WWDC 2020 ပွဲအချိန်ဇယားကို Apple ထုတ်ပြန်

Apple ဟာ ပထမဆုံး ဒီဂျစ်တယ်မှာ ပြုလုပ်မယ့် WWDC 2020 ပွဲ အချိန်ဇယားကို ထုတ်ပြန်လိုက်ပါတယ်။ ဒီဂျစ်တယ်မှာ ပြုလုပ်မယ့် WWDC ပွဲဟာ ဒီနှစ်ရဲ့အကြီးမားဆုံးပွဲဖြစ်ပြီး developer အခမဲ့တက်ရောက်နိုင်မယ်လို့ Apple ကပြောခဲ့ပါတယ်။

WWDC ပွဲအတွက် အဓိကအချက်တွေကို ဇွန် ၂၂ ပစိဖိတ်အချိန် နံနက် ၁၀ နာရီမှာ ပြုလုပ်ပြီး Apple Park ကနေတိုက်ရိုက်ထုတ်လွှင့်သွားပါမယ်။ Developer တွေနဲ့ Apple သုံးစွဲသူတွေက Apple.com, Apple Developer app, Apple Developer ဝက်ဘ်ဆိုက်နဲ့ Apple TV အပြင် YouTube မှာပွဲကို ကြည့်ရှုနိုင်ပါတယ်။

WWDC 2020 ပွဲကို ဇွန်လ ၂၃ ကနေ ၂၆ အထိ ပြုလုပ်ပါမယ်။ ပွဲအတွင်း နည်းပညာနဲ့ ဒီဇိုင်းအလေးပေး အင်ဂျင်နီယာပိုင်း ဆွေးနွေးမှု ၁၀၀ကျော် ကျင်းပဖို့ Apple ကစီစဉ်ထားပါတယ်။ ပစိတ်ဖိတ်အချိန် နံနက် ၁၀နာရီတိုင်း Apple Developer app နဲ့ Apple Developer ဝက်ဘ်ဆိုက်မှာ ဗီဒီယိုအသစ်တွေ တင်သွားမယ်လို့ သိရပါတယ်။

ဇွန်လ ၁၈ရက်မှာတော့ Apple Developer Forums အသစ်တွေအားလုံးကို Apple ထုတ်ဖော်မိတ်ဆက်ပြီး နည်းပညာဆိုင်ရာအမေးအဖြေကို Apple အင်ဂျင်နီယာ ၁,၀၀၀ကျော်နဲ့ ပြုလုပ်နိုင်မယ်။ WWDC ပွဲစတင်ကျင်းပတဲ့နေ့မှာ လူတိုင်းက ဖိုရမ်ဆွေးနွေးပွဲကို ရှာဖွေကြည့်ရှုနိုင်ပါတယ်။ Apple Developer ပရိုဂရမ်အဖွဲ့ဝင်တွေပဲ မေးခွန်းမေးနိုင်ပါတယ်။

-စိုးထက်
Ref: ‌MacRumors