
စမတ်ဖုန်းကုမ္ပဏီတွေက လူအများနှစ်သက်ကြတဲ့ TWS (ကြိုးမဲ့) နားကြပ်တွေကို ပိုမိုထုတ်လုပ်လိုကြပါတယ်။ Vivo ကလည်း TWS Neo နားကြပ်ကို ထုတ်လုပ်ဖွယ်ရှိပါတယ်။ TWS Neo နားကြပ်က မနှစ်ကထွက်ရှိခဲ့တဲ့ vivo TWS နားကြပ်ထက် ဈေးနှုန်းသက်သာပါတယ်။
TWS Neo ဒီဇိုင်းပိုင်းက အရင်ကထွက်ထားတဲ့ ကြိုးမဲ့နားကြပ်တွေနဲ့ ဆင်ပြီး in-ear ညှာတံတစ်ခုပါဝင်သလို ဘဲဥပုံသဏ္ဍာန် case တစ်ခုပါဝင်လာပါတယ်။ အရောင်ကတော့ အဖြူနဲ့ နက်ပြာ ၂မျိုး ထွက်ရှိလာနိုင်ပါတယ်။ ထုတ်ကုန်ဗီဒီယို ကြော်ငြာတစ်ခုအရ အသံအရည်အသွေးကောင်းမွန်ပြီး latency နည်းပါးဖွယ်ရှိပါတယ်။ TWS Neo ဟာ vivo X50 စမတ်ဖုန်းနဲ့အထူ ဇွန် ၁ရက်နေ့မှာ ထွက်လာနိုင်ပါတယ်။
-စိုးထက်
Ref: GSMArena