Xbox keyboard နဲ႔ mouse အေထာက္အပံ့အတြက္ Microsoft နဲ႔ Razer ပူးေပါင္းေဆာင္ရြက္ေန

Microsoft ဟာ Xbox One ဂိမ္းစက္ေတြအတြက္ keyboard နဲ႔ mouse အေထာက္အပံ့ကို ဖန္တီးေနပါတယ္။
ေဆာ့ဖ္ဝဲကုမၸဏီႀကီးဟာ Razer နဲ႔ပူးေပါင္းၿပီး Xbox ဂိမ္းေတြအတြက္ Chroma RGB lighting ကို ေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္။ Chroma ဟာ ဂိမ္းကစားသူေတြကို keyboard တစ္ခုေပၚမွာ မီးအေရာင္မ်ိဳးစံုနဲ႔ ကစားေစႏိုင္ၿပီး Overwatch လို ဂိမ္းေတြမွာ ability cooldown ေတြကို ေစာင့္ၾကည့္တာမ်ိဳးအတြက္ အသံုးတည့္ေစပါတယ္။

Microsoft နဲ႔ Razer ဟာ သူတို႔ရဲ႕အစီအစဥ္ေတြကို ဒီႏွစ္အေစာပိုင္းက developer ေတြအတြက္ က်င္းပခဲ့တဲ့ Xfest ပြဲမွာ တင္ဆက္ခဲ့ပါတယ္။ Razer ဟာ Chroma lighting effect ေတြကို ဂိမ္းေတြမွာ ထည့္သြင္းဖို႔အတြက္ game developer ေတြကို ကုမၸဏီရဲ႕ API ေထာက္ပံ့ေပးဖို႔ စီစဥ္ေနပါတယ္။ Xbox One သံုးစြဲသူေတြအေနနဲ႔ အဆိုပါ အေထာက္အပံ့ကို Microsoft ရဲ႕ Xbox fall update နဲ႔အတူ ဒီႏွစ္ကုန္ပိုင္းမွာ စတင္အသံုးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။

Microsoft ဟာ wireless dongle ပါဝင္တဲ့ mouse အပါအဝင္ USB mouse အမ်ိဳးမ်ိဳးကို ေထာက္ပံ့ေပးသြားမွာ ျဖစ္ပါတယ္။ ကနဦးမွာ Bluetooth နဲ႔ custom mouse driver ေတြကို အေထာက္အပံ့မေပးဘူးလို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

Microsoft ဟာ Xbox One ဂိမ်းစက်တွေအတွက် keyboard နဲ့ mouse အထောက်အပံ့ကို ဖန်တီးနေပါတယ်။
ဆော့ဖ်ဝဲကုမ္ပဏီကြီးဟာ Razer နဲ့ပူးပေါင်းပြီး Xbox ဂိမ်းတွေအတွက် Chroma RGB lighting ကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ Chroma ဟာ ဂိမ်းကစားသူတွေကို keyboard တစ်ခုပေါ်မှာ မီးအရောင်မျိုးစုံနဲ့ ကစားစေနိုင်ပြီး Overwatch လို ဂိမ်းတွေမှာ ability cooldown တွေကို စောင့်ကြည့်တာမျိုးအတွက် အသုံးတည့်စေပါတယ်။

Microsoft နဲ့ Razer ဟာ သူတို့ရဲ့အစီအစဉ်တွေကို ဒီနှစ်အစောပိုင်းက developer တွေအတွက် ကျင်းပခဲ့တဲ့ Xfest ပွဲမှာ တင်ဆက်ခဲ့ပါတယ်။ Razer ဟာ Chroma lighting effect တွေကို ဂိမ်းတွေမှာ ထည့်သွင်းဖို့အတွက် game developer တွေကို ကုမ္ပဏီရဲ့ API ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။ Xbox One သုံးစွဲသူတွေအနေနဲ့ အဆိုပါ အထောက်အပံ့ကို Microsoft ရဲ့ Xbox fall update နဲ့အတူ ဒီနှစ်ကုန်ပိုင်းမှာ စတင်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Microsoft ဟာ wireless dongle ပါဝင်တဲ့ mouse အပါအဝင် USB mouse အမျိုးမျိုးကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ကနဦးမှာ Bluetooth နဲ့ custom mouse driver တွေကို အထောက်အပံ့မပေးဘူးလို့ သိရပါတယ်။

-နောင်နောင်
Ref: TheVerge