Xiaomi Mi 8 Explorer ကို ဇူလိုင် ၃၀ တွင် ရောင်းချမည်

[ Zawgyi ]



Ref: GSMArena

[ Unicode ]

Xiaomi ဟာ Mi 8 Explorer ကို ဇူလိုင်လ ၃၀ ရက်မှာ ၃,၆၉၉ ယွမ် (၅၄၅ ဒေါ်လာ) နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီ flash sale မှာ ရောင်းချမယ့် အရေအတွက်ကို Xiaomi က မပြောကြားပေမယ့် အရေအတွက် မများနိုင်ဘူးလို့ ဆိုပါတယ်။

Mi 8 Explorer မှာ under display fingerprint scanner အပြင် ဖောက်ထွင်းမြင်နိုင်တဲ့ ကျောဘက် panel ပါဝင်ပါတယ်။ လက်ရှိမှာ 8GB/128GB မော်ဒယ်ကိုသာ ရောင်းချသွားမှာဖြစ်ပြီး 4GB/64GB နဲ့ 6GB/128GB မော်ဒယ်တွေကိုတော့ သိပ်မကြာခင် ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GSMArena