Xiaomi ရဲ့ Mi 11 အထူး Edition ဖုန်းထွက်ရှိမယ်

Xiaomi ဟာ ‌Mi 11 မိတ်ဆက်မယ့်ရက်ကို တရားဝင် ကြေညာပြီးတဲ့နောက်မှာ ဖုန်း benchmark ရမှတ်နဲ့ တရားဝင် ဓာတ်ပုံတွေလည်း ထွက်လာပါတယ်။

နောက်ဆုံးသတင်းအရ Mi 11 ဖုန်းမှာ အထူး edition ဖြစ်တဲ့ သားရေဒီဇိုင်းနဲ့ လုပ်ထားတဲ့ မော်ဒယ်လည်း ထွက်လာပါမယ်။ Weibo ကထွက်လာတဲ့ သတင်းအရ Xiaomi Mi 11 အရောင်နဲ့ storage ကိုလည်း ထုတ်ဖော်လိုက်ပါတယ်။

Mi 11 အပြာကတော့ 12GB+ 256GB ထွက်ရှိပြီး smoke ခရမ်းရောင်ကတော့ 8GB+ 128GB အပြင် Cigarette ခရမ်းကတော့ 12GB+ 256GB နဲ့ ထွက်လာပါမယ်။ အထူး Edition ကတော့ အဖြူပဲ ထွက်လာပါမယ်။

သတင်းထဲမှာ Xiaomi ဟာ Mi 11 ကိုပဲ အရင်ဆုံး မိတ်ဆက်ပြီး ဖေဖော်ဝါရီမှ Mi 11 Pro ကိုမိတ်ဆက်ဖွယ်ရှိတယ်။ Mi 11 ကိုတော့ မော်ဒယ် ၂ မျိုးထုတ်မလား ဆိုတာကတော့ အတည်မပြုနိုင်သေးပါဘူး။ Mi 11 ဖုန်းတွေမှာ punch hole selfie ကင်မရာ ပါဝင်လာပါမယ်။ Pro မော်ဒယ်မှာပဲ FHD+ မျက်နှာပြင်နဲ့အတူ မျက်နှာပြင်ကွေးနဲ့ 120Hz refresh rate ပါဝင်လာပါမယ်။
စိုးထက်
Ref: GSMArena