Xiaomi Mi 10

Price – 969,000 Ks (8/128GB)

အားသာချက်

အမြင်အာရုံကို အထူးဖမ်းစားနိုင်တဲ့ ဒီဇိုင်းက ကိုင်ရတာ အံဝင်ခွင်ကျ ရှိသလို မြင့်မားကောင်းမွန်တဲ့ ကင်မရာစနစ်၊ ထိပ်တန်းဖုန်းစွမ်းဆောင်ရည်၊ ကြီးမားတဲ့ ဘက်ထရီ၊ မြန်ဆန်တဲ့ ဘက်ထရီအားသွင်းစနစ်နဲ့ ကြိုးမဲ့အားသွင်းစနစ်တွေ ထောက်ပံ့ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

Display က အမြင့်ဆုံး 90Hz refresh rate အထိပဲ ထောက်ပံ့ပေးနိုင်တာ၊ IP68 ရေစိုခံနိုင်မှုမရှိတာ၊ telephoto ကင်မရာစနစ် မပါဝင်တာနဲ့ MIUI စနစ်မှာ bloatware တွေများစွာပါဝင်လာပြီး pop-up အနေနဲ့ အသိပေးချက်တွေ ခဏခဏ ပေါ်လာတာက ဒီဖုန်းရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

စွမ်းဆောင်ရည်

Qualcomm Snapdragon 865 (7 nm+) CPU Adreno 650 GPU
8GB RAM 128GB; no Card slot
LiquidCool 2.0 vapor chamber Android 10, MIUI 12

ဒီဖုန်းမှာ ထိပ်တန်း chipset ဖြစ်တဲ့ Qualcomm Snapdragon 865 chipset , Adreno 650 GPU စနစ်၊ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128GB ထည့်သွင်းထားပြီး GeekBench (multi-core) ရမှတ် ၃၂၉၂၊ AnTuTu ရမှတ် ၅၇၈၀၅၆ နဲ့ 3D Mark SSE (OpenGL ES 3.1) ရမှတ် ၆၉၆၃ ရှိပါတယ်။ OS အနေနဲ့ MIUI 12 ကို အသုံးပြုထားပြီး အကောင်းဆုံး သုံးစွဲမှုအတွေ့အကြုံကို ရရှိနိုင်အောင် ဖန်တီးထားတာ ကျေနပ်စရာပါ။ Snapdragon 865 ရဲ့ စွမ်းဆောင်ရည် အပြည့်အဝကို အသုံးပြုနိုင်တဲ့အတွက် ချောမွေ့ကောင်းမွန်ပြီး မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ကြိုက်ဂိမ်းတွေကို ကစားနိုင်မှာဖြစ်ပါတယ်။ စတူဒီယို စပီကာရဲ့ အသံထွက်ပိုင်းကလည်း ကျယ်လောင် ကောင်းမွန်မှုရှိပါတယ်။ OS စနစ်မှာ pre-loaded app တွေပါဝင်လာတာနဲ့ အသိပေးချက် pop-up တွေ တက်တက်လာတာက ပရီမီယံဖုန်းအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာလို့ မြင်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Punch-hole selfie camera
  • 6.67 inches, Super AMOLED display
  • 19.5:9 aspect ratio; HDR 10+; 90Hz
  • 3D corning Gorilla Glass 5
  • Fingerprint (under display)
  • 208g

