Xiaomi Mi 9

[ Zawgyi ]

Price : (685,000 Ks)

အားသာခ်က္

စြမ္းေဆာင္ရည္ ျမင့္မားေကာင္းမြန္တဲ့ Chipset နဲ႔ အထင္ႀကီးစရာ ေကာင္းေလာက္တဲ့ ကင္မရာစနစ္ေတြအျပင္ ေစ်းႏႈန္းကလည္း လူတုိင္းသုံးစြဲဖို႔အတြက္ သင့္တင့္မွ်တမႈရွိတာေတြက ဒီဖုန္းရဲ႕ အားသာခ်က္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ အဆင့္ျမင့္လုပ္ေဆာင္ခ်က္ေတြျဖစ္တဲ့ under display လက္ေဗြစနစ္၊ NFC နဲ႔ Bluetooth 5.0 စနစ္ေတြ ေထာက္ပံ့ ပါ၀င္တာက ဒီဖုန္းရဲ႕ အားသာခ်က္ပဲျဖစ္ပါတယ္။

အားနည္းခ်က္

ဘက္ထရီက ပုံမွန္ အသုံးျပဳႏုိင္႐ုံေလာက္ပဲရွိၿပီး ကင္မရာပိုင္းမွာ OIS စနစ္ မပါ၀င္တဲ့အတြက္ ေရစိုခံအမ်ဳိးအစား မဟုတ္ပါဘူး။

စြမ္းေဆာင္ရည္

ဒီဖုန္းမွာ Qualcomm ရဲ႕ ေနာက္ဆုံးမ်ဳိးဆက္ Snapdragon 855 chip ကို အသုံးျပဳထားၿပီး RAM 6GB နဲ႔ သိုေလွာင္ႏုိင္မႈပမာဏ 64GB ရွိပါတယ္။ Multi-core အသုံးျပဳႏုိင္မႈ ရမွတ္အေနနဲ႔ ၁၀,၃၁၆ ထိရွိၿပီး ဒီရလဒ္က Galaxy S10 Plus နဲ႔ iPhone XS တို႔နီးပါး ျမင့္မားေကာင္းမြန္မႈရွိတဲ့ ရလဒ္ျဖစ္ပါတယ္။ PUBG ကို အျမင့္ဆုံးစနစ္နဲ႔ ေဆာ့ကစားမႈကိုိ အထစ္အေငါ့မရွိ ကစားႏုိင္သလို အခ်ိန္ၾကာၾကာ ဂိမ္းကစားတာနဲ႔ ဗီဒီယုိၾကည့္႐ႈမႈေတြ ျပဳလုပ္တဲ့အခါမွာ ဖုန္းကိုယ္ထည္ အနည္းငယ္ပူေႏြးလာတာ သတိျပဳစရာပါ။ အသံထြက္ပိုင္းကေတာ့ သာမန္ေလာက္ပဲရွိတယ္လို႔ ခံစားရပါတယ္။ OS အေနနဲ႔ Android 9.0 Pie အေျချပဳ MIUI 10 ကို ထည့္သြင္းထားပါတယ္။

in-screen လက္ေဗြစနစ္က ပုံမွန္ အသုံးျပဳေနက် လက္ေဗြစနစ္နဲ႔ ႏိႈႈင္းယွဥ္မယ္ဆိုရင္ေတာ့ အနည္းငယ္ ေႏွးတယ္လို႔ ခံစားရပါတယ္။

ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္

ေထာင့္ေကြးဒီဇိုင္းမ်က္ႏွာျပင္နဲ႔ ေက်ာဘက္ကာဗာကိုလည္း မွန္တစ္ထပ္ ဖုံးအုပ္ထားတဲ့ပုံစံက ကိုင္ရတာ သက္ေသာင့္သက္သာ ျဖစ္တယ္လို႔ ခံစားရသလို ေနာက္ဘက္ကာဗာကလည္း ေရာင္ေျပးကလည္း ပရီမီယံဆန္တယ္လို႔ ဆိုရမွာပါ။ ေတာက္ပေကာင္းမြန္တဲ့ ျမင္ကြင္းက ဗီဒီယုိၾကည့္႐ႈမႈနဲ႔ ဂိမ္းကစားမႈအတြက္ ေက်နပ္စရာေကာင္းပါတယ္။ ပါ၀ါခလုတ္နဲ႔ အသံအတိုးအက်ယ္ခလုတ္က ဖုန္းျမင္ကြင္းရဲ႕ ညာဘက္ေဘာင္မွာပါ၀င္ၿပီး ဘယ္ဘက္ေဘာင္ထဲမွာေတာ့ Google Assistant ခလုတ္ပါ၀င္ပါတယ္။ USB-C port ကေတာ့ ဖုန္းရဲ႕ ေအာက္ဘက္ေဘာင္မွာပါ၀င္ၿပီး 3.5mm နားၾကပ္ေပါက္ေတာ့ မပါ၀င္ပါဘူး။

မ်က္ႏွာျပင္အရြယ္အစား ၆.၃၉ လက္မရွိတဲ့ Super AMOLED Display က မ်က္ႏွာျပင္အျပည့္နီးပါး ပါ၀င္သလို ႐ုပ္ထြက္အရည္အေသြး 2340×1080 pixel အထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ Screen raito က 19.5:9 ရွိၿပီး ဖုန္းကိုယ္ထည္မွာ ျမင္ကြင္းပါ၀င္မႈရာခုိင္ႏႈန္း ၈၅.၂ ရာခုိင္ႏႈန္း ရွိပါတယ္။ ၁၇၃ ဂရမ္ အေလးခ်ိန္က အနည္းငယ္ကိုင္ရတာ ေလးတယ္လို႔ ခံစားရမွာ ျဖစ္ပါတယ္။

ကင္မရာ

ေက်ာဘက္ကင္မရာက 48MP အမ်ဳိးအစား apeature f/1.75 ရွိတဲ့ ျမင္ကြင္းက်ယ္ Wide-angle ကင္မရာတစ္လုံး၊ 16 MP အမ်ဳိးအစား apeature f/2.2 ရွိတဲ့ ultra-wide ကင္မရာတစ္လုံး၊ 12 MP အမ်ဳိးအစား apeature f/2.2 ရွိတဲ့ telephoto ကင္မရာတစ္လုံး စုစုေပါင္း ၃ လုံးပါ၀င္ၿပီး ေရွ႕ဘက္ကေတာ့ 20 MP အမ်ဳိးအစား apeature f/2.0 ရွိတဲ့ selfie ကင္မရာတစ္လုံးကို ဖုန္းျမင္ကြင္းထဲမွာ မ်က္ရည္စက္ပုံ notch ပုံစံနဲ႔ ထည့္သြင္းတပ္ဆင္ထားပါတယ္။ AF စနစ္၊ PDAF Dual pixel 2 sensors စနစ္ေတြ ေထာက္ပံ့ပါ၀င္ပါတယ္။ ဓာတ္ပုံအရည္အေသြးပိုင္း ၾကည္လင္ျပတ္သားေကာင္းမြန္သလို ကာလာပိုင္းလည္း ေက်နပ္စရာပါ။ AI စနစ္ေထာက္ပံ့ပါ၀င္တဲ့အတြက္ Portrait ဓာတ္ပုံေတြကို အေကာင္းဆုံး႐ိုက္ကူးႏုိင္မွာျဖစ္သလုိ ျမန္ဆန္တဲ့ AF စနစ္က ေက်နပ္စရာ ေကာင္းလွပါတယ္။ ultra-wide အေနနဲ႔ ၁၁၇ ဒီဂရီ ျမင္ကြယ္းက်ယ္ဓာတ္ပုံေတြ ႐ိုက္ကူးႏုိင္မွာျဖစ္ၿပီးပါတယ္။

ေရွ႕ေနာက္ကင္မရာစနစ္ေတြက ေန႔ဘက္ ႐ိုက္ကူးမႈအတြက္ ေကာင္းမြန္ၿပီး ပတ္၀န္းက်င္ အလင္းအားနည္းတဲ့ ညပိုင္း႐ိုက္ကူးမႈ ဓာတ္ပုံေတြက သဘာ၀က် လွပေပမယ့္ စိတ္တုိင္းက် ျဖစ္ေလာက္ေအာင္ေတာ့ မဆြဲေဆာင္ႏုိင္ပါဘူး။ ဒီဖုန္းမွာ OIS (Optical Image Stabilizations) စနစ္ေတာ့ ေထာက္ပံ့ပါ၀င္မႈ မရွိပါဘူး။ ဗီဒီယုိကိုေတာ့ 4K အရည္အေသြးနဲ႔ ႐ုိက္ကူးႏုိင္မွာျဖစ္္ပါတယ္။

ဘက္ထရီ

3300 mAh ပမာဏ ဘက္ထရီက ၆ လက္မနီးပါး ျမင္ကြင္း အရြယ္အစားရွိတဲ့ ဒီဖုန္းအတြက္ နည္းတယ္လို႔ ဆိုရမွာျဖစ္သလို ျမင့္မားတဲ့ စြမ္းေဆာင္ရည္ရွိတဲ့ဒီဖုန္းကို အခ်ိန္တုိင္း အသုံးျပဳမႈအတြက္ လုံေလာက္တယ္ဆို႐ုံေလးပဲ ရွိမွာျဖစ္ပါတယ္။ တစ္နာရီေလာက္ အြန္လုိင္းမွာ သတင္းအသစ္ေတြၾကည့္႐ႈတာနဲ႔ကို ၁၀ ရာခုိင္ႏႈန္းနဲ႔ ၂ဝ ရာခုိင္ႏႈန္းၾကားေလာက္ ေလ်ာ့နည္းသြားတာက နည္းနည္းအကုန္ျမန္တယ္လို႔ ခံစားရပါတယ္။ ေနာက္ၿပီးေတာ့ အားသြင္းျမန္ဆန္တဲ့ Quick Charge 4+ အားသြင္းစနစ္က ဘက္ထရီ ၉ဝ ရာခုိင္ႏႈန္းေလာက္ ျပည့္ဖို႔ကို ၄၅ မိနစ္ေလာက္ ၾကာျမင့္ေပမယ့္ ႀကိဳးမဲ့အားသြင္းစနစ္က ၈ဝ ရာခုိင္ႏႈန္းေလာက္ကို မိနစ္ ၃၀ ခန္႔ပဲ ၾကာျမင့္တဲ့အတြက္ ႀကိဳးမဲ့စနစ္က ေတာ္ေတာ္ေလးျမန္တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

သံုးသပ္ခ်က္

အဆင့္ျမင့္လုပ္ေဆာင္ခ်က္ေတြ ပါ၀င္လာတဲ့ Xiaomi Mi9 က စြမ္းေဆာင္ရည္ပိုင္း ျမင့္မားေကာင္းမြန္သလို Flagship ထုတ္ကုန္အမ်ဳိးအစားကို ေစ်းသက္သက္သာသာနဲ႔ အသုံးျပဳႏုိင္တယ္လို႔ ဆိုရမွာပါ။ Chipset ပိုင္း၊ ကင္မရာပိုင္း၊ လက္ေဗြစနစ္ေတြအျပင္ ဂိမ္းကစားဖို႔ျဖစ္ျဖစ္၊ ဓာတ္ပုံနဲ႔ ဗီဒီယုိ႐ိုက္ကူးဖို႔ျဖစ္ျဖစ္ ေတာ္ေတာ္ေလးအဆင္ေျပ ေကာင္းမြန္ပါတယ္။ ဒါေပမဲ့ ဖုန္းက အခ်ိန္ၾကာၾကာ အသုံးျပဳလာတဲ့အခါမွာ ဖုန္းကိုယ္ထည္ အနည္းငယ္ပူေႏြးလာတာ ကင္မရာမွာ OIS စနစ္ မပါ၀င္တာအျပင္ ဒီဖုန္းက ေရစိုခံအမ်ဳိးအစား မဟုတ္ပါဘူး။ ေနာက္တစ္ခုက ဘက္ထရီပိုင္းက ျမင္ကြင္းႀကီးမားတဲ့ ဖုန္းျဖစ္သလို ဘက္ထရီအသုံးျပဳမႈမ်ားတဲ့ အဆင့္ျမင့္နည္းပညာေတြ ေထာက္ပံ့ပါ၀င္တဲ့ ဒီဖုန္းအတြက္ လုံေလာက္မႈရွိ႐ုံေလာက္ပဲ ရွိတယ္လို႔ဆိုရမွာပါ။ မိမိအေနနဲ႔ ေစ်းႏႈန္းသက္သာၿပီး ေနာက္ဆုံးေပၚ အဆင့္ျမင့္နည္းပညာေတြ ေထာက္ပံ့ပါ၀င္တဲ့ Flagship ေမာ္ဒယ္စမတ္ဖုန္းတစ္လုံးကို ကိုင္ခ်င္တယ္ဆိုရင္ေတာ့ Xiaomi Mi9 က ေရြးခ်ယ္သင့္တဲ့ ဖုန္းတစ္လုံးျဖစ္သလို သူ႔ရဲ႕ေစ်းနဲ႔ စြမ္းေဆာင္ရည္အရ ဆိုရင္လည္း သုံးရတာတန္တယ္လို႔ ခံစားရမယ့္ ဖုန္းတစ္လုံးျဖစ္ပါတယ္။

GSM LTE
SIM Dual SIM (Nano-SIM, dual stand-by)
Display Super AMOLED capacitive touchscreen, 6.39 inches (19.5:9 ratio)
OS Android 9.0 (Pie); MIUI 10
CPU Octa-core (1×2.84 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.8 GHz Kryo 485)
GPU Adreno 640
Camera 48 MP (f/1.8) wide, 12 MP (f/2.2) telephoto, 16 MP (f/2.2) ultrawide, Dual PDAF, Dual LED flash, HDR, panorama; Front 20 MP (f/2.0)
Battery Non-removable Li-Po 3300 mAh
Internal
64 GB; RAM 6 GB; no Card Slot
Others Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, Fingerprint (under display), NFC, USB On-The-Go, Quick charging 4+ (27W), Fast wireless charging (20W)
Display
Performance
Camera
Battery
Hand On
Over All

[ Unicode ]

Price : (685,000 Ks)

အားသာချက်

စွမ်းဆောင်ရည် မြင့်မားကောင်းမွန်တဲ့ Chipset နဲ့ အထင်ကြီးစရာ ကောင်းလောက်တဲ့ ကင်မရာစနစ်တွေအပြင် စျေးနှုန်းကလည်း လူတိုင်းသုံးစွဲဖို့အတွက် သင့်တင့်မျှတမှုရှိတာတွေက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့်လုပ်ဆောင်ချက်တွေဖြစ်တဲ့ under display လက်ဗွေစနစ်၊ NFC နဲ့ Bluetooth 5.0 စနစ်တွေ ထောက်ပံ့ ပါ၀င်တာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီက ပုံမှန် အသုံးပြုနိုင်ရုံလောက်ပဲရှိပြီး ကင်မရာပိုင်းမှာ OIS စနစ် မပါ၀င်တဲ့အတွက် ရေစိုခံအမျိုးအစား မဟုတ်ပါဘူး။

စွမ်းဆောင်ရည်

ဒီဖုန်းမှာ Qualcomm ရဲ့ နောက်ဆုံးမျိုးဆက် Snapdragon 855 chip ကို အသုံးပြုထားပြီး RAM 6GB နဲ့ သိုလှောင်နိုင်မှုပမာဏ 64GB ရှိပါတယ်။ Multi-core အသုံးပြုနိုင်မှု ရမှတ်အနေနဲ့ ၁၀,၃၁၆ ထိရှိပြီး ဒီရလဒ်က Galaxy S10 Plus နဲ့ iPhone XS တို့နီးပါး မြင့်မားကောင်းမွန်မှုရှိတဲ့ ရလဒ်ဖြစ်ပါတယ်။ PUBG ကို အမြင့်ဆုံးစနစ်နဲ့ ဆော့ကစားမှုကိို အထစ်အငေါ့မရှိ ကစားနိုင်သလို အချိန်ကြာကြာ ဂိမ်းကစားတာနဲ့ ဗီဒီယိုကြည့်ရှုမှုတွေ ပြုလုပ်တဲ့အခါမှာ ဖုန်းကိုယ်ထည် အနည်းငယ်ပူနွေးလာတာ သတိပြုစရာပါ။ အသံထွက်ပိုင်းကတော့ သာမန်လောက်ပဲရှိတယ်လို့ ခံစားရပါတယ်။ OS အနေနဲ့ Android 9.0 Pie အခြေပြု MIUI 10 ကို ထည့်သွင်းထားပါတယ်။

in-screen လက်ဗွေစနစ်က ပုံမှန် အသုံးပြုနေကျ လက်ဗွေစနစ်နဲ့ နှိုှုင်းယှဉ်မယ်ဆိုရင်တော့ အနည်းငယ် နှေးတယ်လို့ ခံစားရပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ထောင့်ကွေးဒီဇိုင်းမျက်နှာပြင်နဲ့ ကျောဘက်ကာဗာကိုလည်း မှန်တစ်ထပ် ဖုံးအုပ်ထားတဲ့ပုံစံက ကိုင်ရတာ သက်သောင့်သက်သာ ဖြစ်တယ်လို့ ခံစားရသလို နောက်ဘက်ကာဗာကလည်း ရောင်ပြေးကလည်း ပရီမီယံဆန်တယ်လို့ ဆိုရမှာပါ။ တောက်ပကောင်းမွန်တဲ့ မြင်ကွင်းက ဗီဒီယိုကြည့်ရှုမှုနဲ့ ဂိမ်းကစားမှုအတွက် ကျေနပ်စရာကောင်းပါတယ်။ ပါ၀ါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်က ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်မှာပါ၀င်ပြီး ဘယ်ဘက်ဘောင်ထဲမှာတော့ Google Assistant ခလုတ်ပါ၀င်ပါတယ်။ USB-C port ကတော့ ဖုန်းရဲ့ အောက်ဘက်ဘောင်မှာပါ၀င်ပြီး 3.5mm နားကြပ်ပေါက်တော့ မပါ၀င်ပါဘူး။

မျက်နှာပြင်အရွယ်အစား ၆.၃၉ လက်မရှိတဲ့ Super AMOLED Display က မျက်နှာပြင်အပြည့်နီးပါး ပါ၀င်သလို ရုပ်ထွက်အရည်အသွေး 2340×1080 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Screen raito က 19.5:9 ရှိပြီး ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါ၀င်မှုရာခိုင်နှုန်း ၈၅.၂ ရာခိုင်နှုန်း ရှိပါတယ်။ ၁၇၃ ဂရမ် အလေးချိန်က အနည်းငယ်ကိုင်ရတာ လေးတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။

ကင်မရာ

ကျောဘက်ကင်မရာက 48MP အမျိုးအစား apeature f/1.75 ရှိတဲ့ မြင်ကွင်းကျယ် Wide-angle ကင်မရာတစ်လုံး၊ 16 MP အမျိုးအစား apeature f/2.2 ရှိတဲ့ ultra-wide ကင်မရာတစ်လုံး၊ 12 MP အမျိုးအစား apeature f/2.2 ရှိတဲ့ telephoto ကင်မရာတစ်လုံး စုစုပေါင်း ၃ လုံးပါ၀င်ပြီး ရှေ့ဘက်ကတော့ 20 MP အမျိုးအစား apeature f/2.0 ရှိတဲ့ selfie ကင်မရာတစ်လုံးကို ဖုန်းမြင်ကွင်းထဲမှာ မျက်ရည်စက်ပုံ notch ပုံစံနဲ့ ထည့်သွင်းတပ်ဆင်ထားပါတယ်။ AF စနစ်၊ PDAF Dual pixel 2 sensors စနစ်တွေ ထောက်ပံ့ပါ၀င်ပါတယ်။ ဓာတ်ပုံအရည်အသွေးပိုင်း ကြည်လင်ပြတ်သားကောင်းမွန်သလို ကာလာပိုင်းလည်း ကျေနပ်စရာပါ။ AI စနစ်ထောက်ပံ့ပါ၀င်တဲ့အတွက် Portrait ဓာတ်ပုံတွေကို အကောင်းဆုံးရိုက်ကူးနိုင်မှာဖြစ်သလို မြန်ဆန်တဲ့ AF စနစ်က ကျေနပ်စရာ ကောင်းလှပါတယ်။ ultra-wide အနေနဲ့ ၁၁၇ ဒီဂရီ မြင်ကွယ်းကျယ်ဓာတ်ပုံတွေ ရိုက်ကူးနိုင်မှာဖြစ်ပြီးပါတယ်။

