Xbox Series X မှာဂိမ်းထောင်ပေါင်းများစွာ ထောက်ပံ့

Microsoft ဟာ Xbox Series X အတွက် ဂိမ်းထောင်ပေါင်းများစွာ ဖြန့်ချိသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ Xbox Series X ဟာ Sony ရဲ့ PlayStation 5 လိုပဲ ဂိမ်းဟောင်းတွေကို ထောက်ပံ့ပေးပါမယ်။

“ဂိမ်းပေါင်း နာရီ ၁၀၀,၀၀၀ ကျော်စမ်းသပ်ကစားထားပါတယ်။ Xbox Series X မှာ cult classic တွေနဲ့ ပရိသတ်စိတ်ကြိုက်ဂိမ်းတွေအထိ ဂိမ်းထောင်ပေါင်းများစွာကို ကစားနိုင်ပါမယ်” လို့ Xbox Series X ပရိုဂရမ်စီမံခန့်ခွဲရေးဒါရိုက်တာ ဂျေဆင်ရိုနယ်က Xbox Wire မှာရေးသားခဲ့ပါတယ်။

“နေ့စဉ်နေ့တိုင်း Team Xbox ကလူအများစုက Xbox Series X ကိုအဓိက ဂိမ်းအဖြစ် ကစားနေကြပြီး မျိုးဆက်တွေအကြား လက်ဆင့်ကမ်းနေပါတယ်။ ဒီအားလက်ရက်မှာ ဂိမ်းကို ဖြန့်ချိတဲ့အချိန်မှာ ဂိမ်းစက်ထဲမှာ ဂိမ်းပေါင်းများစွာ ရှိနေဖို့ အဖွဲ့က နာရီပေါင်း ၂၀၀,၀၀၀ ကျော်လောက် အသုံးချထားပါတယ်”

ရော်နယ်ရဲ့ပြောကြားချက်အရ Xbox Series X ဂိမ်းမှာ Xbox One ဂိမ်းတွေအပြင် Xbox 360 နဲ့မူလ Xbox ဂိမ်းတွေလည်း ကစားနိုင်မယ်လို့ သိရပါတယ်။

-စိုးထက်
Ref: IGN