Xiaomi Mi 10 နဲ့ Mi 10 Pro ကိုထုတ်ဖော်မိတ်ဆက်

Xiaomi Mi 10 နဲ့ Xiaomi Mi 10 Pro ကို တရားဝင် ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ ကင်မရာ ၄ လုံးနဲ့ Snapdragon 865 တို့ပါဝင်လာပါတယ်။ ဖုန်း နှစ်မျိုးစလုံးမှာ ကြိုးမဲ့အားသွင်းစနစ်ပါဝင်ပြီး ရှေ့ကင်မရာ punch hole ဒီဇိုင်းကို အသုံးပြုထားတဲ့ ပထမဆုံး Mi အမှတ်တံဆိပ်ထုတ်ကုန်တွေ ဖြစ်လာပါတယ်။

Mi 10 ကျောဘက်ကင်မရာမှာ Mi Note 10 လိုမျိုး 108MP sensor ပါဝင်လာပါတယ်။ ဖုန်းရဲ့ချိတ်ဆက်မှုကတော့ SA နဲ့ NSA 5G နဲ့ Wi-Fi 6 တို့ပဲဖြစ်ပါတယ်။

Xiaomi Mi 10 Pro

     

Xiaomi Mi 10 Pr ဖုန်းကတော့ အံ့အားသင့်စရာကောင်းပါတယ်။ မျက်နှာပြင် ၆.၆၇ လက်မ AMOLED FullHD+ မျက်နှာပြင်နဲ့ ထောင့်ကွေးတွေပါဝင်လာပါတယ်။ ဖုန်းမျက်နှာပြင်က 90Hz refresh rate နဲ့ 180Hz touch sampling rate တို့ပါဝင်လာပါတယ်။ ဖုန်းရဲ့ အလင်းအားက 1200nit ဖြစ်ပြီး အလင်းချိန်ညှိမှုအဆင့် 4096 နဲ့ DC အလင်းမှိန်မှုတို့ပါဝင်လာပါတယ်။Mi 10 Pro ကင်မရာကတော့ အထူးခြားဆုံးဖြစ်ပြီး 108MP မှာ 8MP lens ထည့်သွင်းထားပြီး telephoto lens ကတော့ 10x hybrid zoom ထောက်ပံ့ထားကာ portrait ရိုက်ချက်အတွက် 12MP 2x telephoto နဲ့ 20MP ultrawide angle ထောက်ပံ့မှုတို့ပါဝင်လာပါတယ်။ Xiaomi Mi 10 Pro ရဲ့ 108MP ကင်မရာမှာ OIS နဲ့ EIS တို့ပါဝင်သလို ဓာတ်ပုံရိုက်ချက်တွေနဲ့ ဗီဒီယိုမှတ်တမ်းအတွက် AI အဆင့်မြှင့်တင်မှု တွေလည်း ပါဝင်ကာ ဗီဒီယို 8K အထိရိုက်ကူးနိုင်ပါတယ်။

Mi 10 Pro အတွက် RAM 8GB/storage 256GB, 12GB/256GB နဲ့ 12GB/512GB မော်ဒယ် ၃ မျိုး ထောက်ပံ့ထားပါတယ်။ ဖုန်းတွေမှာ LPDDR5 RAM နဲ့ UFS 3.0 storage အားလုံးကိုအသုံးပြုထားပါတယ်။

ဘက်ထရီကတော့ 4,500mAh ဖြစ်ပြီး 50W နဲ့အားသွင်းပေးပြီး ကြိုးမဲ့ဆိုရင် 30W ဖြစ်ကာ အခြားထုတ်ကုန်တွေကိုလည်း ဖုန်းက 10W နဲ့အားပြန်သွင်းပေးနိုင်ပါတယ်။

ဈေးနှုန်းကတော့ ၇၁၅ ဒေါ်လာနဲ့စတင်ရောင်းချပြီး အပြာနဲ့ အဖြူကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ကြိုတင်မှာယူနိုင်ပါတယ်။

Xiaomi Mi 10

     

Mi 10 မျက်နှာပြင်အရွယ်အစားကတော့ ၆.၆၇ လက်မ AMOLED မျက်နှာပြင်အပြင် ကျောဘက်မှာ 108MP ကင်မရာပါဝင်လာပါတယ်။ ဒါ့အပြင် telephoto ကင်မရာ ၂ ခုနဲ့ 2MP depth sensor နဲ့ 2MP macro ကင်မရာတို့ ပါဝင်လာပါတယ်။ ကင်မရာရဲ့ ultrawide ယူနစ်ကို 13MP အထိ လျှော့ချထားပါတယ်။

Xiaomi Mi 10 မှာမြန်ဆန်တဲ့ LPDDR5 RAM နဲ့ UFS 3.0 storage နဲ့ ဗီဒီယိုကု 8K အထိ ရိုက်ကူးနိုင်ပါတယ်။Xiaomi Mi 10 ဖုန်းဘက်ထရီကတော့ ပိုမိုကြီးမားပြီး ဘက်ထရီ 4,780mAh အထိပါဝင်လာကာ ကြိုးမဲ့ အပြင် ကြိုးနဲ့အားသွင်းရင် 30W အထိ ထုတ်ပေးနိုင်ပါတယ်။ အခြားထုတ်ကုန်တွေကို ဖုန်းက 10W နဲ့အားပြန်သွင်းနိုင်ပါတယ်။

Mi 10 ကို မက်မွန်၊ အစိမ်းနဲ့ အနက်ဆိုပြီး စတင်ရောင်းချနေပြီ ဖြစ်ကာ RAM 8GB/128GB ကို ၅၇၂ဒေါ်လာ၊ 8GB/256GB ကို ၆၁၅ ဒေါ်လာနဲ့ 12GB/256GB အတွက် ၆၇၃ ဒေါ်လာနဲ့ အသီးသီးရောင်းချပါမယ်။

Xiaomi Mi 10 ကို MWC 2020 ပွဲမှာ ထုတ်ဖော်ပြသမယ်လို့ စီစဉ်ထားပေမယ့် ကွန်ဖရင့်က ဖျက်သိမ်းသွားခဲ့ပါတယ်။ Xiaomi အနေနဲ့ ဖုန်းကို ဘယ်လိုထုတ်ဖော်ပြသမလဲဆိုတာ မသိသေးပါဘူး။

စိုးထက်
Ref: GSMArena