Xiaomi Mi 9T Pro

Price : 659,000 Ks (RAM 6GB/1282GB ROM)

အားသာချက်

ပရီမီယံဒီဇိုင်း၊ Flagship spec နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

ရေစိုခံနိုင်တဲ့ ဖုန်းအမျိုးအစား မဟုတ်သလို Mono စပီကာစနစ်ကို အသုံးပြုထားတာတွေက ဒီဖုန်းရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ကြီးမားတဲ့ မြင်ကွင်းကျယ် ဖုန်းဒီဇိုင်းက ဆွဲဆောင်မှုရှိသလို ရှေ့ကင်မရာကို Pop-up selfie ကင်မရာအနေနဲ့ ထည့်သွင်းထားတဲ့ အတွက် မြင်ကွင်းအပြည့် ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး ကျောဘက် ဘယ်ညာထောင့်ကွေးဒီဇိုင်းကလည်း ကိုင်ရတာ လက်ထဲမှာ အံဝင်ခွင်ကျရှိပေမယ့် အနည်းငယ်ချောတယ်လို့ ခံစားရပါတယ်။ ကိုယ်ထည်က ထူထဲမှုမရှိတာကလည်း သဘောကျစရာပါ။ ပါဝါခလုတ်နဲ့ အသံ အတိုးအကျယ် ခလုတ်တွေကို ဖုန်းရဲ့ညာဘက်ဘောင်ထဲမှာ ထည့်သွင်းထားပြီး အောက်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက်နဲ့ Mono စပီကာတွေကို USB အားသွင်းပေါက်ရဲ့ တစ်ဖက်တစ်ချက်စီမှာ တပ်ဆင်ထားပါတယ်။

၆.၃၉ လက်မရှိတဲ့ Display က Super AMOLED display အမျိုးအစားဖြစ်ပြီး 1080×2340 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ၈၆.၁ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19.5:9 ရှိတဲ့ မျက်နှာပြင်ဖြစ်ပါတယ်။ အလေးချိန် ၁၉၁ ဂရမ်ရှိပါတယ်။ မြင်ကွင်းနဲ့ ဘက်ထရီကြီးမားတဲ့ အတွက် ဖုန်းက ကိုင်ရတာ အနည်းငယ်လေးတယ်လို့ ခံစားရမှာပါ။

စွမ်းဆောင်ရည်

ဒီဖုန်းမှာ အမြန်နှုန်း 2.8 GHz ရှိတဲ့ Qualcomm Snapdragon 855 (7nm) Octa-core processor ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB နဲ့ သိုလှောင်နိုင်မှုပမာဏ 128 GB ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 640 GPU ထောက်ပံ့ပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သလို စပီကာကတော့ mono စပီကာမှာ aptX HD audio နည်းပညာ ထောက်ပံ့ပါဝင်ပါတယ်။ Android 9.0 (Pie) အခြေပြု MIUI 10 အသုံးပြုထားပြီး ဒီမှာ စုံလင်လှတဲ့ လုပ်ဆောင်ချက်တွေ အပြင် မျက်နှာနဲ့ ဖုန်းကို unlock လုပ်နိုင်တဲ့ Face unlock နဲ့ under-display လက်ဗွေစနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီဖုန်းက စွမ်းဆောင်ရည်ပိုင်းက တခြား flagship ဖုန်းတွေလိုမျိုး AnTuTu ရဲ့ ရလဒ်ကို အမြင့်ဆုံးရရှိထားသလို Geekbench မှတ်တွေကလည်း အထင်ကြီးစရာ ကောင်းလှပါတယ်။ အသံထွက်ကျယ်လောင်မှုရှိပေမယ့် စပီကာကို လက်နဲ့ ပိတ်မိရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။

