Xbox Series S ဂိမ်းစက် ဈေးနှုန်းနဲ့ ဒီဇိုင်းဓာတ်ပုံ ထွက်ပေါ်

Microsoft က အသစ်ဖြန့်ချိမယ့် Xbox Series S ဂိမ်းစက် ဓာတ်ပုံကိုတော့ Thurrott ဝက်ဘ်ဆိုက်မှာ YouTuber နဲ့ သတင်းထောက်ဖြစ်သူ ဘရတ်ဆမ်က ထုတ်ဖော်ပြသလိုက်ပါတယ်။

Xbox Series S ဟာ အသစ်ထွက်ရှိမယ့် ဂိမ်းစက်သစ်ဖြစ်ပြီး ဈေးနှုန်းသက်သာကာ Xbox Series X ဂိမ်းစက်ထက် feature နည်းပါးပါတယ်။

Microsoft အနေနဲ့ Xbox Series X ဂိမ်းစက်ကို မပြသသေးပါဘူး။ သတင်းအရတော့ Xbox Series S ကတော့ ၂၉၉ ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««