Xiaomi က Mi CC9 Pro ကို Mi Note 10 အမည်နဲ့ တစ်ကမ္ဘာလုံးဆီ ဖြန့်ချိမည်

Xiaomi ဟာ 108MP အဓိကကင်မရာနဲ့ ကင်မရာ ၅လုံးပါဝင်တဲ့ Mi CC9 Pro ကို Mi Note 10 အမည်နဲ့ တစ်ကမ္ဘာလုံးဆီ ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးဆီ ဖြန့်ချိရောင်းချတဲ့အခါမှာ Xiaomi Mi Note 10 အမည်ကို အသုံးပြုမှာ ဖြစ်ပြီး ကျန်တဲ့အပိုင်းတွေက အတူတူဖြစ်ပါတယ်။ Xiaomi Mi Note 10 Pro ကိုလည်း ထုတ်လုပ်မှာဖြစ်ပြီး Xiaomi Mi CC9 Pro Premium Edition နဲ့အတူတူပဲ ဖြစ်ပါတယ်။

Mi Not 10 Pro မှာတော့ 108MP sensor ရှေ့မှာ 8P lens ပါဝင်ပြီး RAM နဲ့ storage ထပ်ဆောင်းအပိုပါဝင်လာပါတယ်။ ကျန်တဲ့အပိုင်းက Mi Note 10 နဲ့တူညီပါတယ်။

Mi Note 10 မှာ ၆.၄၇လက်မ Super AMOLED panel နဲ့အတူ Full HD+ ရုပ်ထွက်အရည်အသွေး၊ ရေစက်ပုံစံ notch နဲ့ in-display fingerprint scanner ပါဝင်လာပါတယ်။ အခု sensor တွေက မျိုးဆက်သစ်ဖြစ်ပြီး အရင်မော်ဒယ်ထက် ၈၈ ရာခိုင်နှုန်းပါးလွှာတယ်လို့ Xiaomi ကပြောထားပါတယ်။

အတွင်းဘက်မှာ Snapdragon 730G chipset နဲ့ RAM 6GB ကိုတွဲဖက်ထားပါတယ်။ ဥရောပအတွက် storage 128GB နဲ့ microSD အပေါက်မပါတဲ့ မော်ဒယ်ကို ကနဦးဖြန့်ချိမယ်လို့ သိရပါတယ်။

ကျောဘက်မှာ ကင်မရာ ၅လုံးပါဝင်ပြီး အဓိက ကင်မရာ 108MP 1/1.33” Samsung ISOCELL Bright HMX sensor နဲ့အတူ 7P lens ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် 5MP telephoto ကင်မရာနဲ့အတူ 5x optical zoom နဲ့အတူ 12MP နဲ့ portraits အတွက် 2x zoom, 20MP wide-angle နဲ့ macro lens တစ်ခုပါဝင်လာပါတယ်။ ရှေ့ကင်မရာကတော့ 32MP sensor နဲ့ f/2.0 aperture ပါဝင်ပြီး ရေစက်ပုံစံဒီဇိုင်းထဲ ထည့်သွင်းထားပါတယ်။

Xiaomi Mi Note 10 မှာ Night Mode 2.0 ပါဝင်ကာ JPEG အစား raw ဖိုင်တွေထုတ်ပေးပြီး ဓာတ်ပုံအသေးစိတ်နဲ့ dynamic range ကိုအကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပါတယ်။ ဖုန်းရဲ့ ultrawide ကင်မရာမှာ Night Mode 2.0 ရရှိမှာ ဖြစ်ပြီး အနာဂတ်မှာ ပါဝင်လာပါမယ်။

ဖုန်းမှာ ဘက်ထရီ 5,260mAh ဘက်ထရီနဲ့အတူ 30W အားသွင်းမြန်ဆန်တဲ့ ထောက်ပံ့မှုပါဝင်ပြီး ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာပါတယ်။ ဒါ့အပြင် IP အဆင့်သတ်မှတ်ချက် မပါဝင်ပေမယ့် အခြားအီလက်ထရောနစ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်ဖို့ IR blaster ပါဝင်လာပါတယ်။

ဖုန်းကို အစိမ်း၊ အဖြူနဲ့ အနက်ဆိုပြီး အရောင် ၃ရောင် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Mi Note 10 ကိုဂျာမနီမှာ နိုဝင်ဘာ ၁၁ရက်၊ စပိန်နဲ့ အီတလီမှာ နိုဝင်ဘာ ၁၅ ရက်တွင် ရောင်းချမှာ ဖြစ်ပါတယ်။

Mi Note 10 ကိုယူရို ၅၄၉နဲ့ရောင်းချမှာ ဖြစ်သလို Mi Note 10 Pro ကတော့ ယူရို ၆၄၉ကျသင့်မှာ ဖြစ်ပါတယ်။ Mi Note 10 မှာတော့ RAM 8GB နဲ့ storage 256GB ပါဝင်လာမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena