Xiaomi Mi 8 Explorer Edition ရဲ႕ transparent ေက်ာဘက္က အတုသာျဖစ္

[Zawgyi]

Xiaomi ဟာ ဖုန္းရဲ႕ ေက်ာဘက္အတြင္းပိုင္းကို ထြင္းေဖာက္ျမင္ႏိုင္တဲ့ Mi 8 Explorer Edition ကုိ ေၾကညာခဲ့ပါတယ္။ ဖုန္းရဲ႕ အတြင္းပုိင္းကို ထြင္းေဖာက္ျမင္ႏိုင္တဲ့ စိတ္ကူးဟာ ထူးျခားပါတယ္။ ဒါေပမဲ့ Mi 8 Explorer edition မွာ သတိျပဳမိစရာေတြ ေတြ႕ရိွခဲ့ပါတယ္။ အဲဒီ စမတ္ဖုန္းရဲ႕ အတြင္းပုိင္းေတြကုိ ျမင္ေတြ႕ခဲ့ရသူေတြက Mi 8 Explorer edition ေၾကာ္ျငာထဲကအတိုင္း သပ္သပ္ရပ္ရပ္မရွိတာကို သတိျပဳမိခဲ့ၾကပါတယ္။ Xiaomi ကေတာ့ အခုစမတ္ဖုန္းမွာပါဝင္တဲ့ အစိတ္အပိုင္းေတြဟာ အစစ္ေတြျဖစ္တယ္လို႔ ကာကြယ္ေျပာဆိုခဲ့ပါတယ္။

Xiaomi ရဲ႕ေျပာၾကားမႈက တစိတ္တစ္ပုိင္းပဲ မွန္ပါတယ္။ ဖုန္းရဲ႕ေက်ာဘက္မွာ ျမင္ေတြ႕ရတဲ့ ဆားကစ္ေတြက အစစ္ေတြျဖစ္ေပမယ့္ လက္ေတြ႕အသုံးျပဳႏိုင္ဖို႔ ခ်ိတ္ဆက္ထားျခင္း မရွိပါဘူး။ ေက်ာဘက္မွာ ျမင္ေတြ႕ရတဲ့ ဆားကစ္က အလွသေဘာမ်ိဳး ထည့္သြင္းထားတာပဲ ျဖစ္ပါတယ္။ အဲဒီအေၾကာင္းအရာကုိ HTC Forum moderator ျဖစ္သူ Chengming Alpert က Twitter ကတဆင့္ ေမလမွာ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ဇူလုိင္ ၃၁ ရက္ (ဒီေန႔) မွာေတာ့ Xiaomi Mi 8 Explorer edition အတြင္းဘက္ motherboard ကိုျပသထားတဲ့ ဓာတ္ပုံသစ္ေတြ အြန္လိုင္းမွာ ထြက္ေပၚလာခဲ့ပါတယ္။ ပုံမွာျမင္ေတြ႕ရတဲ့ စတုရန္းပုံ slot က “Qualcomm Snapdragon” စတစ္ကာ ထည့္သြင္းတဲ့ေနရာ ျဖစ္ပါတယ္။

စိုးထက္
Ref: wccftech

[Unicode]

Xiaomi ဟာ ဖုန်းရဲ့ ကျောဘက်အတွင်းပိုင်းကို ထွင်းဖောက်မြင်နိုင်တဲ့ Mi 8 Explorer Edition ကို ကြေညာခဲ့ပါတယ်။ ဖုန်းရဲ့ အတွင်းပိုင်းကို ထွင်းဖောက်မြင်နိုင်တဲ့ စိတ်ကူးဟာ ထူးခြားပါတယ်။ ဒါပေမဲ့ Mi 8 Explorer edition မှာ သတိပြုမိစရာတွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ အတွင်းပိုင်းတွေကို မြင်တွေ့ခဲ့ရသူတွေက Mi 8 Explorer edition ကြော်ငြာထဲကအတိုင်း သပ်သပ်ရပ်ရပ်မရှိတာကို သတိပြုမိခဲ့ကြပါတယ်။ Xiaomi ကတော့ အခုစမတ်ဖုန်းမှာပါဝင်တဲ့ အစိတ်အပိုင်းတွေဟာ အစစ်တွေဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

Xiaomi ရဲ့ပြောကြားမှုက တစိတ်တစ်ပိုင်းပဲ မှန်ပါတယ်။ ဖုန်းရဲ့ကျောဘက်မှာ မြင်တွေ့ရတဲ့ ဆားကစ်တွေက အစစ်တွေဖြစ်ပေမယ့် လက်တွေ့အသုံးပြုနိုင်ဖို့ ချိတ်ဆက်ထားခြင်း မရှိပါဘူး။ ကျောဘက်မှာ မြင်တွေ့ရတဲ့ ဆားကစ်က အလှသဘောမျိုး ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။ အဲဒီအကြောင်းအရာကို HTC Forum moderator ဖြစ်သူ Chengming Alpert က Twitter ကတဆင့် မေလမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက် (ဒီနေ့) မှာတော့ Xiaomi Mi 8 Explorer edition အတွင်းဘက် motherboard ကိုပြသထားတဲ့ ဓာတ်ပုံသစ်တွေ အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ပုံမှာမြင်တွေ့ရတဲ့ စတုရန်းပုံ slot က “Qualcomm Snapdragon” စတစ်ကာ ထည့်သွင်းတဲ့နေရာ ဖြစ်ပါတယ်။

စိုးထက်
Ref: wccftech