Xbox 360 အတြက္ system update သစ္တစ္ခုကို ျဖန္႔ခ်ိခဲ့

[Zawgyi]

Microsoft ဟာ ၂ႏွစ္ေက်ာ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ Xbox 360 အတြက္ system update တစ္ခုကုိ ျဖန္႔ခ်ိေပးလုိက္ပါတယ္။ Xbox 360 ရဲ႕ update သစ္မွာ အေသးစား bug ကိုျပင္ဆင္ေပးၿပီး အဆင့္ျမႇင့္တင္မႈ ပါဝင္လာပါတယ္။ Microsoft အေနနဲ႔ Xbox 360 ကိုဆက္လက္ေထာက္ပံ့မႈေပးေနတာ ေတြ႕ရပါတယ္။

Xbox 360 အတြက္ေနာက္ဆုံး update ကုိ ၂၀၁၆ခုႏွစ္ မတ္လ ၂၉ရက္မွာ ျဖန္႔ခ်ိေပးခဲ့ပါတယ္။ Xbox 360 ဂိမ္းစက္ထုတ္လုပ္မႈကို အဆုံးသတ္သြားမယ္လို႔ Microsoft ကမေၾကညာခင္ တစ္လအလိုမွာ ျဖစ္ပါတယ္။

Xbox 360 ဂိမ္းစက္မွာ Xbox Live နဲ႔ Marketplace အျပင္အျခားအရာေတြ ေထာက္ပံ့မႈတို႔ ဆက္လက္ပါဝင္လာပါတယ္။ Xbox One ရဲ႕ backward compatibility နဲ႔ ဂိမ္းစက္အလုံးေရ မ်ားျပားလာတာေၾကာင့္ ဂိမ္းစက္ေဟာင္း Xbox 360 လုပ္ေဆာင္ခ်က္အမ်ားအျပားဟာ ဂိမ္းစက္သစ္ထဲ ေရာက္ရွိကုန္ပါတယ္။ Xbox One နဲ႔ Xbox 360 ဂိမ္းေတြအၾကားက Backward compatibility feature ကို E3 2015 မွာေၾကညာခဲ့ပါတယ္။ အဲဒီ feature ဟာအဓိက feature ျဖစ္လာၿပီး Xbox 360 ကဂိမ္းေတြကုိ ဂိမ္းစက္သစ္ Xbox One မွာကစားႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ ဂိမ္းေပါင္း ၅၀၀ေက်ာ္ေထာက္ပံ့မႈေပးထားပါတယ္။

စိုးထက္
Ref: Polygon

[Unicode]

Microsoft ဟာ ၂နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် Xbox 360 အတွက် system update တစ်ခုကို ဖြန့်ချိပေးလိုက်ပါတယ်။ Xbox 360 ရဲ့ update သစ်မှာ အသေးစား bug ကိုပြင်ဆင်ပေးပြီး အဆင့်မြှင့်တင်မှု ပါဝင်လာပါတယ်။ Microsoft အနေနဲ့ Xbox 360 ကိုဆက်လက်ထောက်ပံ့မှုပေးနေတာ တွေ့ရပါတယ်။

Xbox 360 အတွက်နောက်ဆုံး update ကို ၂၀၁၆ခုနှစ် မတ်လ ၂၉ရက်မှာ ဖြန့်ချိပေးခဲ့ပါတယ်။ Xbox 360 ဂိမ်းစက်ထုတ်လုပ်မှုကို အဆုံးသတ်သွားမယ်လို့ Microsoft ကမကြေညာခင် တစ်လအလိုမှာ ဖြစ်ပါတယ်။

Xbox 360 ဂိမ်းစက်မှာ Xbox Live နဲ့ Marketplace အပြင်အခြားအရာတွေ ထောက်ပံ့မှုတို့ ဆက်လက်ပါဝင်လာပါတယ်။ Xbox One ရဲ့ backward compatibility နဲ့ ဂိမ်းစက်အလုံးရေ များပြားလာတာကြောင့် ဂိမ်းစက်ဟောင်း Xbox 360 လုပ်ဆောင်ချက်အများအပြားဟာ ဂိမ်းစက်သစ်ထဲ ရောက်ရှိကုန်ပါတယ်။ Xbox One နဲ့ Xbox 360 ဂိမ်းတွေအကြားက Backward compatibility feature ကို E3 2015 မှာကြေညာခဲ့ပါတယ်။ အဲဒီ feature ဟာအဓိက feature ဖြစ်လာပြီး Xbox 360 ကဂိမ်းတွေကို ဂိမ်းစက်သစ် Xbox One မှာကစားနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဂိမ်းပေါင်း ၅၀၀ကျော်ထောက်ပံ့မှုပေးထားပါတယ်။

စိုးထက်
Ref: Polygon