Xiaomi နဲ႔ပူးေပါင္းဖန္တီးထားတဲ့ ၁၀၈ သန္း pixel image sensor ကို Samsung ျပသ

[ Zawgyi ]

Samsung ဟာ Isocell Bright HMX အမည္ရ image sensor သစ္ကုိ မိတ္ဆက္ခဲ့ပါတယ္။ အဲဒီ sensor သစ္မွာ ၁၀၈ သန္း megapixels (Mp) ပါဝင္လာပါတယ္။

တ႐ုတ္ဖုန္းကုမၸဏီ Xiaomi နဲ႔ Samsung တုိ႔ပူးေပါင္းဖန္တီးခဲ့ၿပီး 0.8μm အရြယ္အစားရွိ pixel ကုိ အသုံးျပဳထားပါတယ္။

ဒါေၾကာင့္ စမတ္ဖုန္းပုိင္ဆုိင္သူေတြက အဆင့္ျမင့္ DSLR ကင္မရာ အရည္အေသြးနဲ႔ ဓာတ္ပုံေတြ ႐ိုက္ကူးလာႏိုင္မွာပါ။

အခု sensor က 1/1.33 လက္မ အရြယ္ရွိၿပီး အျခားေမာ္ဒယ္ေတြနဲ႔ႏိႈင္းယွဥ္ရင္ အေပၚယံဧရိယာ ႀကီးမားၿပီး အလင္းကုိ ေကာင္းမြန္စြာ စုပ္ယူနိုင္ပါတယ္။

Samsung ရဲ႕ Tetracell နည္းပညာက pixel ေလးခုကုိအသုံးျပဳၿပီး ေမွာင္တဲ့ပတ္ဝန္းက်င္အတြင္း အလင္းေရာင္ကို ေကာင္းေကာင္းစုပ္ယူႏိုင္ပါတယ္။ ဒါ့အျပင္ noise ကုိလည္းခ်ဳံ႕ၿပီး exposure မ်ားတဲ့အခါ အေရာင္မွန္ကန္ပါတယ္။

အခု sensor ဟာ 6K ႐ုပ္ထြက္အရည္အေသြးနဲ႔ တစ္စကၠန္႔ 30 frame အထိ ေထာက္ပံ့ေပးႏိုင္ပါတယ္။

စိုးထက္
Ref: ZDNet

[ Unicode ]

Samsung ဟာ Isocell Bright HMX အမည်ရ image sensor သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ sensor သစ်မှာ ၁၀၈ သန်း megapixels (Mp) ပါဝင်လာပါတယ်။

တရုတ်ဖုန်းကုမ္ပဏီ Xiaomi နဲ့ Samsung တို့ပူးပေါင်းဖန်တီးခဲ့ပြီး 0.8μm အရွယ်အစားရှိ pixel ကို အသုံးပြုထားပါတယ်။

ဒါကြောင့် စမတ်ဖုန်းပိုင်ဆိုင်သူတွေက အဆင့်မြင့် DSLR ကင်မရာ အရည်အသွေးနဲ့ ဓာတ်ပုံတွေ ရိုက်ကူးလာနိုင်မှာပါ။

အခု sensor က 1/1.33 လက်မ အရွယ်ရှိပြီး အခြားမော်ဒယ်တွေနဲ့နှိုင်းယှဉ်ရင် အပေါ်ယံဧရိယာ ကြီးမားပြီး အလင်းကို ကောင်းမွန်စွာ စုပ်ယူနိုင်ပါတယ်။

Samsung ရဲ့ Tetracell နည်းပညာက pixel လေးခုကိုအသုံးပြုပြီး မှောင်တဲ့ပတ်ဝန်းကျင်အတွင်း အလင်းရောင်ကို ကောင်းကောင်းစုပ်ယူနိုင်ပါတယ်။ ဒါ့အပြင် noise ကိုလည်းချုံ့ပြီး exposure များတဲ့အခါ အရောင်မှန်ကန်ပါတယ်။

အခု sensor ဟာ 6K ရုပ်ထွက်အရည်အသွေးနဲ့ တစ်စက္ကန့် 30 frame အထိ ထောက်ပံ့ပေးနိုင်ပါတယ်။

Ref: ZDNet