Xiaomi နဲ့ယှဉ်ပြိုင်မယ့် OnePlus Band တရားဝင်မိတ်ဆက်

OnePlus ဟာ ကုမ္ပဏီအတွက် ပထမဆုံးထုတ်လုပ်တဲ့ OnePlus Band အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ OnePlus Band ဟာ Xiaomi Mi Band 5 ကိုယှဉ်ပြိုင်သွားပါမယ်။ OnePlus Band မှာတော့ ရောင်စုံ display နဲ့ ဘက်ထရီ ၂ ပတ်အထိ အသုံးပြုနိုင်ပြီး SpO2 sensor အပြင် ၂၄ နာရီလုံးလုံး နှလုံးခုန်နှုန်း တိုင်းတာပေးပါတယ်။

OnePlus Band မှာတော့ မျက်နှာပြင် ၁.၁ လက်မ ရောင်စုံ AMOLED display နဲ့အတူ ဆီလီကွန်လက်ပတ်တွေ ပါဝင်လာပါတယ်။ မျက်နှာပြင်ရုပ်ထွက်အရည်အသွေးကတော့ 126x 294 pixel နဲ့ P3 wide color gamut ပါဝင်လာပါတယ်။ OnePlus Band မှာတော့ optical နှလုံးခုန်နှုန်းတိုင်း sensor, 3-Axis Accelerometer, Gyroscope နဲ့ SpO2 sensor ပါဝင်လာပါတယ်။ အဲဒီ sensor တွေက ခြေလှမ်းနဲ့ ကယ်လိုရီလောင်ကျွမ်းမှု၊ နှလုံးခုန်နှုန်း၊ အိပ်စက်မှုအခြေအနေနဲ့ သွေးအောက်ဆီဂျင်ပမာဏကို တိုင်းတာပေးပါတယ်။ OnePlus Band ထဲမှာ လေ့ကျင့်ခန်း mode ၁၃ ခု ပါဝင်လာပါတယ်။

အခြား feature တွေကတော့ Bluetooth 5.0 နဲ့ ဘက်ထရီ 100mAh ပါဝင်ပြီး အားတစ်ခါသွင်းရင် ၁၄ ရက်အထိ အသုံးပြုနိုင်ပါတယ်။ OnePlus Band ကိုတော့ OnePlus Health app နဲ့တွဲဖက် အသုံးပြုနိုင်ပါတယ်။ OnePlus Band ကတော့ အနက်၊ အပြာနဲ့ လိမ္မော်ဆိုပြီး ၃ မျိုးထွက်လာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၃၄ ဒေါ်လာ ဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်ကစပြီး ရောင်းချပေးပါမယ်။

-စိုးထက်
Ref: Xda-Developers

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««