X Series Mirrorless ဒီဂျစ်တယ်ကင်မရာဖြစ်သော ဖူဂျီဖလင် X-T 100 မိတ်ဆက်

[ Zawgyi ]




-ဝေဝေ

[ Unicode ]

X Series Mirrorless ဒီဂျစ်တယ်ကင်မရာဖြစ်တဲ့ ဖူဂျီဖလင် X-T 100 မိတ်ဆက်ခြင်းအခမ်းအနားကို ဇွန်လ ၂၇ ရက်က Pan Pacific Yangon မှာကျင်းပခဲ့ပါတယ်။

ဓာတ်ပုံရိုက်ခြင်းနဲ့ ဓာတ်ပုံကိုချစ်မြတ်နိုးတဲ့ လူငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ Electronic Viewfinder တပ်ဆင်ထားပြီး ရုပ်ထွက်ကောင်းမွန်စေသလို 24.2 megapixel APS-C CMOS Sensor ကိုပေါင်းစပ်ထားတယ်လို့ သိရပါတယ်။ 4K Video Recording ကိုပံ့ပိုးရန်နဲ့ ရွေ့လျားပုံရိပ်များကို ရိုက် ကူးရန်အတွက် Touch Screen Control နဲ့ လျင်မြန်တဲ့ အလိုအလျောက် Focus စနစ်တို့ ပါဝင်တယ်လို့ သိရပါတယ်။

Self-Portraits ရိုက်ကူးခြင်းနဲ့ မတူညီတဲ့ လုပ်ဆောင်မှုတွေကို ဘက်စုံသုံးနိုင်စေရန်အတွက် ရေပြင်ညီ စောင်းပြီးလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လွယ်ကူလျင်မြန်စွာနဲ့ အလိုအလျောက် လွှဲပြောင်းပေးတဲ့ Bluetooth ဆက်သွယ်မှုစနစ်လည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။

-ဝေဝေ