Xiaomi ဖုန်းဒီဇိုင်းသစ် မူပိုင်ခွင့် ထွက်ပေါ်

Xiaomi ဟာ ဖုန်းရဲ့ ထိပ်ဘက်က notch ကိုဖယ်ရှားပြီး လှည့်နိုင်တဲ့ display ဒီဇိုင်းသစ်တစ်ခုကို မူပိုင်ခွင့် တင်လိုက်ပါတယ်။

အဲဒီစမတ်ဖုန်း ဒီဇိုင်းကို 91mobiles ကတွေ့ရှိခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံ ဉာဏပစ္စည်းကြီးကြပ်ရေး (CPIPA) မှာ မူပိုင်ခွင့်တင်ထားပါတယ်။ မူပိုင်ခွင့်အတွင်း အဓိက ကင်မရာ အမျိုးမျိုးကို ရှေ့ဘက်လှည့်နိုင်အောင် ဖန်တီးထားပါတယ်။ဒါကြောင့် ကင်မရာတွေကို ရှေ့ဘက်နဲ့ ကျောဘက်မှာပါ အသုံးပြုနိုင်ပါတယ်။ ဖုန်း display နဲ့အတူ interface တို့က ကင်မရာကို လှည့်နိုင်အောင် မျက်နှာပြင်အရွယ်အစားလိုက် ချိန်ညှိထားဖွယ်ရှိပါတယ်။

အခု Xiaomi ကင်မရာဒီဇိုင်းအရ selfie ရိုက်ဖို့ ကင်မရာကို လှည့်ရပြီး display အပေါ်ဘက်ပိုင်းက ကျောဘက်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

အလားတူဖုန်းတွေကို ဖုန်းကုမ္ပဏီတွေက ထုတ်လုပ်ခဲ့ဖူးကြပါတယ်။ Samsung Galaxy 80 နဲ့ Asus Zenfone 6 တို့က Xiaomi လိုမျိုး ကင်မရာ ဒီဇိုင်းကို အသုံးပြုခဲ့ကြပါတယ်။

စိုးထက်
Ref: TechRadar

သင်သိပါသလား? မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်ရုံပဲဆိုတာ . . .