Xbox One ေနရာဆက္ခံမယ့္ ဂိမ္းစက္သစ္ကို Microsoft ထုတ္ေဖာ္မိတ္ဆက္

[Zawgyi]

Microsoft ဟာ လွ်ိဳ႕ဝွက္အမည္ Scarlett ျဖစ္တဲ့ အသစ္ထြက္ရွိမယ့္ Xbox ဗီဒီယိုဂိမ္းစက္အသစ္ အေသးစိတ္အခ်က္အလက္ကုိ Electronic Entertainment Expo ဒါမွမဟုတ္ E3 ပြဲမတိုင္ခင္ ေလာ့အိန္ဂ်လိစ္ၿမိဳ႕မွာ မိတ္ဆက္ခဲ့ပါတယ္။ ထုတ္ကုန္သစ္ဟာ Xbox One X ထက္ ေလးဆ စြမ္းေဆာင္ရည္ေကာင္းမြန္ၿပီး AMD ခ်စ္ပ္ အသုံးျပဳထားပါတယ္။

ဂိမ္းစက္သစ္ဟာ တစ္စကၠန္႔ frame ၁၂၀ အထိ frame rate ျမင့္မားၿပီး သာမန္တီဗီထက္ frame rate ၂ ဆ ျမင့္မားလာပါတယ္။ ထုတ္ကုန္သစ္မွာ solid-state drive ပါဝင္တယ္လို႔ Microsoft ကေျပာခဲ့ပါတယ္။ ဒါေၾကာင့္ hard drive အေဟာင္းေတြထက္ ဂိမ္းေတြ load ျပဳလုပ္ရာမွာ ပိုမိုျမန္ဆန္ပါတယ္။

“ဂိမ္းစက္သစ္ကို Gaming အတြက္ ခ်ိန္ညိႇတည္ေဆာက္ထားတာျဖစ္တယ္” လို႔ Xbox အႀကီးအကဲ ဖီးလ္စပင္ဆာက ေျပာၾကားထားပါတယ္။

Xbox ထုတ္ကုန္သစ္ Halo Infinite အာကာသစစ္ပြဲဂိမ္းသစ္နဲ႔အတူ ျဖန္႔ခ်ိသြားမယ္လို႔ ကုမၸဏီေျပာၾကားထားပါတယ္။

Microsoft ရဲ႕ Xbox ဂိမ္းသစ္ကုိ လာမယ့္ႏွစ္အတြင္း ေရာင္းခ်သြားမွာျဖစ္ၿပီး ဗီဒီယိုဂိမ္းေလာကအတြက္ အေျပာင္းအလဲတစ္ရပ္ ျဖစ္လာႏိုင္ပါတယ္။ Microsoft နဲ႔ Sony ဟာ Xbox One နဲ႔ PlayStation 4 ထုတ္ကုန္ေတြေနရာ ဆက္ခံမယ့္ မ်ိဳးဆက္သစ္ဂိမ္းစက္ေတြကို ျဖန္႔ခ်ိမယ့္ အစီအစဥ္ကုိ ထုတ္ျပန္ေၾကညာထားပါတယ္။ ဒါေပမဲ့ ဂိမ္းစက္သစ္ေတြဟာ ဗီဒီယိုဂိမ္းေလာကကုိ ေျပာင္းလဲၿပီး ၿပိဳင္ဆုိင္မႈအသစ္ေတြ ျဖစ္ထြန္းလာႏိုင္ပါတယ္။

မတ္လအတြင္း Google ကလည္း Stadia လို႔အမည္ရတဲ့ ဂိမ္းဝန္ေဆာင္မႈသစ္ကုိ မိတ္ဆက္ခဲ့ပါတယ္။ အဲဒီဂိမ္းဝန္ေဆာင္မႈဟာ Netflix လိုမ်ိဳးျဖစ္ၿပီ အင္တာနက္ကေန ဂိမ္းေတြကုိ ကစားႏိုင္ေအာင္ ျပဳလုပ္ေပးပါတယ္။ Stadia အေနနဲ႔ ဂိမ္းစက္တစ္ခု သီးသန္႔မလိုဘဲ Google ကေန ဂိမ္းတစ္ခုကုိ ဝယ္ယူကစားႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ တီဗီေဘးနားမွာ ရွိေနမယ့္ဂိမ္းစက္ကုိ ေဘးကို တြန္းပုိ႔မယ့္ စိတ္ကူးျဖစ္ပါတယ္။

