Xiaomi ကွန်ပျူတာအသေးစားလေး

Xiaomi က ရူဘစ်ကုဗတုံး အရွယ်ပဲရှိတဲ့ ကွန်ပျူတာကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီကွန်ပျူတာမှာ quad-core Intel J4125 ပရိုဆက်ဆာနဲ့ turbo ကြိမ်နှုန်း 2.7GHz နဲ့ အလေးချိန် ၁၄၅ ဂရမ်ပဲ ရှိပါတယ်။

မီနီကွန်ပျူတာလေးက စမတ်ဖုန်းထက်သေးငယ်ပြီး ရူဘစ်ကုဗတုံးအရွယ်ပဲ ရှိပါတယ်။ နာမည်ကတော့ Ningmei Rubik’s Cube Mini လို့ခေါ်ဆိုပါတယ်။ ကွန်ပျူတာက မော်နီတာနဲ့ ချိတ်နိုင်ဖို့ HDMI port ပါဝင်ပြီး တီဗီ ဒါမှမဟုတ် ပရော်ဂျက်တာနဲ့ ချိတ်ဆက်နိုင်ပါတယ်။

ကွန်ပျူတာမှာ UHD600 graphics, RAM 8GB နဲ့ 256GB M.2 solid state hard drive ပါဝင်လာပါတယ်။ Wi-Fi နဲ့ Bluetooth ချိတ်ဆက်မှုလည်း ပါဝင်လာပါတယ်။

USB-C တစ်ခုနဲ့ USB-3.0 နှစ်ခု ပါဝင်လာပါတယ်။ တရုတ်နိုင်ငံမှာတော့ Xiaomi China အွန်လိုင်းစတိုးကနေ စတင်ရောင်းချနေပါတယ်။ ဈေးနှုန်းကတော့ RAM နဲ့ storage အပေါ်မူတည်ပြီး ၉၉၉ယွမ် (၁၅၁ဒေါ်လာ) ကနေ ယွမ် ၁,၃၃၄၉ (၂၀၃ ဒေါ်လာ) ကျသင့်ပါမယ်။

-စိုးထက်
Ref: Entrepreneur

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««