Xbox, PlayStation တို႔နဲ႔ယွဥ္ၿပိဳင္မယ့္ ဂိမ္းစက္တစ္မ်ိဳး Google ဖန္တီးေန

[ Zawgyi ]

လြန္ခဲ့တဲ့ လအနည္းငယ္က Google ဟာ codenamed “Yeti” လို႔ေခၚတဲ့ ကိုယ္ပိုင္ game streaming ဝန္ေဆာင္မႈကို ဖန္တီးဖို႔ ႀကိဳးပမ္းေနတယ္ဆိုတဲ့ ေကာလာဟလသတင္းတစ္ရပ္ ထြက္ေပၚခဲ့တဲ့ေနာက္ အေမရိကန္နည္းပညာကုမၸဏီႀကီး အေနနဲ႔ ဂိမ္းေလာကထဲကို ဝင္ေရာက္ဖို႔ အသင့္ျပင္ေနတယ္ဆိုၿပီး လူအမ်ားက ခန္႔မွန္းခဲ့ၾကပါတယ္။

အခုအခါမွာေတာ့ Google ဟာ PlayStation ေရာ Xbox နဲ႔ပါ ယွဥ္ၿပိဳင္ႏိုင္မယ့္ ပလက္ေဖာင္းတစ္ခုကို ျဖန္႔ခ်ိဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့ သတင္းတစ္ရပ္ ထပ္မံေပၚထြက္လာပါတယ္။

Kotaku ဟာ Google ရဲ႕ ဗီဒီယိုဂိမ္းအစီအစဥ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္အမ်ားႀကီးကို မေဖာ္ျပခဲ့ေပမယ့္ streaming ပလက္ေဖာင္းအခ်ိဳ႕နဲ႔ hardware အမ်ိဳးအစားအခ်ိဳ႕ ပါဝင္ႏိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ကုမၸဏီအေနနနဲ႔ game developer ေတြကို ဝယ္ယူဖို႔ဆႏၵရိွေနေၾကာင္းလည္း ဆိုပါတယ္။

ဒီအခ်က္အလက္ေတြကို Google ရဲ႕အစီအစဥ္ေတြကိုသိရိွတဲ့ မတူညီတဲ့ သတင္းရင္းျမစ္ငါးခုကေန အတည္ျပဳထားတာ ျဖစ္ပါတယ္။

Google တာဝန္ရိွသူေတြဟာ ဒီႏွစ္ မတ္လကျပဳလုပ္ခဲ့တဲ့ Game Developers Conference မွာ နာမည္ေက်ာ္ ဗီဒီယိုဂိမ္းကုမၸဏီအခ်ိဳ႕နဲ႔ ေတြ႕ဆံုခဲ့တယ္လို႔ Kotaku က ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ Google ဟာ ေလာ့စ္အန္ဂ်လိစ္မွာျပဳလုပ္ခဲ့တဲ့ E3 2018 မွာ ေတြ႕ဆံုမႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ နည္းပညာကုမၸဏီႀကီးအေနနနဲ႔ game developer ေတြကို ဆြဲေဆာင္ရံုသာမကဘဲ ဂိမ္းစတူဒီယိုကိုပါ ဝယ္ယူဖို႔ စီစဥ္ေနတယ္လို႔ ယူဆပါတယ္။

-ေနာင္ေနာင္
Ref: Kotaku

[ Unicode ]

လွန်ခဲ့တဲ့ လအနည်းငယ်က Google ဟာ codenamed “Yeti” လို့ခေါ်တဲ့ ကိုယ်ပိုင် game streaming ဝန်ဆောင်မှုကို ဖန်တီးဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ကောလာဟလသတင်းတစ်ရပ် ထွက်ပေါ်ခဲ့တဲ့နောက် အမေရိကန်နည်းပညာကုမ္ပဏီကြီး အနေနဲ့ ဂိမ်းလောကထဲကို ဝင်ရောက်ဖို့ အသင့်ပြင်နေတယ်ဆိုပြီး လူအများက ခန့်မှန်းခဲ့ကြပါတယ်။

အခုအခါမှာတော့ Google ဟာ PlayStation ရော Xbox နဲ့ပါ ယှဉ်ပြိုင်နိုင်မယ့် ပလက်ဖောင်းတစ်ခုကို ဖြန့်ချိဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတစ်ရပ် ထပ်မံပေါ်ထွက်လာပါတယ်။

Kotaku ဟာ Google ရဲ့ ဗီဒီယိုဂိမ်းအစီအစဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်အများကြီးကို မဖော်ပြခဲ့ပေမယ့် streaming ပလက်ဖောင်းအချို့နဲ့ hardware အမျိုးအစားအချို့ ပါဝင်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီအနေနနဲ့ game developer တွေကို ဝယ်ယူဖို့ဆန္ဒရှိနေကြောင်းလည်း ဆိုပါတယ်။

ဒီအချက်အလက်တွေကို Google ရဲ့အစီအစဉ်တွေကိုသိရှိတဲ့ မတူညီတဲ့ သတင်းရင်းမြစ်ငါးခုကနေ အတည်ပြုထားတာ ဖြစ်ပါတယ်။

Google တာဝန်ရှိသူတွေဟာ ဒီနှစ် မတ်လကပြုလုပ်ခဲ့တဲ့ Game Developers Conference မှာ နာမည်ကျော် ဗီဒီယိုဂိမ်းကုမ္ပဏီအချို့နဲ့ တွေ့ဆုံခဲ့တယ်လို့ Kotaku က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Google ဟာ လော့စ်အန်ဂျလိစ်မှာပြုလုပ်ခဲ့တဲ့ E3 2018 မှာ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တာကြောင့် နည်းပညာကုမ္ပဏီကြီးအနေနနဲ့ game developer တွေကို ဆွဲဆောင်ရုံသာမကဘဲ ဂိမ်းစတူဒီယိုကိုပါ ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ယူဆပါတယ်။

-နောင်နောင်
Ref: Kotaku