
ဈေးနှုန်း – ၁,၁၆၉,၀၀၀ ကျပ် (12/256GB)
အားသာချက်
HDR10+ ထောက်ပံ့ပါဝင်တဲ့ 120Hz AMOLED screen တောက်ပမှုရှိသလို၊ 120W fast charging,50W မြန်ဆန်တဲ့ ကြိုးမဲ့အားသွင်းစနစ်၊ မြင့်မားကောင်းမွန်တဲ့ ကင်မရာစနစ်၊ သုံးရတာကောင်းမွန်တဲ့ UI စနစ်နဲ့ 5G ကွန်ရက် အသုံးပြုနိုင်တာတွေက ဒီဖုန်းရဲ့ အားသာချက်ပါ။
အားနည်းချက်
3.5mm နားကြပ်ပေါက် မပါဝင်သလို microSD ကတ်စနစ်လည်း အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အခြား ပြိုင်ဘက်မော်ဒယ်တွေလို ရေစိုခံနိုင်မှုမရှိတာ၊ China ဗားရှင်းသာ အသုံးပြုနိုင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။
စွမ်းဆောင်ရည်
|
|
|
|
|
|
Xiaomi Mi 10 နဲ့ Mi 10 Pro လိုမျိုးပဲ Mi 10 Ultra မှာ အမြန်နှုန်း 2.4GHz ရှိတဲ့ Snapdragon 865 Ocat-core processor ကို သုံးထားပြီး ဒီ chipset က Qualcomm’s X55 modem ထောက်ပံ့ပါဝင်တဲ့အတွက် 5G ကွန်ရက်လည်း ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 650 GPU စနစ်ကို သုံးထားပြီး RAM 12GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 256GB ပါဝင်ပါတယ်။ Mi 10 Ultra ရဲ့ GeekBen 5.1 (multi-core) ရမှတ် ၃၂၄၈၊ AnTuTu ရမှတ် ၆၃၈၄၉၇ နဲ့ 3D Mark SSE (Vulkan 1440p) ရမှတ် ၆၄၃၁ ရှိပါတယ်။ အကောင်းဆုံး hardware စွမ်းဆောင်ရည်ရှိတဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာဖြစ်ပြီး benchmark တိုင်းတာတာနဲ့ ဂိမ်းကစားတာမျိုး အပြီးမှာ ဖုန်းကိုယ်ထည် အနည်းငယ် ပူနွေးတာကလွဲရင် စွမ်းဆောင်ရည်ပိုင်းက ကျေနပ်စရာကောင်းပါတယ်။ ဖုန်းရဲ့အောက်ဘက်ဘောင်ထဲက စတူဒီယိုစပီကာ အသံထွက်ပိုင်းကလည်း ကျယ်လောင် ကောင်းမွန်မှု ရှိပြီး ဘေ့စ်သံထွက်ပိုင်းလည်း ကောင်းမွန်ပါတယ်။ Android 10 အခြေခံ MIUI 12 OS ကို အသုံးပြုထားပြီး ဒီ OS စနစ်မှာ animation လုပ်ဆောင်ချက်သစ်တွေ၊ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်၊ floating windows,Control Center, Super Wallaper, brand-new app drawer နဲ့ အခြား လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်လာပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
|
|
|
|
|
|
Xiaomi Mi 10 Ultra က ကိုင်ရတာ Mi 10/10 pro မော်ဒယ်တွေနဲ့ တူညီတဲ့ သွင်ပြင်လက္ခဏာတွေရှိတဲ့ ဖုန်းတစ်လုံးလို့ ခံစားရပါတယ်။ ဘောင်ကွေးဒီဇိုင်းက မြင်လိုက်တာနဲ့ ပရီမီယံဆန်တယ်ဆိုတာကို သိနိုင်သလို အလူမီနီယံကိုယ်ထည်ကို Gorilla Glass နဲ့ဖုံးအုပ်ပေးထားလို့ အနည်းငယ် ထူသလိုရှိပေမယ့် လက်ထဲမှာကိုင်ရတာလည်း အံဝင်ခွင်ကျရှိလှပါတယ်။ ကျောဘက်ကင်မရာကို ဒေါင်လိုက်ထည့်သွင်းထားပြီး ရှေ့ဘက်ကင်မရာကိုတော့ punch-hole အနေနဲ့ Screen ထဲမှာ ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ညာဘက်ဘောင်ထဲက အသံအတိုးအကျယ် ခလုတ်၊ ပါဝါခလုတ်နဲ့ SIM ကတ်ပေါက်ကတော့ အောက်ဘက်ဘောင်ထဲမှာ အားသွင်းပေါက်နဲ့ အတူ ထည့်သွင်းထားတာ ဖြစ်ပြီး နားကြပ်ပေါက်တော့ မပါဝင်ပါဘူး။ မြန်ဆန်ကောင်းမွန်တဲ့ လက်ဗွေစနစ်ကတော့ Under display အမျိုအးစား ဖြစ်ပါတယ်။
ဒီဖုန်းရဲ့ ၆.၆၇ လက်မရှိတဲ့ HDR HRR AMOLED Display က ရုပ်ထွက်အရည်အသွေး 1080×2340 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Screen refresh rate အနေနဲ့ 120Hz အထိ ထောက်ပံ့ပေးနိုင်ပြီး ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၉.၅ ရာခိုင်နှုန်းရှိကာ Screen ရဲ့ pixel densiy က 386 ppi ရှိပါတယ်။ ကာလာပိုင်းစိုပြည်သလို ကြည်လင်ပြတ်သားမှုရှိတဲ့ 1080p Full HD screen မျက်နှာပြင်က HDR 10+ ထောက်ပံ့ပါဝင်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်နဲ့ ကိုယ်ထည်ဒီဇိုင်းက Mi 10 Pro နဲ့ အတူတူပဲလို့ ပြောလို့ရပါတယ်။
ကင်မရာ
|
|
|
|
|
|
|
Mi 10 Ultra ရဲ့ ကျောဘက် Quad ကင်မရာစနစ်မှာ Ultra-wide ကင်မရာ၊ wide အဓိက ကင်မရာ၊ 2x Telephoto ကင်မရာနဲ့ 5x telephoto ကင်မရာတွေ တပ်ဆင်ထားတာ ဖြစ်ပြီး ကင်မရာစနစ်က Mi 10 Pro နဲ့ တူတယ်လို့ဆိုရမှာ ဖြစ်ပေမယ့် ဒီဖုန်းမှာ sensor ပိုင်းက ကွာလတီပိုင်း ပိုပြီး ကောင်းလာတယ်လို့ ဆိုရမှာပါ။ 48MP OV48C ကင်မရာ sensor က on-chip-single-frame HDR လုပ်ဆောင်ချက်ကို အဓိက ထောက်ပံ့ပေးပြီး shor, medium, long exposure တွေ ရိုက်ကူးမှုကို အထူးကောင်းမွန်စေမှာလည်း ဖြစ်ပါတယ်။ telephoto ကင်မရာက 120x hybrid zoom ထိ ဆွဲယူရိုက်ကူးနိုင်ပြီး မြင်ကွင်းကျယ်ကင်မရာက ၁၂၈ ဒီဂရီ မြင်ကွင်းကျယ်ဓာတ်ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာစနစ်မှာ Dual pixel PDAF,OIS, Laser AF နည်းပညာတွေ ထောက်ပံ့ပါဝင်ပါတယ်။ ရုပ်ထွက်အရည်အသွေး ကောင်းမွန်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ နေ့ဘက်နဲ့ ညပိုင်းရိုက်ကူးမှုက ကျေနပ်စရာကောင်းလှသလို Night mode ကို အဓိက ကင်မရာနဲ့ မြင်ကွင်းကျယ်ကင်မရာ နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။
ရှေ့ဘက် 20MP AI selfie ကင်မရာက Mi 10 Pro မှာသုံးထားသလိုပဲ Samsung ISOCELL Slim sensor ကို Quad-Bayer color filter စနစ်နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ Portrait mode က selfie ပုံကို 20MP ရုပ်ထွက်အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပေမယ့် aperture f/2.3 အမျိုးအစား ဖြစ်လို့ အရမ်းကြီးတော့ မမျှော်လင့်နိုင်ပါဘူး။ ရှေ့ကင်မရာနဲ့ 1080p အရည်အသွေးဗီဒီယိုကို 30fps ရိုက်ကူးနိုင်ပြီး 720p နဲ့ 120fps ဗီဒီယိုတွေရိုက်ကူးနိုင်မှာပါ။ ကျောဘက်ကင်မရာနဲ့ 8K ဗီဒီယိုကို 24fps, 4K ဗီဒီယိုကို 30/60fps, 1080p ဗီဒီယိုကို 30/60/120/240/960fps တွေနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
ဘက်ထရီ
|
|
|
|
|
|
Xiaomi Mi 10 Ultra မှာ 4500mAh ပမာဏ ဘက်ထရီပါတယ် ဆိုပေမယ့် 2250mAh ဘက်ထရီနှစ်လုံးကို ခွဲပြီး ထည့်သွင်းထားတာ ဖြစ်ပါတယ်။ မြန်ဆန်တဲ့ကြိုးမဲ့အားသွင်းစနစ်နဲ့ ကြိုးနဲ့အားသွင်းမှုနှစ်ခု အတွက် ခုလို ဖန်တီးထားတာဖြစ်ပြီး ပုံမှန်အတိုင်းကို ဘက်ထရီက ၈၅ နာရီကြာ သုံးနိုင်မှာ ဖြစ်ပါတယ်။ 60Hz refresh rate နဲ့ Fullscreen ဗီဒီယိုကြည့်ရှုတာကို ၁၈ နာရီ ၃၁ မိနစ်၊ အွန်လိုင်းသုံးတာကို ၁၂ နာရီနဲ့ ၄၉ မိနစ်၊ ဖုန်းပြောတာကို ၁၇ နာရီ ၃၁ မိနစ် သုံးနိုင်ပါတယ်။ သူ့မှာထည့်သွင်းပေးထားတဲ့ မြန်ဆန်တဲ့ 120W အားသွင်းစနစ်က ဘက်ထရီ ဝ ရာခိုင်နှုန်းကနေ ၄၁ ရာခိုင်နှုန်းကို ၅ မိနစ်အတွင်း သွင်းပေးနိုင်ပြီး အားအပြည့်သွင်းဖို့ဆိုရင် ၂၃ မိနစ်ပဲ ကြာမယ်လို့ Xiaomi က ဆိုထားပါတယ်။ ၄၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအပြည့် အားသွင်းတာကို ၂၆ မိနစ်ပဲ ကြာပါတယ်။ တော်တော်မြန်တယ်လို့ သုံးသပ်ရမှာပါ။ ကြိုးမဲ့အားသွင်းစနစ်ကလည်း ၁၀၀ ရာခိုင်နှုန်းအပြည့်ကို မိနစ် ၄၀ အတွင်း အားသွင်းပေးနိုင်ပါတယ်။
သုံးသပ်ချက်
Mi 10 Ultra က 120Hz AMOLED screen နဲ့ မြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မြင့် chipset , မြင့်မားတဲ့ ကင်မရာစွမ်းဆောင်ရည်၊ ကြီးမားတဲ့ ဘက်ထရီ၊ မြန်ဆန်တဲ့ အားသွင်းစနစ်တွေ အပြင် 5G စနစ်အတွက် ထောက်ပံ့ပေးနိုင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲက ပြိုင်ဘက်မော်ဒယ်ဖြစ်တဲ့ Huawei P40 Pro+ နဲ့ Samsung Galaxy Note 20 Ultra တို့လိုမျိုး ရေစိုခံနိုင်မှုမရှိဘူးလို့ ဆိုရမှာပါ။ P40 Pro+ က 90Hz OLED၊ 10x Optical Zoom တွေထောက်ပံ့ပါဝင်ပေမယ့် Google Services တော့ပါဝင်မှာ မဟုတ်ပါဘူး။ Galaxy Note 20 Ultra က ရေစိုခံနိုင်တဲ့အပြင် S-Pen လည်း အသုံးပြုနိုင်မယ့် မြင်ကွင်းကြီးမားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ Mi 10 Ultra က တရုတ်ဗားရှင်းအနေနဲ့သာ အသုံးပြုနိုင်ပြီး Google Services တွေကို ပြန်လည် ထည့်သွင်း အသုံးပြုရမှာဖြစ်ပေမယ့် သင်က Mi Fan တစ်ယောက်ဆိုရင်တော့ overall စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်တဲ့ Mi 10 Ultra က သင့်ကို အထူးဆွဲဆောင်နိုင်မှာ ဖြစ်သလို ပေးရတဲ့ဈေးနဲ့ သူ့ရဲ့ ထိပ်တန်းစွမ်းဆောင်ရည်တွေက သင့်ကို ကျေနပ်စေမယ့် ဖုန်းတစ်လုံးလို့ သုံးသပ်ရမှာဖြစ်ပါတယ်။
– ရဲထွဋ်ဝင်း
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««