Xiaomi ရဲ့ Mi Watch မှာ iOS ထောက်ပံ့မှုပါဝင်လာ

အသစ်ထွက်ရှိထားတဲ့ Xiaomi Mi Watch ရဲ့ပထမဆုံး firmware update မှာ အကြီးမားဆုံး တိုးတက်မှုတွေ ပါဝင်လာပြီး iOS ထောက်ပံ့မှုလည်း ထည့်သွင်းထားပါတယ်။ Xiaomi ရဲ့ Wear App ကို iOS အတွက်ဖြန့်ချိခဲ့ပြီး firmware update လည်းထောက်ပံ့လိုက်ပါတယ်။

အခု update ကို တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၃ ရက်မှာ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။ Xiaomi အနေနဲ့ ဖုန်းနဲ့ နာရီချိတ်ဆက်မှု လုပ်ငန်းစဉ်ကို ပိုမိုတိုးတက်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သုံးစွဲသူတချို့က ပထမဆုံးအကြိမ်အဖြစ် ဖုန်းနဲ့ စမတ်နာရီ ချိတ်ဆက်တဲ့အခါမှာ နာရီရပ်တန့်သွားတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ ပြောထားပါတယ်။

အခု firmware အသစ်က Xiaomi Wear App နဲ့ပတ်သက်တဲ့ သတိပေးချက်ပြဿနာကို ပြင်ဆင်ထားပါတယ်။ အခုအခါမှာ တည်နေရာ သတင်းအချက်အလက်ကိုလည်း အလိုအလျောက် ဖော်ပြနိုင်အောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena