Xbox Series X ဂိမ်းဒီဇိုင်းအတိုင်း ရေခဲသေတ္တာ Microsoft ဖန်တီး

Microsoft ဟာ Xbox Series X ကို ပထမဆုံး ထုတ်ဖော်ပြသခဲ့တာ တစ်နှစ်တိတိ ရှိပါပြီ။ Microsoft Xbox Series X ဂိမ်းစက်က ရေခဲသေတ္တာနဲ့ တူတယ်လို့ ပြောဆိုမှုက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အခုဆိုရင် Microsoft က ဟာသအနေနဲ့ Xbox Series X ရေခဲသေတ္တာကို ဖန်တီးလိုက်ပါတယ်။

အဲဒီ ရေခဲသေတ္တာကတော့ Xbox Series X ပုံတူ တစ်အချိုးတစ် ဒီဇိုင်းဖြစ်ပြီး အမြင့် ၆ ပေ ရှိကာ အလေးချိန်က ပေါင် ၄၀၀ ရှိပါတယ်။ ဒါ့အပြင် ရှေ့ဘက်မှာ Xbox လိုဂို ပါဝင်ပါတယ်။ ရေခဲသေတ္တာကို ဖွင့်လိုရင် ဂိမ်းစက်က disc drive အသံမြည်ပြီး မီးပွင့်လာပါမယ်။ မီးအရောင်ကတော့ အစိမ်းဖြစ်ပါတယ်။

Microsoft ကတော့ Xbox Series X ဂိမ်းဈေးအတိုင်း ရေခဲသေတ္တာကိုလည်း ၄၉၉ ဒေါ်လာလို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ရေခဲသေတ္တာကို ဝယ်ယူခွင့်မပေးဘဲ ပြိုင်ပွဲတစ်ခုမှာ အနိုင်ရတဲ့အခါ Xbox Series X ရေခဲသေတ္တာရရှိကာ နိုဝင်ဘာလ ၄ ရက်မှာ ထုတ်နိုင်မယ်လို့ သိရပါတယ။

ပြီးခဲ့တဲ့အပတ်က Microsoft ကတော့ Xbox Series X ရေခဲသေတ္တာကို ရပ်ပါ Snoop Dogg ဆီ လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««