Xbox အဖြူရောင် ဂိမ်းခလုတ် အွန်လိုင်းမှာ ထွက်ပေါ်

Xbox Series X ဂိမ်းအသစ်တစ်မျိုး အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ရက်အတွင်း Reddit ပေါ်က အဖြူရောင်ဂိမ်းခလုတ် ဓာတ်ပုံ ပေါ်လာပါတယ်။

နောက်ပိုင်းမှာ ဓာတ်ပုံတင်သူက ပုံနဲ့ account ကိုဖျက်သွားပါတယ်။ ဂိမ်းခလုတ်ဓာတ်ပုံကို Microsoft ဝန်ထမ်းတစ်ဦးရဲ့ ကလေးတစ်ဦးက ပြုလုပ်တဲ့ ပါတီမှာ ရိုက်ထားတာလို့ Wolfy Wizzardo ဆိုတဲ့ Reddit သုံးစွဲသူကပြောပါတယ်။

အခု ခလုတ်မှာ Xbox Series X ဂိမ်းက D-pad အသစ်နဲ့အတူ share ခလုတ်သစ်လည်း ပါဝင်လာပါတယ်။ အဖြူရောင် ဂိမ်းခလုတ်သစ်က ဒုတိယမျိုးဆက် Xbox ဂိမ်းစက်ကို ရည်ညွှန်းတာလို့ တချို့က ခန့်မှန်းထားပါတယ်။

Microsoft အနေနဲ့ ဩဂုတ်လအတွင်း ဒုတိယမြောက်မျိုးဆက် ဈေးသက်သာတဲ့ Xbox ဂိမ်းစက် (လျှို့ဝှက်အမည် Lockhart) ကိုလည်း မိတ်ဆက်မယ်လို့ ကောလာဟလ ထွက်လာပါတယ်။

-စိုးထက်
Ref: TheVerge