[Zawgyi]
စိုးထက်
Ref: GSMArena
=============
[Unicode]
Xiaomi Mi 7 ကို မေလ ၂၃ ရက်မှာ ပွဲထုတ်မိတ်ဆက်မယ်လို့ဖော်ပြထားတဲ့ တရားဝင် ပိုစတာတစ်ခုဟာ ပြီးခဲ့တဲ့လက ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ အခုအခါမှာတော့ တရုတ်ကုမ္ပဏီ Xiaomi အနေနဲ့ Mi 7 အတွက် ကြိုတင်မှာယူမှုတွေကို မေလ ၂၇ ရက်မှာ စတင်လက်ခံဖွယ်ရှိပါတယ်။
အဲဒီသတင်းအချက်အလက်ဟာ China Mobile စတိုး အပြင်ဘက်က display မှာဖော်ပြထားတဲ့ အချက်အလက်ကို အခြေခံထားတာ ဖြစ်ပါတယ်။
ဒါကတော့ Xiaomi Mi 7 ကြိုတင်မှာယူနိုင်မယ့်ရက်ကို ဖော်ပြထားတဲ့ပုံ ဖြစ်ပါတယ်။
အခုသတင်းအချက်အလက်ဟာ တရားဝင်အတည်ပြုချက် မဟုတ်သေးသလို Xiaomi ကလည်း Mi 7 မိတ်ဆက်မယ့် ရက်စွဲကို မထုတ်ပြန်သေးပါဘူး။
Mi 7 မှာ Snapdragon 845 SoC နဲ့ RAM 8GB အပြင် in-display fingerprint scanner လည်း ပါဝင်လာဖွယ်ရှိပါတယ်။ iPhone X ပုံစံ notch ကိုလည်း Mi 7 display ထိပ်ဘက်မှာ တွေ့မြင်ရဖို့ရှိပါတယ်။
စိုးထက်
Ref: GSMArena