Xiaomi Mi 7 တွင် 16MP dual camera ပါဝင်လာမည်ဟုဆို

တရုတ်နိုင်ငံက ထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်အရ Xiaomi ရဲ့ Mi 7 flagship မှာ Samsung ကထုတ်တဲ့ ၆.၀၁ လက်မ screen နဲ့ 18:9 aspect ratio ပါဝင်လာပြီး Snapdragon 845 SoC အသုံးပြုထားတယ်လို့ သိရပါတယ်။

Xiaomi အနေနဲ့ 3D face recognition နည်းပညာကို လက်ခံထားပေမယ့်လည်း အဲ့ဒီနည်းပညာက စမတ်ဖုန်းတွေမှာအသုံးပြုဖို့ အသင့်မဖြစ်ခင် ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုအပ်နေတာကြောင့် Mi 7 မှာ ပါဝင်လာဖွယ်မရှိဘူးလို့ ဆိုပါတယ်။

အခြားအချက်အလက်တွေအနေနဲ့ Mi 7 မှာ 16MP dual-rear camera setup နဲ့ 6GB RAM အပြင် ကျောဘက်မှာတပ်ဆင်ထားတဲ့ fingerprint sensor နဲ့ fast charging တို့ပါဝင်လာမယ်လို့ သတင်းမှာ ဖြော်ပထားပါတယ်။ တန်ဖိုးက ၂,၆၉၉ ယွမ် (၄၀၅ ဒေါ်လာဝန်းကျင်) ဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena