
စျေးနှုန်း – ၈၉၉,၀၀၀ ကျပ် (8/128GB)
(Without Adapter)
အားသာချက်
ပါးလွှာပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပရီမီယံဒီဇိုင်းနဲ့ ကိုင်ရတာ အံဝင်ခွင်ကျရှိပြီး ကျောဘက်ကာဗာ အထိအတွေ့ကလည်း နှစ်သက်စရာပါ။ 120Hz 2K display ၊ မြင့်မားကောင်းမွန်တဲ့ ကင်မရာစနစ်နဲ့ အချိန်ကြာကြာ သုံးနိုင်တဲ့ ဘက်ထရီတွေ ထောက်ပံ့ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ပါ။
အားနည်းချက်
ရေစိမ်ခံနိုင်တဲ့ waterproof မဟုတ်တာ၊ နားကြပ်ပေါက် မပါဝင်တာနဲ့ ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင် ကင်မရာစနစ်မှာ depth ကင်မရာနဲ့ tele ကင်မရာတွေ မပါဝင်တာက ဒီဖုန်းရဲ့ အားနည်းချက်လို့ဆိုရမှာပါ။
စွမ်းဆောင်ရည်
|
|
|
|
|
|
ဒီဖုန်းမှာ Qualcomm ရဲ့Snapdragon 888 SoC ကို သုံးထားပြီး 5G+ 5G dual-card ကွန်ရက်ထောက်ပံ့ပေးနိုင်တဲ့ 5nm chipset ဖြစ်သလို 5G စွမ်းဆောင်ရည်ပိုင်းက Download ကို အမြင့်ဆုံး 969 Mbps နဲ့ Upload ကို 106 Mbps ထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 660 GPU စနစ်ကို သုံးထားပါတယ်။ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပါတယ်။ Xiaomi Mi 11 ရဲ့ GeekBench 5 (multi-core) ရမှတ် ၃၆၇၆၊ Antutu v8 ရမှတ် ၆၈၇၅၁၆ ရှိပြီး 3DMark Wild Life ရမှတ် ၅၆၀၇ အမြင့်ဆုံး ရရှိပြီး တည်ငြိမ်မှုရာခိုင်နှုန်း ၉၀.၅ ရာခိုင်နှုန်း ရှိပါတယ်။ Adreno 660 နဲ့ Snapdragon 888 SoC တွေရဲ့ စွမ်းဆောင်ရည်က iPhone 11 မှာ သုံးထားတဲ့ A13 Bionic chip ရဲ့ GPU ထက် ပိုမြင့်မားမှုရှိတယ်လို့ 3Dmark က ဆိုထားပါတယ်။ 120Hz Display က မည်သည့် ဂိမ်းအမျိုးအစားကို မဆို စိတ်ဖိစီးမှုကင်းကင်း အဆင်ပြေပြေနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပြီး ဖုန်းရဲ့ အပေါ်ဘက်နဲ့ အောက်ဘက်ဘောင်ထဲက Harman Kardon စပီကာရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှုရှိသလို ကျယ်လောင်မှုလည်း ရှိပါတယ်။ ဒီဖုန်းမှာ Android 11 အခြေခံ MIUI 12.5 ကို အသုံးပြုထားပြီး Stable OS ဖြစ်ပေမယ့် သင့်အနေနဲ့ bloatware တရုတ် app တွေကို ဖြုတ်ကာ Google Services apps တွေကို အလွယ်တကူ ထည့်သွင်း အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
|
|
|
|
|
|
Mi 11 ရဲ့ ကိုယ်ထည်ကို မတူညီတဲ့ အရောင် ၅ မျိုးနဲ့ ထုတ်လုပ်ထားပြီး အနက်၊ အဖြူနဲ့ အပြာရောင်တွေရဲ့ ကျောဘက်ကာဗာကို AG ဖန်သားနဲ့ ဖုံးအုပ်ထားကာ အဖြူနဲ့ ခရမ်းဖျော့နဲ့ ကာကီရောင်တွေကတော့ လည်သာကျောဘက်ကာဗာ အမျိုးအစား ဖြစ်ပါတယ်။ ကျောဘက်ကင်မရာရဲ့ ဒီဇိုင်းကို ဆန်းသစ်ထားပြီး iPhone လို ကင်မရာတွေကို လေးထောင့်ကွက်ထဲ ထည့်သွင်းထားပေမယ့် Xiaomi ရဲ့ ထည့်သွင်းထားပုံက ထူးခြားဆန်းသစ်မှု ရှိတယ်လို့ ဆိုရမှာပါ။ ရှေ့ဘက်မျက်နှာပြင်ကတော့ ဘေးဘောင်ကွေးနဲ့ ထောင့်ကွေးဒီဇိုင်းမျက်နှာပြင် ဖြစ်ပြီး Mi 11 ရဲ့ မျက်နှာပြင်အောက်လက်ဗွေစနစ် In-screen fingerprint စနစ်နဲ့ နှလုံးခုန်နှုန်းကို တိုင်းတာနိုင်တာ အထင်ကြီးစရာပါ။ ရှေ့ဘက်မျက်နှာပြင်ကို ၂ မီတာအမြင့်က ကျတဲ့ဒဏ်ကိုခံနိုင်တဲ့ အပြင် အပွန်းအစင်းခံနိုင်တဲ့ Corning Gorilla Victus ဖန်သားမျက်နှာပြင်သစ်ကို အသုံးပြု ဖုံးအုပ်ပေးထားပါတယ်။ ၆.၈၁ လက်မ မျက်နှာပြင်အကျယ်ရှိတဲ့ဖုန်းဖြစ်ပေမယ့် ၆.၅ လက်မ ဖုန်းကိုင်ရသလို ခံစားရမှာ ဖြစ်ပြီး ဒီဖုန်းရဲ့ screen ratio က Mi 10 လို 20:9 မဟုတ်ဘဲ 19.5:9 ဖြစ်တဲ့အတွက် ဖုန်းက အနည်းငယ် ရှည်တယ်လို့ ခံစားရပါတယ်။ Mi 10 ထက် ပိုမိုပါးလွှာ ပေါ့ပါးပြီး ကိုင်ရတာ အံဝင်ခွင်ကျ ရှိသလို ၁၉၄ ဂရမ် အလေးချိန်ကလည်း Mi 10 ထက် ပိုပေါ့အောင် လုပ်ထားတယ်လို့ ဆိုရမှာပါ။ SIM ကတ်ပေါက်က ဖုန်းရဲ့ အောက်ဘက်ဘောင် အားသွင်းပေါက်ဘေးမှာ ထည့်သွင်းထားပြီး ဒီဖုန်းမှာ 3.5mm နားကြပ်ပေါက်တော့ မပါဝင်လာဘဲ ရေစိမ်ခံနိုင်မှု (waterproof) လည်း မရှိပါဘူး။
Mi 11 ရဲ့ ၆.၈၁ လက်မရှိတဲ့ AMOLED Display က ရုပ်ထွက်အရည်အသွေး 1440×3200 pixel အထိထောက်ပံ့ပေးနိုင်တဲ့ 2K display အမျိုးအစား ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၉၁.၄ ရာခိုင်နှုန်း ရှိပါတယ်။ Screen ရဲ့ pixel densiy က 515 ppi ရှိပြီး Display က 120Hz refresh rate အထိ ထောက်ပံ့ပေးနိုင်သလို HDR 10+ လည်းထောက်ပံ့ပါဝင်ပါတယ်။ ဒီဖုန်းမှာ Mi 10 Pro တုန်းက သုံးခဲ့တဲ့ ပါဝါသုံးစွဲမှုလျော့နည်းတဲ့ Samsung E3 luminescent ထက် ပိုကောင်းတဲ့ E4 luminescent ကို သုံးထားပြီး မြင့်မားကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ မြင်ကွင်းတောက်ပမှုတွေက 1500nit အထိ ထောက်ပံ့ပေးနိုင်တာ ကျေနပ်နှစ်သက်စရာပါ။
ကင်မရာ
|
|
|
|
|
|
Xiaomi Mi 11 ရဲ့ ကျောဘက်မှာ ကင်မရာသုံးလုံး ထည့်သွင်းထားပြီ ကျောဘက် အဓိကကင်မရာက Mi 10 တုန်းက သုံးခဲ့တဲ့ aperture f/1.85 ရှိတဲ့ 108MP အမျိုးအစားကင်မရာ ဖြစ်ကာ ဒီကင်မရာစနစ်အတွက် PDAF နည်းပညာနဲ့ OIS နည်းပညာတွေထောက်ပံ့ပါဝင်ပါတယ်။ 13MP Ultra-wide ကင်မရာနဲ့ ၁၂၃ ဒီဂရီမြင်ကွင်းကျယ် အနေနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး Redmi K30 Pro တုန်းကသုံးခဲ့သလို 5MP telephoto macro ကင်မရာကိုလည်း ထည့်သွင်းထားပါတယ်။ 108MP ကင်မရာနဲ့ 2x, 10x, 30x အနေနဲ့ ဒီဂျစ်တယ် Zoom ဆွဲယူရိုက်ကူးနိုင်ပြီး ကင်မရာရဲ့ ရုပ်ထွက်ပိုင်းက နေ့ပိုင်းရိုက်ကူးမှုအတွက် မြင့်မားကောင်းမွန် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်နဲ့ အရောင်စိုပြည်မှု ရှိသလို ညပိုင်းရိုက်ကူးမှုရဲ့ ရုပ်ထွက်အရည်အသွေး brightness နဲ့ texture ကလည်း ကျေနပ်စရာကောင်းလှပါတယ်။ ပိုမို အဆင့်မြှင့်တင်ထားတဲ့ AI filter နဲ့ effects စနစ်တွေပါဝင်လာပြီး ကင်မရာစနစ်မှာ ရှေ့နောက် ကင်မရာနှစ်ခုစလုံး သုံးကာ ရိုက်ကူးနိုင်တဲ့ dual scene shooting နည်းပညာနဲ့ magic avatar စနစ်တွေလည်း ထည့်သွင်းပေးထားပါတယ်။ ညပိုင်း ဗီဒီယိုရိုက်ကူးမှုကို ဖလင် effect filters ရှစ်မျိုးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး အခြား special effects ဗီဒီယိုတွေလည်း ရိုက်ကူးနိုင်ပါသေးတယ်။
ရှေ့ဘက် 20MP selfie ကင်မရာက aperture f/2.4 ရှိတဲ့ ultra-small ကင်မရာအမျိုးအစား ဖြစ်ပြီး ဓာတ်ပုံနဲ့ ဗီဒီယိုအတွက် ရုပ်ထွက်ပိုင်း ကောင်းမွန်မှုရှိတယ်လို့ ဆိုရမှာပါ။ ကျောဘက်ကင်မရာနဲ့ 8K ဗီဒီယိုကို 24/30fps, 4K ဗီဒီယိုကို 30/60fps, 1080p ဗီဒီယိုကို 30/60/120/240/480fps,1080p တွေနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ဗီဒီယိုစနစ်အတွက် EIS စနစ် ထောက်ပံ့ပါဝင်ပါတယ်။
ဘက်ထရီ
|
|
|
|
|
|
ဒီဖုန်းမှာ 4600mAh ပမာဏ ဘက်ထရီကို ထည့်သွင်းထားပြီး အားသွင်းခေါင်းက USB Type-C အမျိုးအစားဖြစ်ကာ USB OTG စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။ ဘက်ထရီကက Mi 10 ထက် နည်းတယ်လို့ ဆိုရမှာ ဖြစ်ပေမယ့် သူ့မှာသုံးထားတဲ့ ၅၅ ဝပ် မြန်ဆန်တဲ့ အားသွင်းစနစ်နဲ့ ကိုက်ညီတဲ့ပမာဏလို့ ဆိုရမှာပါ။ ကြိုးနဲ့အားသွင်းတာကို ၁ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းကို ၄၈ မိနစ်အတွင်း အပြည့်သွင်းပေးနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းတာကတော့ ၅၃ မိနစ်ခန့်သာ ကြာမြင့်ပြီး အခြား ထုတ်ကုန်တွေကို ကြိုးမဲ့အားပြန်သွင်းပေးနိုင်တဲ့ ၁၀ ဝပ် Reverse wireless အားသွင်းနည်းပညာ ထောက်ပံ့ပါဝင်ပါတယ်။
သုံးသပ်ချက်
Xiaomi Mi 11 က Qualcomm ရဲ့ flagship CPU ဖြစ်တဲ့ 5G chipset ကို သုံးထားပြီး ထိပ်တန်းအရည်အသွေးရှိတဲ့ Display ၊ ပရီမီယံဒီဇိုင်းနဲ့ မြင့်မားကောင်းမွန်တဲ့ အသံအရည်အသွေး၊ ကင်မရာစနစ်တွေ ထောက်ပံ့ပါဝင်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ ဒါပေမဲ့ ဒီဖုန်းရဲ့ ပြိုင်ဘက် flagship ဖုန်းတွေလိုမျိုး ရေစိုခံနိုင်မှုနဲ့ telephoto ကင်မရာပါဝင်တာတော့ မရှိပါဘူး။ သင့်အနေနဲ့ ပရီမီယံဒီဇိုင်း၊ ရွေးချယ်စရာ ဖန်စီကာလာနဲ့ ထုတ်ထားတဲ့ ထိပ်တန်းစွမ်းဆောင်ရည်ရှိတဲ့ စွယ်စုံသုံး High-end ဖုန်းတစ်လုံးကို သုံးချင်ရင်တော့ Xiaomi Mi 11 က ပေးရတဲ့ ဈေးနဲ့ သုံးရတာ တန်တယ်လို့ ခံစားရမယ့် ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။
-ရဲထွဋ်ဝင်း
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««