ဒါေပမဲ့ ဂိမ္းဝန္ေဆာင္မႈအတြက္ ကမ႓ာတစ္ဝန္းက အင္တာနက္ေတြက မကုိးစားရဘူးလို႔ ဂိမ္းထုတ္လုပ္သူေတြက ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ Microsoft နဲ႔ Sony တို႔က ကမ္းလွမ္းႏိုင္တဲ့အစိတ္အပုိင္းေတြ ရွိပါေသးတယ္။

စိုးထက္
Ref: CNET

[Unicode]

Microsoft ဟာ လျှို့ဝှက်အမည် Scarlett ဖြစ်တဲ့ အသစ်ထွက်ရှိမယ့် Xbox ဗီဒီယိုဂိမ်းစက်အသစ် အသေးစိတ်အချက်အလက်ကို Electronic Entertainment Expo ဒါမှမဟုတ် E3 ပွဲမတိုင်ခင် လော့အိန်ဂျလိစ်မြို့မှာ မိတ်ဆက်ခဲ့ပါတယ်။ ထုတ်ကုန်သစ်ဟာ Xbox One X ထက် လေးဆ စွမ်းဆောင်ရည်ကောင်းမွန်ပြီး AMD ချစ်ပ် အသုံးပြုထားပါတယ်။

ဂိမ်းစက်သစ်ဟာ တစ်စက္ကန့် frame ၁၂၀ အထိ frame rate မြင့်မားပြီး သာမန်တီဗီထက် frame rate ၂ ဆ မြင့်မားလာပါတယ်။ ထုတ်ကုန်သစ်မှာ solid-state drive ပါဝင်တယ်လို့ Microsoft ကပြောခဲ့ပါတယ်။ ဒါကြောင့် hard drive အဟောင်းတွေထက် ဂိမ်းတွေ load ပြုလုပ်ရာမှာ ပိုမိုမြန်ဆန်ပါတယ်။

“ဂိမ်းစက်သစ်ကို Gaming အတွက် ချိန်ညှိတည်ဆောက်ထားတာဖြစ်တယ်” လို့ Xbox အကြီးအကဲ ဖီးလ်စပင်ဆာက ပြောကြားထားပါတယ်။
Xbox ထုတ်ကုန်သစ် Halo Infinite အာကာသစစ်ပွဲဂိမ်းသစ်နဲ့အတူ ဖြန့်ချိသွားမယ်လို့ ကုမ္ပဏီပြောကြားထားပါတယ်။

Microsoft ရဲ့ Xbox ဂိမ်းသစ်ကို လာမယ့်နှစ်အတွင်း ရောင်းချသွားမှာဖြစ်ပြီး ဗီဒီယိုဂိမ်းလောကအတွက် အပြောင်းအလဲတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ Microsoft နဲ့ Sony ဟာ Xbox One နဲ့ PlayStation 4 ထုတ်ကုန်တွေနေရာ ဆက်ခံမယ့် မျိုးဆက်သစ်ဂိမ်းစက်တွေကို ဖြန့်ချိမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာထားပါတယ်။ ဒါပေမဲ့ ဂိမ်းစက်သစ်တွေဟာ ဗီဒီယိုဂိမ်းလောကကို ပြောင်းလဲပြီး ပြိုင်ဆိုင်မှုအသစ်တွေ ဖြစ်ထွန်းလာနိုင်ပါတယ်။

မတ်လအတွင်း Google ကလည်း Stadia လို့အမည်ရတဲ့ ဂိမ်းဝန်ဆောင်မှုသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဂိမ်းဝန်ဆောင်မှုဟာ Netflix လိုမျိုးဖြစ်ပြီ အင်တာနက်ကနေ ဂိမ်းတွေကို ကစားနိုင်အောင် ပြုလုပ်ပေးပါတယ်။ Stadia အနေနဲ့ ဂိမ်းစက်တစ်ခု သီးသန့်မလိုဘဲ Google ကနေ ဂိမ်းတစ်ခုကို ဝယ်ယူကစားနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ တီဗီဘေးနားမှာ ရှိနေမယ့်ဂိမ်းစက်ကို ဘေးကို တွန်းပို့မယ့် စိတ်ကူးဖြစ်ပါတယ်။

ဒါပေမဲ့ ဂိမ်းဝန်ဆောင်မှုအတွက် ကမ႓ာတစ်ဝန်းက အင်တာနက်တွေက မကိုးစားရဘူးလို့ ဂိမ်းထုတ်လုပ်သူတွေက ပြောခဲ့ပါတယ်။ ဒါကြောင့် Microsoft နဲ့ Sony တို့က ကမ်းလှမ်းနိုင်တဲ့အစိတ်အပိုင်းတွေ ရှိပါသေးတယ်။

စိုးထက်
Ref: CNET