Xiaomi FlyDigi Mobile Cooling Fan

မိုဘိုင်းဖုန်း၊ Tablet တို့နဲ့ ဂိမ်းဆော့ရာမှာအဆင်ပြေစေမယ့် Xiaomi FlyDigi Mobile Cooling Fan ဖြစ်ပါတယ်။ အဓိက စွမ်းဆောင်ချက်ကတော့ ဂိမ်းကစားများသူတွေရဲ့ ဟန်းဆက်၊ Tablet တွေဟာ အချိန်ကြာလာတာနဲ့ အပူချိန်တတ်လာတာတွေကို ပယ်ဖျောက်ပေးနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဖုန်း (သို့) Tablet ပေါ်မှာ အသင့်ပါတဲ့ စုပ်ခွက်နဲ့ ကပ်ပြီး USB ကနေ ချိတ်ဆက်ကာ အသုံးပြုရတာ ဖြစ်တဲ့ အတွက် ဖုန်းနဲ့ Tablet ကိုင်တွယ်ကစားရာမှာလည်း အနှောက်အယှက် မဖြစ်စေဘူးလို့ သိရပါတယ် ။ 700mAh ဘက်ထရီကို ထောက်ပံ့ပေးထားတဲ့အတွက် နှစ်နာရီအားသွင်းရုံနဲ့ ခြောက်နာရီဆက်တိုက် ကစားနိုင်မှာ ဖြစ်ပါတယ်။
အရွယ်အစားက 6.22 x 5.04 x 4.06 လက်မဖြစ်ပြီး အလေးချိန် 3.41 အောင်စသာရှိပါတယ်။ တန်ဖိုးက ၂၀,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း ၀၉ ၄၂၂၂၉၄၈၈၄ နဲ့ ၃၄၆၀၃၈၈၈၄ တို့မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။