Xiaomi Mi 10 နဲ့ Mi 10 Pro ကြော်ငြာပိုစတာ ထွက်ပေါ်

Xiaomi Mi 10 နဲ့ Mi 10 Pro ကိုတော့ ဖေဖော်ဝါရီ ၁၃ ရက်မှာ မိတ်ဆက်ပါမယ်။ Xiaomi ရဲ့ထုတ်ကုန်သစ်တွေ မိတ်ဆက်မဆက်ခင်မှာတော့ ကြော်ငြာပိုစတာ ထွက်ပေါ်လာပါတယ်။

ကင်မရာ ၄လုံးပါဝင်တဲ့ အပြာရောင်ဖုန်းပုံကတော့ Mi 10 Pro ဖြစ်ပြီး အစိမ်းရောင် ဖုန်းကတော့ Mi 10 ဖြစ်နိုင်ပါတယ်။ Mi 10 ကျောဘက်ကင်မရာမှာ ကင်မရာ ၄လုံးပါဝင်ပေမယ့် Mi 10 Pro လိုမျိုး sensor တော့မပါဝင်လာပါဘူး။ဖုန်းရဲ့ ရှေ့ဘက်ခြမ်း ဘယ်ဘက်ထိပ်မှာတော့ punch hole နဲ့အတူ display တစ်ခုနဲ့ ဖုန်းအနားစွန်းကွေး ဒီဇိုင်းကို အသုံးပြုထားပါတယ်။

ဓာတ်ပုံထဲမှာ Mi 10 ဖုန်းအသေးစိတ်အချက်အလက် အနည်းငယ်ကို ရေးသားထားပါတယ်။ Mi 10 ဖုန်း ၂မျိုးမှာ Snapdragon 865 SoC, 5G ထောက်ပံ့မှုပါဝင်ပြီး 8K ဗီဒီယိုရိုက်ကူးမှုနဲ့ 50x hybrid zoom တို့ပါဝင်လာပါတယ်။

-စိုးထက်
Ref: GSMArena