaomi က တရုတ်ဈေးကွက်အတွက် တရားဝင်မိတ်ဆက် ကြေညာလိုက်ပါတယ်။

နိုင်ငံတကာဈေးကွက်အတွက် Xiaomi က Mi Box ထုတ်ကုန်တစ်ခုကိုသာ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ တရုတ်ဈေးကွက်အတွက်သာ ဖြန့်ချိထားတဲ့ ထုတ်ကုန်တွေမှာ Android TV အစား custom MIUI TV ကို အသုံးပြုထားပါတယ် ။

Mi Box 4 ဟာ ecosystem ထုတ်ကုန်တစ်ခုဖြစ်ပြီး အခြား Mi ထုတ်ကုန်တွေရဲ့ message တွေကို ကိုယ့်ရဲ့ TV ပေါ်ကို လက်ဆင့်ကမ်းပေးနိုင်သလို remote ကနေလည်း voice command တွေကို လက်ခံနိုင်ပါတယ်။ Mi Box 4 ဟာ ထုတ်ကုန်နှစ်ခုထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ပြီး VP9 အတွက် hardware decoding အထောက်အပံ့မပါတဲ့ Amlogic S05L chipset ကို အသုံးပြုထားပါတယ်။ နိုင်ငံတကာဈေးကွက်မှာဖြန့်ချိမယ့် Mi Box မှာတော့ YouTube က အဓိကထားသုံးတဲ့ royalty-free codec အထောက်အပံ့ပါဝင်တဲ့ Amlogic S905X-H ကို အသုံးပြုထားပါတယ်။

တန်ဖိုးက Mi Box 4 အတွက် ၅၅ ဒေါ်လာ၊ 4c အတွက် ၃၉ ဒေါ်လာ အသီးသီးဖြစ်ပါတယ်။ ရောင်းချမှုကိုတော့ ဖေဖော်ဝါရီ ၁ ရက်မှာ စတင်သွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: AndroidPolice