
Amazon က Xbox Series X မှာယူထားသူတွေ နိုဝင်ဘာလ ၁၀ ရက်မှာ ရောက်လာနိုင်ဖွယ် မရှိဘူးလို့ သတိပေးထားပါတယ်။ Amazon ဈေးဝယ်သူတွေဆီ ပေးပို့တဲ့ အီးမေးလ်မှာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ ပစ္စည်းတွေ ရရှိမှပဲ လာမယ့်အပတ်အတွင်း တချို့ Xbox Series X ဂိမ်းစက်တွေကို ဖြန့်ချိပေးနိုင်မယ်လို့ အသိပေးထားပါတယ်။ ဒါကြောင့် ဒီဇင်ဘာလ ၃၁ ဒါမှမဟုတ် မတိုင်ခင်မှပဲ Xbox Series X ဂိမ်းစက်တွေ ပြန်လည် ပေးပို့နိုင်မယ်လို့ Amazon က ခန့်မှန်းခဲ့ပါတယ်။
အခု အီးမေးလ်တွေကို လူများစွာဆီ ပေးပို့နေပါတယ်။ Amazon ကနေ Xbox Series X ဂိမ်းစက်မှာယူထားသူအတွက် ဂိမ်းစက်မထွက်မီ တစ်ရက်အလိုမှာ သတိပေးစာ ပေးပို့ခဲ့ပါတယ်။
-စိုးထက်
Ref: TheVerge
»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««