Xiaomi Mi 10 Ultra မှာ ကြိုးမဲ့ 50W အားသွင်းစနစ်ပါဝင်

Xiaomi Mi 10 Ultra မှာကြိုးနဲ့ဆို 120W အားသွင်းစနစ်ပါဝင်ပြီး ကြိုးမဲ့ဆိုရင် 50W အထိ ထောက်ပံ့ပေးထားပါတယ်။ Xiaomi ရဲ့အသစ်ပြင်ဆင်ထားတဲ့ အားသွင်းနည်းပညာက မိနစ် ၄၀ အတွင်း ဘက်ထရီ 4,500mAh ကိုအားသွင်းပေးနိုင်ပါတယ်။

Xiaomi က အားသွင်းနည်းပညာအသစ် အကြောင်းကို ရှင်းပြခဲ့ပါတယ်။ ဘက်ထရီနဲ့ coil အအကြားမှာ အရာလေးတွေကို စီစဉ်ထားပုံက အဓိကကျပြီး charge pump တွေအသုံးပြုထားပါတယ်။ Xiaomi က charge pump နှစ်ခုကို အပြိုင်စီထားပါတယ်။ ဒါ့အပြင် ၉၇ ရာခိုင်နှုန်း အထိ ထိရောက်တဲ့ မျိုးဆက်သစ် charge pump တွေအသုံးပြုထားပါတယ်။ အဲဒီ pump တွေကို အလွန်လျှပ်ကူးလွယ်တဲ့ grapheme အခြေခံအရာတွေ ချိတ်ဆက်ထားတာကြောင့် စွမ်းအင်ဆုံးရှုံးမှု နည်းပါးပါတယ်။ ဘက်ထရီကိုလည်း 2,250mAh ဆဲလ်၂ ခု ခွဲထားပြီး ချိတ်ဆက်ထားပါတယ်။

-စိုးထက်
Ref: GSMArena