ရှေ့နောက်ကင်မရာစနစ်တွေက နေ့ဘက် ရိုက်ကူးမှုအတွက် ကောင်းမွန်ပြီး ပတ်ဝန်းကျင် အလင်းအားနည်းတဲ့ ညပိုင်းရိုက်ကူးမှု ဓာတ်ပုံတွေက သဘာဝကျ လှပပေမယ့် စိတ်တိုင်းကျ ဖြစ်လောက်အောင်တော့ မဆွဲဆောင်နိုင်ပါဘူး။ ဒီဖုန်းမှာ OIS (Optical Image Stabilizations) စနစ်တော့ ထောက်ပံ့ပါ၀င်မှု မရှိပါဘူး။ ဗီဒီယိုကိုတော့ 4K အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ််ပါတယ်။

ဘက်ထရီ

3300 mAh ပမာဏ ဘက်ထရီက ၆ လက်မနီးပါး မြင်ကွင်း အရွယ်အစားရှိတဲ့ ဒီဖုန်းအတွက် နည်းတယ်လို့ ဆိုရမှာဖြစ်သလို မြင့်မားတဲ့ စွမ်းဆောင်ရည်ရှိတဲ့ဒီဖုန်းကို အချိန်တိုင်း အသုံးပြုမှုအတွက် လုံလောက်တယ်ဆိုရုံလေးပဲ ရှိမှာဖြစ်ပါတယ်။ တစ်နာရီလောက် အွန်လိုင်းမှာ သတင်းအသစ်တွေကြည့်ရှုတာနဲ့ကို ၁၀ ရာခိုင်နှုန်းနဲ့ ၂ဝ ရာခိုင်နှုန်းကြားလောက် လျော့နည်းသွားတာက နည်းနည်းအကုန်မြန်တယ်လို့ ခံစားရပါတယ်။ နောက်ပြီးတော့ အားသွင်းမြန်ဆန်တဲ့ Quick Charge 4+ အားသွင်းစနစ်က ဘက်ထရီ ၉ဝ ရာခိုင်နှုန်းလောက် ပြည့်ဖို့ကို ၄၅ မိနစ်လောက် ကြာမြင့်ပေမယ့် ကြိုးမဲ့အားသွင်းစနစ်က ၈ဝ ရာခိုင်နှုန်းလောက်ကို မိနစ် ၃၀ ခန့်ပဲ ကြာမြင့်တဲ့အတွက် ကြိုးမဲ့စနစ်က တော်တော်လေးမြန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

သုံးသပ်ချက်

အဆင့်မြင့်လုပ်ဆောင်ချက်တွေ ပါ၀င်လာတဲ့ Xiaomi Mi9 က စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်သလို Flagship ထုတ်ကုန်အမျိုးအစားကို စျေးသက်သက်သာသာနဲ့ အသုံးပြုနိုင်တယ်လို့ ဆိုရမှာပါ။ Chipset ပိုင်း၊ ကင်မရာပိုင်း၊ လက်ဗွေစနစ်တွေအပြင် ဂိမ်းကစားဖို့ဖြစ်ဖြစ်၊ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးဖို့ဖြစ်ဖြစ် တော်တော်လေးအဆင်ပြေ ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ဖုန်းက အချိန်ကြာကြာ အသုံးပြုလာတဲ့အခါမှာ ဖုန်းကိုယ်ထည် အနည်းငယ်ပူနွေးလာတာ ကင်မရာမှာ OIS စနစ် မပါ၀င်တာအပြင် ဒီဖုန်းက ရေစိုခံအမျိုးအစား မဟုတ်ပါဘူး။ နောက်တစ်ခုက ဘက်ထရီပိုင်းက မြင်ကွင်းကြီးမားတဲ့ ဖုန်းဖြစ်သလို ဘက်ထရီအသုံးပြုမှုများတဲ့ အဆင့်မြင့်နည်းပညာတွေ ထောက်ပံ့ပါ၀င်တဲ့ ဒီဖုန်းအတွက် လုံလောက်မှုရှိရုံလောက်ပဲ ရှိတယ်လို့ဆိုရမှာပါ။ မိမိအနေနဲ့ စျေးနှုန်းသက်သာပြီး နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေ ထောက်ပံ့ပါ၀င်တဲ့ Flagship မော်ဒယ်စမတ်ဖုန်းတစ်လုံးကို ကိုင်ချင်တယ်ဆိုရင်တော့ Xiaomi Mi9 က ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်သလို သူ့ရဲ့စျေးနဲ့ စွမ်းဆောင်ရည်အရ ဆိုရင်လည်း သုံးရတာတန်တယ်လို့ ခံစားရမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။