ကင်မရာ

Mi 9T Pro ရဲ့ ကျောဘက်မှာ နောက်ပိုင်းမြင်နေကျပုံစံဖြစ်တဲ့ မြင်ကွင်းကျယ် wide ကင်မရာ၊ ultrawide ကင်မရာ၊ telephoto ကင်မရာ သုံးလုံးကို တပ်ဆင်ထားပြီး သူ့ရဲ့ ကင်မရာတပ်ဆင်ထားပုံက Sony Xperia 1 နဲ့ LG V50 ThinQ တို့ပုံစံနဲ့ တူပါတယ်။ ရှေ့ဘက်ကတော့ Apeature f/2.2 ရှိတဲ့ 20MP ကင်မရာက wide ကင်မရာ ဖြစ်ပါတယ်။ ကင်မရာစနစ်မှာ AI နည်းပညာထောက်ပံ့ပါဝင်ပြီး နေ့ဘက်နဲ့ ညပိုင်း ရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ဓာတ်ပုံရဲ့ကာလာပိုင်း မှန်ကန်ကောင်းမွန်ပါတယ်။ ရှေ့ဘက် selfie ကင်မရာကလည်း ညပိုင်းရိုက်ကူးမှုတွေမှာ ကျောဘက်ကင်မရာလိုပဲ ကျေနပ်စရာပါ။ ဒါပေမယ့် ကင်မရာပိုင်းမှာ PDAF နည်းပညာကလွဲရင် OIS စနစ်တော့ ထောက်ပံ့ပါဝင်ခြင်း မရှိပါဘူး။ 30fps/60fps ဗီဒီယိုကို 4K အရည်အသွေးနဲ့ အမြင့်ဆုံးအသုံးပြုရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစနစ်မှာ PDAF၊ Dual LED flash ၊ panorama နဲ့ HDR စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။

ဘက်ထရီ

Li-Po 4000mAh ပမာဏဘက်ထရီက နံနက်ကနေ ညအထိ ဗီဒီယို ကြည့်တာကို ၂၀ ရာခိုင်နှုန်းလောက် ကျန်သေးတဲ့အပြင် Screen Brightness အမြင့်ဆုံးနဲ့ Full HD ဗီဒီယိုကို မိနစ် ၉၀ လောက် ကြည့်တာကို ဘက်ထရီ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကုန်တာက နှစ်သက်စရာကောင်းလွန်းတဲ့ အချက်ပါ။ ဘက်ထရီစနစ်အတွက် Quick Charge 4+ (27W Fast Charging) အားသွင်းမြန်ဆန်တဲ့စနစ် ထောက်ပံ့ပါဝင်ပြီး ၁ နာရီနဲ့ ဖုန်းကို အားအပြည့်သွင်းနိုင်မှာဖြစ်ပါတယ်။

သုံးသပ်ချက်

Mi 9T Pro က အလယ်အလတ်ဖုန်းအမျိုးအစားထဲမှာ ပေးရတဲ့ဈေးနဲ့နှိုင်းစာရင် မြင့်မားတဲ့ flagship အရည်အသွေး စွမ်းဆောင်ရည်ပိုင်းကို ပိုင်ဆိုင်ထားတဲ့ ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ ဒီဇိုင်းပိုင်းလည်းဆွဲဆောင်မှုရှိသလို ကင်မရာစနစ်ကလည်း ကျေနပ်စရာပါ။ ကောင်းမွန်တဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည် ရှိသလို ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တာ ကျေနပ်စရာပါ။ ဖုန်းရဲ့ overall စွမ်းဆောင်ရည်ပိုင်းက ကျေနပ်စရာကောင်းလှပေမယ့် စပီကာကတော့ mono စပီကာစနစ်ကိုပဲ အသုံးပြုထားတာနဲ့ ရေစိုခံနိုင်မှုမရှိတာတွေက လွဲရင် မြင်ကွင်းကျယ်ဖုန်းတွေ စိတ်ဝင်စားတဲ့သူတွေ၊ ဖုန်းကို အွန်လိုင်းဂိမ်း၊ ဂရပ်ဖစ်ဂိမ်းကြီးတွေ ကစားချင်သူတွေအပြင် ဒီဇိုင်းလှပြီး ကင်မရာကောင်းတဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ အသုံးပြုချင်သူတွေအတွက် ဒီဖုန်းက ထိပ်တန်းရွေးချယ်စရာပါ။

GSM  LTE
SIM Dual Nano-SIM
Display Super AMOLED capacitive touchscreen, 6.39 inches (19.5:9 ratio)
OS MIUI 10_Android 9.0 (Pie)
CPU Qualcomm SDM855 Snapdragon 855 (7 nm)
GPU Adreno 640
Camera 48 MP, f/1.8 (wide) + 2MP, f/2.4 (telephoto) + 13 MP, f/2.4 (ultrawide), PDAF, Laser AF, Dual-LED flash, HDR, panorama; Front Pop-up 20 MP, f/2.2 (wide)
Battery Non-removable Li-Po 4000 mAh
Internal  128 GB; RAM 6 GB, no card slot
Others  Fingerprint (under display), Quick charge 4+ (27W), Wi-Fi 802.11 b/g/n/ac, Bluetooth 5.0, Type-C 1.0, USB OTG
Display
Performance
Camera
Battery
Hand On
Over All

-ရဲထွဋ်ဝင်း