မော်ဒန် flagship ဖုန်း သွင်ပြင်လက္ခဏာတွေ အပြည့်ရှိတဲ့ Mi 10 ရဲ့ဒီဇိုင်းက မြင်လိုက်တာနဲ့ အထူးဆွဲဆောင်နိုင်လှပါတယ်။ ကျောဘက်ကာဗာက ထောင့်ကွေးက လက်ထဲမှာကိုင်ရတာ အံဝင်ခွင်ကျဖြစ်သလို ရှေ့နောက်မျက်နှာတွေကို Gorilla Glass 5 နဲ့ဖုံးအုပ်ထားပြီး သတ္တုကိုယ်ထည်အမျိုးအစား ဖြစ်ပါတယ်။ ကင်မရာတစ်လုံးထဲကို သီးသန့် အနေနဲ့ ခွဲထုတ်ပြီး သူ့အပေါ်မှာ ကျန်တဲ့ ကင်မရာသုံးလုံးကို ဒေါင်လိုက်ဆင့်ပြီး ဖန်တီးထားတဲ့ ကျောဘက်ကင်မရာစနစ်က အနည်းငယ် သမားရိုးကျဆန်တယ်လို့ ခံစားရပါတယ်။ ရှေ့ဘက်ကင်မရာကိုတော့က punch-hole အနေနဲ့ Screen ထဲမှာ ထည့်သွင်းထားပြီး notch မပါတဲ့ မျက်နှာပြင်ပုံစံဖြစ်ပါတယ်။ ဖုန်းရဲ့ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ အသံ အတိုးအကျယ်ခလုတ်တွေ ထည့်သွင်းထားပြီး အောက်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက်၊ အားသွင်းပေါက်နဲ့ စပီကာစနစ်ကို တပ်ဆင်ထားပြီး နားကြပ်ပေါက်တော့ မပါဝင်ပါဘူး။ အပေါ်ဘက်ဘောင်ထဲမှာ စပီကာနဲ့ IR (infrared port) ကို ထည့်သွင်းထားပါတယ်။ လက်ဗွေစနစ်ကတော့ ဖုန်းရဲ့ မြင်ကွင်းထဲမှာ မြှုပ်ကာ under display အနေနဲ့ ထည့်သွင်းပေးထားပြီး မြန်ဆန်သလို တိကျကောင်းမွန်မှုလည်း ရှိပါတယ်။

ဒီဖုန်းရဲ့ ၆.၆၇ လက်မရှိတဲ့ Super AMOLED Display က ရုပ်ထွက်အရည်အသွေး 1080×2340 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၉၂.၄ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 386 ppi ရှိပါတယ်။ 1080p Full HD screen မျက်နှာပြင်က OnePlus 8 Pro ရဲ့ Quad HD display နဲ့ ကို မယှဉ်နိုင်သလို refresh rate ကလည်း အမြင့်ဆုံး 90Hz အထိပဲ ထောက်ပံ့ပေးနိုင်တာက ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင်တော့ သိပ်သဘောမတွေ့လှပါဘူး။ ရုပ်ထွက်ကာလာ contrast ပိုင်း ကြည်လင်ပြတ်သားမှုရှိပြီး နေရောင်အောက်မှာ အသုံးပြုတဲ့အခါမှာ Screen ရဲ့ Brightness က ကျေနပ်စရာကောင်းလှသလို HDR 10+ ထောက်ပံ့ပါဝင်တာကလည်း ကြိုက်နှစ်သက်စရာပါ။

ကင်မရာ

  • Standard: 108MP (wide), f/1.7, PDAF, OIS
  • 13MP, f/2.4 (ultrawide)
  • 2MP, f/2.4 (macro)
  • 2MP, f/2.4 (depth)
  • Selfie : 20M, f/2.0 (wide)
  • Video : 8K@30fps; 4K@30/60fps, 1080p@60fps
  • Gyro-EIS, Dual-LED flash, HDR, Panorama

Mi 10 ရဲ့ ကင်မရာစနစ်က Mi 10 Pro ပုံစံဒီဇိုင်းအတိုင်း အသုံးပြုထားပေမယ့် ဒီဖုန်းရဲ့ ကျောဘက်ကင်မရာစနစ်မှာ telephoto ကင်မရာတော့ မပါဝင်သလို Mi 10 Pro မှာပါတဲ့ AF စနစ်တော့ မပါဝင်ပါဘူး။ 108MP ကင်မရာက Samsung S20 Ultra မှာအသုံးပြုတဲ့ ကင်မရာစနစ်နဲ့ တူညီမှုရှိတယ် ဆိုပေမယ့် Samsung က Quad-Bayer filter နည်းပညာကို ထည့်သွင်း အသုံးပြုထားတာဖြစ်ပြီး သီအိုရီအရဆိုရင်တော့ 27MP ရုပ်ထွက်အရည်အသွေး ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ Mi 10 နဲ့ Mi 10 Pro မှာလည်း တူညီတဲ့ပုံစံအတိုင်း အသုံးပြုထားတာ ဖြစ်ပေမယ့် 25MP ရုပ်ထွက်အရည်အသွေး ပုံရိပ်တွေကသာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Telephoto ကင်မရာ မပါဝင်ပေမယ့် 108MP ကင်မရာစနစ်နဲ့ ရိုက်ကူးထားတဲ့ပုံတွေကို 2x zoom လုပ်ဆောင်ချက် သုံးပြီး ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ 13MP ultrawide ကင်မရာမှာတော့ AF စနစ် မပါဝင်ပါဘူး။ ကျောဘက်ကင်မရာစနစ်က အလင်းရောင်ကောင်းမွန်တဲ့ နေ့ဘက်ရိုက်ကူးမှုနဲ့ ညပိုင်းအတွက် ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစနစ်က ပရီမီယံဖုန်းတစ်လုံးအတွက် ကျေနပ်စရာကောင်းလှပါတယ်။ ကင်မရာစနစ်ရဲ့ portrait mode မှာ Studio lighting စနစ် ထောက်ပံ့ပါဝင်လာပါတယ်။

Mi 10 ရဲ့ 20MP selfie ကင်မရာမှာ fixed-foucs စနစ် ၊ Ai စနစ်နဲ့ Beauty mode စနစ်တွေထောက်ပံ့ပါဝင်ပြီး မိမိရဲ့ selfie ပုံကို စိတ်ကြိုက်ပြင်ဆင်မှု ပြုလုပ်ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ရှေ့ကင်မရာနဲ့ 1080p အရည်အသွေး ဗီဒီယိုကို 30fps နဲ့ရိုက်ကူးနိုင်ပြီး ကျောဘက်ကင်မရာနဲ့ 8K ဗီဒီယိုတွေကို 30fps ၊ 4K ဗီဒီယိုကို 30fps/60fps နဲ့ရိုက်ကူးနိုင်တာ ကျေနပ်စရာပါ။

ဘက်ထရီ

  • Li-Po 4780mAh
  • 30W Fast Charging
  • 30W Fast wireless charging
  • Reverse wireless charging 5W
  • 2.0, Type-C, USB On-The-Go

ဒီဖုန်းမှာ 4780mAh ပမာဏ ဘက်ထရီကို အသုံးပြုထားပြီး USB Type-C 30W အားသွင်းမြန်ဆန်တဲ့ နည်းပညာ၊ ကြိုးမဲ့အားသွင်းနည်းပညာနဲ့ အခြားဖုန်းကို အားပြန်သွင်းပေးနိုင်တဲ့ Reverse wireless အားသွင်းစနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ 3G ဖုန်းပြောတာကို ၂၆:၅၃ နာရီ၊ အွန်လိုင်းသုံးတာကို ၁၄:၄၄ နာရီ၊ ဗီဒီယိုအဆက်မပြတ် ကြည့်တာကို ၁၈:၅၇ နာရီ သုံးနိုင်ပြီး stand by အနေနဲ့ဆိုရင်တော့ ၁၀၉ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

Xiaomi က စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ဘတ်ဂျက်ဖုန်းနဲ့ ဈေးနှုန်းသင့်တင့်တဲ့ဖုန်းတွေကို ထုတ်လုပ်လေ့ရှိသလိုပဲ flagship ဖုန်းဖြစ်တဲ့ Mi 10 Pro အတိုင်း သုံးနိုင်ပြီး Mi 10 Pro ထက် ဈေးပိုသက်သာတဲ့ Mi 10 ကို ဖန်တီးထားပေမယ့် အခြား flagship ဖုန်းတွေနဲ့ ယှဉ်နိုင်မှုမရှိဘူးလို့ ဆိုရမှာပါ။ ခြုံပြောရရင် ပရီမီယံဒီဇိုင်း၊ မြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ကျေနပ်စရာ ကင်မရာစနစ်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်သလို flagship ဖုန်းလုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်တာက ပေးရတဲ့ဈေးနဲ့နှိုင်းယှဉ်ရင် သုံးပျော်တယ်လို့ ခံစားရမှာဖြစ်ပေမယ့် 90Hz refresh rate display ဖြစ်တာ၊ ရေစိုခံစနစ်တွေ မပါဝင်တာနဲ့ Telephoto ကင်မရာ မပါဝင်တာတွေက ပြိုင်ဘက် မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ရွေးချယ်ဖို့အတွက် စဉ်းစားရခက်မှာပါ။ မိမိအတွက် ဒီလုပ်ဆောင်ချက်တွေမပါလည်း ဖြစ်တယ် ဆိုတဲ့ သူတွေနဲ့ flagship လောက် ဈေးမကြီးတဲ့ flagship ဘတ်ဂျက်ဖုန်းတစ်လုံးကို ကိုင်ချင်သူတွေအတွက်ကတော့ မြန်ဆန်ကောင်းမွန်တဲ့ chipset ၊ ပရီမီယံဒီဇိုင်းနဲ့ အခြား high-end လုပ်ဆောင်ချက်တွေနဲ့ ဖန်တီးထားတဲ့ Mi 10 က ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။

Display
Performance
Camera 
Battery
Hand On
Over All

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««