Xiaomi Mi Band 5

Xiaomi က အသစ် ထပ်မံထုတ်လိုက်တဲ့ Mi Band 5 ဖြစ်ပါတယ်။ IP 67 ဖြစ်တဲ့အတွက် ရေလုံတဲ့အပြင် ရေအောက် မီတာ ၅၀ အထိ နာရီဝက်အကြာ စိမ်နိုင်တဲ့ ကျန်းမာရေးအထောက်အကူပြု Band ဖြစ်ပါတယ်။ ပုံစံကတော့ အရင်ထွက်ခဲ့ Mi Band 4 နဲ့ ဆင်သလိုရှိပါတယ်။ ၁.၁ လက်မ AMOLED display နဲ့ ဖြစ်တဲ့အတွက် မျက်နှာပြင်က ဝ.၉၅ လက်မရှိတဲ့ Mi Band 4 ထက် အနည်းငယ် ပိုကျယ်ပြန့်ပါတယ်။ Theme ပေါင်း 100 အထိ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

BT Version 5.0 ထောက်ပံ့ပေးထားပါတယ်။ Heart rate sensor, SpO2 sensor – Blood Oxygen Sensor,NFC – On some variants, Accelerometer, Barometer, Proximity sensor တွေ ထောက်ပံံ့ပေးထားပါတယ်။ တပ်ဆင်ထားသူရဲ့နှလုံးခုန်နှုန်း ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ ကယ်လိုရီ လောင်ကျွမ်းမှုနှုန်း၊ အိပ်စက်အနားယူမှု အဆင့် အနေအထား၊ နှိုးစက်၊ လှုပ်ရှားမှုအမျိုးမျိုးရဲ့ မှတ်တမ်း၊၊ နေ့စဉ်ပျမ်းမျှနှုန်းထားများအပြင် ဆိုရှယ်မီဒီယာမှပါ အချက်အလက်တွေကို ဝေမျှနိုင်တဲ့ လုပ်ဆောင်ချက် စတာတွေ ပါဝင်ပါတယ်။ Calls, Messages, App notifications, Alarms, Calendar, Music controls, Remote camera control, Find my phone အပြင် အိပ်ပျော်နေစဉ်မှာ ကိုယ့်ရဲ့ အခြေအနေကိုလည်း Monitoring လုပ်ပေးမှာဖြစ်ပါတယ်။

Li-polymer 125mAh ဘက်ထရီ ထောက်ပံ့ထားပြီး ၁၄ ရက် ဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Magnetic dock စတိုင်နဲ့ အားသွင်းရမှာ ဖြစ်ပါတယ်။ တန်ဖိုးက ၅၀,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄၊ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း ၀၉ ၄၂၂၂၉၄၈၈၄၊ ၃၄၆၀၃၈၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